ကိုယ္တိုင္ လုပ္စားလို႔လည္းရ၊ တနိုင္တပိုင္ စီးပြားျဖစ္လည္း လုပ္လို႔ရတဲ့ ေက်ာက္ဖ႐ုံယိုျပဳလုပ္နည္း

ကိုယ္တိုင္ လုပ္စားလို႔လည္းရ၊ တပိုင္တနိုင္ စီးပြားျဖစ္လုပ္လို႔လည္းရ၊ ဖ႐ုံယိုျပဳလုပ္နည္းေလး မွ်ေဝေပးလိုက္ပါတယ္။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) ေက်ာက္ဖရံုယို လုပ္နည္း။ ။ ပါ၀င္စၥည္းမ်ားကေတာ့-

အေတာ္ေလးရင့္ေသာ ေက်ာက္ဖရံုသီး- ကီလိုဝက္(၃၂က်ပ္သားခြဲခန္႔)၊ ထုေခ်ထားေသာ ေက်ာက္ခ်ဥ္ (alum)– လက္ဖက္ရည္ဇြန္း ၁ဇြန္းခန္႔၊ ကြမ္းစားထံုး(lime stone or Chuna or Choona) –လက္ဖက္ရည္ဇြန္း ၁ဇြန္းခန္႔၊ ေရ –10 cups(2500 ml)၊ သၾကား– 2 cups(500 ml)

သံပုရာရည္ – လက္ဖက္ရည္ဇြန္း ၁ ဇြန္းခြဲ။ ျပင္ဆင္ ျပဳလုပ္နည္း- ေရ 5 cups(1250 ml)ထဲ ထံုးနွင့္ ေက်ာက္ခ်ဥ္ ထည့္ကာ ထံုးမ်ားေပ်ာ္ေအာင္ ေဖ်ာ္ထားပါ။ လွီးၿပီးသည့္ ေက်ာက္ဖရံုသီးမ်ားကို ေဖ်ာ္ထားသည့္ ထံုး၊ ေက်ာက္ခ်ဥ္ရည္ထဲထည့္ကာ အဖံုးဖံုးၿပီး ၆ နာရီခန္႔ထားပါ။

အိုးအဖံုး မဖံုးပဲ high heatျဖင့္ ၃မိနစ္ တည္ထားပါ။ (ေရျပန္ဆူလာလွ်င္ အနည္းငယ္ေမႊေပးပါ။) ျပီးလွ်င္ ခ်က္ခ်င္း ေရေအးျဖင့္ လံုးဝေအးသြားသည္အထိေဆးကာ၊ ေရကုန္ေအာင္ စစ္ၿပီးေနာက္ အနည္းငယ္ေျခာက္သြားေအာင္ paper towel(သို႔) စကၠဴေပၚ ၁နာရီခန္႔ ျဖန္႔ထားေပးပါ။

၁နာရီခန္႔ ျဖန္႔ထားၿပီးေနာက္ ေက်ာက္ဖရံုသီးနွင့္ သၾကားကို ဇလံုထဲထည့္ၿပီး နွံ႔သြားေအာင္ ခပ္ဖြဖြေမႊကာ အဖံုးဖံုးၿပီး သၾကားရည္မ်ား ဖရံုသီးထဲစိမ့္ဝင္ေအာင္ တစ္ညအိပ္ထားပါ။ (ေရလံုးဝမထည့္ရပါ။) ေနာက္တစ္ေန႔မနက္တြင္ ေပ်ာ္ေနေသာ သၾကားရည္နွင့္ သၾကားရည္မ်ား

စိမ့္ဝင္ေနေသာ ေက်ာက္ဖရံုသီး ၾကည္ၾကည္ေလးမ်ားကို ေတြ႔ရမွာျဖစ္ပါတယ္။ ဖရုံသီးဖတ္မ်ားကို မကပ္သည့္အိုးထဲထည့္ကာ medium high heatျဖင့္ မိနစ္ ၂၀ခန္႔ တည္ထားပါ။ သံပုရာရည္ကို ျဖန္႔ၿပီးထည့္ေပးပါ။ သၾကားရည္မ်ားပူၿပီး အနည္းငယ္ စပြက္လာလွ်င္

အိုးကပ္ၿပီး မတူးေအာင္ မၾကာခဏေမႊေပးဖို႔ လိုပါတယ္။ မိနစ္ ၂၀ခန္႔(သို႔) သၾကားရည္မ်ား ေကာ္ရည္ကဲ့သို႔ ပ်စ္လာသည္နွင့္ medium low heatသို႔ေလွ်ာ့ကာ တတ္ႏိူင္သမွ် တစ္အိုးလံုး နွ႔ံေအာင္ျခစ္ၿပီး အဆက္မျပတ္ေမႊေပးပါ။ (သၾကားနွင့္ ေက်ာက္ဖရံုသီးမ်ား အိုးျဖင့္ကပ္ကာ

တူးၿပီး ေရႊဝါေရာင္ေျပာင္းသြားတတ္၍ အိုးကို ျခစ္ၿပီးေမႊေပးဖို႔လိုပါတယ္။) ၃မိနစ္ခန္႔ၾကာလွ်င္(သို႔) သၾကားအတံုးအခဲမ်ား စျဖစ္လာလွ်င္(သၾကားက ခပ္ထန္႔ထန္႔အေနအထားပါ) low heatသို႔ေလွ်ာ့ကာ ၂မိနစ္ခန္႔ အဆက္မျပတ္ေမႊေပးပါ။ (ေမႊရတာ လြယ္ကူျမန္ဆန္ေစရန္

spatula ကိုေျပာင္းသံုးထားပါတယ္။) သၾကားမ်ား ခပ္ထန္႔ထန္႔ျဖစ္မေနေတာ့ပဲ လံုးဝေျခာက္သြားလွ်င္ ဆက္ၿပီးမပူေနေစရန္ ဒယ္အိုးမွဖယ္ၿပီး လင္ဗန္းတစ္ခ်ပ္ထဲ ျဖန္႔ထည့္၍ အေအးခံထားပါ။ ေအးသြားၿပီးေနာက္ ၾကြပ္ၾကြပ္ေလးနွင့္ သၾကားရည္ဝေနေသာ ေက်ာက္ဖရံုယိုေလး

အရသာရိွစြာ သံုးေဆာင္ႏိူင္ပါၿပီ။ အပိုထြက္လာတဲ့ သၾကားေတြ ဘာလုပ္ရမွာလည္းမသိျဖစ္ေနရင္ေတာ့ ေက်ာက္ဖရံုယိုနဲ႔ ေရာၿပီး သိမ္းထားတယ္လို႔ ရပါတယ္ေနာ္။ အခ်ိန္ေပးဖတ္႐ႈေပးၾကတဲ့ စာဖတ္ပရိသတ္အေပါင္းအား ေက်းဇူးအထူးတင္႐ွိပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ကိုယ်တိုင် လုပ်စားလို့လည်းရ၊ တပိုင်တနိုင် စီးပွားဖြစ်လုပ်လို့လည်းရ၊ ဖရုံယိုပြုလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ကျောက်ဖရုံယို လုပ်နည်း။ ။ ပါဝင်စ္စည်းများကတော့-

အတော်လေးရင့်သော ကျောက်ဖရုံသီး- ကီလိုဝက်(၃၂ကျပ်သားခွဲခန့်)၊ ထုချေထားသော ကျောက်ချဉ် (alum)– လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့်၊ ကွမ်းစားထုံး(lime stone or Chuna or Choona) –လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့်၊ ရေ –10 cups(2500 ml)၊ သကြား– 2 cups(500 ml)

သံပုရာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ။ ပြင်ဆင် ပြုလုပ်နည်း- ရေ 5 cups(1250 ml)ထဲ ထုံးနှင့် ကျောက်ချဉ် ထည့်ကာ ထုံးများပျော်အောင် ဖျော်ထားပါ။ လှီးပြီးသည့် ကျောက်ဖရုံသီးများကို ဖျော်ထားသည့် ထုံး၊ ကျောက်ချဉ်ရည်ထဲထည့်ကာ အဖုံးဖုံးပြီး ၆ နာရီခန့်ထားပါ။

အိုးအဖုံး မဖုံးပဲ high heatဖြင့် ၃မိနစ် တည်ထားပါ။ (ရေပြန်ဆူလာလျှင် အနည်းငယ်မွှေပေးပါ။) ပြီးလျှင် ချက်ချင်း ရေအေးဖြင့် လုံးဝအေးသွားသည်အထိဆေးကာ၊ ရေကုန်အောင် စစ်ပြီးနောက် အနည်းငယ်ခြောက်သွားအောင် paper towel(သို့) စက္ကူပေါ် ၁နာရီခန့် ဖြန့်ထားပေးပါ။

၁နာရီခန့် ဖြန့်ထားပြီးနောက် ကျောက်ဖရုံသီးနှင့် သကြားကို ဇလုံထဲထည့်ပြီး နှံ့သွားအောင် ခပ်ဖွဖွမွှေကာ အဖုံးဖုံးပြီး သကြားရည်များ ဖရုံသီးထဲစိမ့်ဝင်အောင် တစ်ညအိပ်ထားပါ။ (ရေလုံးဝမထည့်ရပါ။) နောက်တစ်နေ့မနက်တွင် ပျော်နေသော သကြားရည်နှင့် သကြားရည်များ

စိမ့်ဝင်နေသော ကျောက်ဖရုံသီး ကြည်ကြည်လေးများကို တွေ့ရမှာဖြစ်ပါတယ်။ ဖရုံသီးဖတ်များကို မကပ်သည့်အိုးထဲထည့်ကာ medium high heatဖြင့် မိနစ် ၂၀ခန့် တည်ထားပါ။ သံပုရာရည်ကို ဖြန့်ပြီးထည့်ပေးပါ။ သကြားရည်များပူပြီး အနည်းငယ် စပွက်လာလျှင်

အိုးကပ်ပြီး မတူးအောင် မကြာခဏမွှေပေးဖို့ လိုပါတယ်။ မိနစ် ၂၀ခန့်(သို့) သကြားရည်များ ကော်ရည်ကဲ့သို့ ပျစ်လာသည်နှင့် medium low heatသို့လျှော့ကာ တတ်နိူင်သမျှ တစ်အိုးလုံး နှံ့အောင်ခြစ်ပြီး အဆက်မပြတ်မွှေပေးပါ။ (သကြားနှင့် ကျောက်ဖရုံသီးများ အိုးဖြင့်ကပ်ကာ

တူးပြီး ရွှေဝါရောင်ပြောင်းသွားတတ်၍ အိုးကို ခြစ်ပြီးမွှေပေးဖို့လိုပါတယ်။) ၃မိနစ်ခန့်ကြာလျှင်(သို့) သကြားအတုံးအခဲများ စဖြစ်လာလျှင်(သကြားက ခပ်ထန့်ထန့်အနေအထားပါ) low heatသို့လျှော့ကာ ၂မိနစ်ခန့် အဆက်မပြတ်မွှေပေးပါ။ (မွှေရတာ လွယ်ကူမြန်ဆန်စေရန်

spatula ကိုပြောင်းသုံးထားပါတယ်။) သကြားများ ခပ်ထန့်ထန့်ဖြစ်မနေတော့ပဲ လုံးဝခြောက်သွားလျှင် ဆက်ပြီးမပူနေစေရန် ဒယ်အိုးမှဖယ်ပြီး လင်ဗန်းတစ်ချပ်ထဲ ဖြန့်ထည့်၍ အအေးခံထားပါ။ အေးသွားပြီးနောက် ကြွပ်ကြွပ်လေးနှင့် သကြားရည်ဝနေသော ကျောက်ဖရုံယိုလေး

အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။ အပိုထွက်လာတဲ့ သကြားတွေ ဘာလုပ်ရမှာလည်းမသိဖြစ်နေရင်တော့ ကျောက်ဖရုံယိုနဲ့ ရောပြီး သိမ်းထားတယ်လို့ ရပါတယ်နော်။ အချိန်ပေးဖတ်ရှုပေးကြတဲ့ စာဖတ်ပရိသတ်အပေါင်းအား ကျေးဇူးအထူးတင်ရှိပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *