အစၥေရးနည္းပညာအသုံးျပဳ၍ စမ္းသပ္စိုက္ပ်ိဳးထားေသာ Green House ခရမ္းခ်ဥ္စိုက္ပ်ိဳးမႈ (၈၀)ရာခိုင္ႏႈန္း ေအာင္ျမင္ဟုဆို

အစၥေရးနည္းပညာ အသုံးျပဳ၍ စမ္းသပ္စိုက္ပ်ိဳးထားေသာ Green House ခရမ္းခ်ဥ္စိုက္ပ်ိဳးမႈ (၈၀)ရာခိုင္ႏႈန္း ေအာင္ျမင္ဟုဆို။ (Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) ဂန႔္ေဂါ ဇန္နဝါရီ ၃။ မေကြးတိုင္းေဒသႀကီး ဂန႔္‌​ေဂါခရိုင္

ပုပၸကိုင္းေက်း႐ြာ ေယာေခ်ာင္းေဘး၌ အစၥေရးနည္းပညာ Green House အမိုးအကာေအာက္တြင္ စိုက္ပ်ိဳးျခင္းျဖင့္ စမ္းသပ္ စိုက္ပ်ိဳးထားေသာ ခရမ္းခ်ဥ္သီးမ်ားမွာ ၈၀ ရာခိုင္ႏႈန္း ေအာင္ျမင္ေနေၾကာင္း​ ယင္းနည္းပညာအား မေကြးတိုင္း ေဒသႀကီး မေကြး၊ နတ္ေမာက္၊ ေရနံေခ်ာင္းမွ

ပင္း​ေခ်ာင္း ယင္းေခ်ာင္းမွ ေတာင္သူမ်ား အထူးစိတ္ဝင္စား​​ၿပီး လာေရာက္ေလ့လာလိုသည္ဟု ဆက္သြယ္လာေၾကာင္း စိုက္ပ်ိဳးသူ စိုက္ပ်ိဳးေရးသိပၸံေက်ာင္းဆင္း ကိုေဇာ္ေဇာ္ ထက္ထံမွ သိရသည္။ “ငဘစ္-၁၉ ကမာၻ႔ကပ္ေရာဂါေၾကာင့္ ကြၽန္ေတာ္ အစၥေရးကို မသြားရဘူး။

ဒီရက္ပိုင္းမွာဆို တစ္ေန႔ ပိႆာခ်ိန္ ၃၀ေက်ာ္ ၄၀ေလာက္ရပါတယ္။ ဓာတုပိုးသတ္ေဆးကိုလည္း လုံးဝ သုံးမထားပါဘူး။ ေအာ္ဂဲနစ္နည္းစနစ္ေပါ့ဗ်ာ။ အေစာပိုင္းကဆို တစ္ပိႆာ ေငြက်ပ္ ၁၅၀၀ ေရာင္းရတယ္။ အခုေတာ့ ခရမ္းခ်ဥ္သီးရာသီခ်ိန္ဆိုေတာ့ အျခားသီးေတြ တစ္ပိႆာ

ေငြက်ပ္ ၅၀၀ ေလာက္ပဲရွိေပမယ့္ ကြၽန္ေတာ့္အသီးက ေငြက်ပ္ ၁၂၀၀ေလာက္ ေရာင္းရတယ္။ ထိုင္ဝမ္မ်ိဳး ျဖစ္ေပမယ့္ ခရမ္းခ်ဥ္သီးက အခ်ဥ္ဓာတ္ကေလးပါတယ္။ ခ်က္ရင္ ေၾကလြယ္တယ္။ ဓာတုလြတ္ဆိုေတာ့ စားသုံးသူက သေဘာက်ၾကပါတယ္” ဟုကိုေဇာ္ေဇာ္ထက္က ေျပာသည္။

“ကြၽန္ေတာ္တို႔ မေကြးတိုင္းေဒသႀကီးထဲက ေရနံေခ်ာင္း၊ မေကြး၊ နတ္ေမာက္ခရမ္းခ်ဥ္စိုက္ ေတာင္သူေတြကလည္း Green Houseစိုက္နည္းစနစ္နဲ႔ ကိုင္းကြၽန္းေျမ၊ ေခ်ာင္းေျမေတြမွာ စိုက္ခ်င္လို႔ ေမးျမန္းဆက္သြယ္ေနၾကပါၿပီ။ နည္းပညာဖလွယ္ၾကတာေပါ့”ဟု ၎က

ဆက္လက္ေျပာ​သည္။ အဆိုပါ Green Houseနည္းပညာျဖင့္ စိုက္ပ်ိဳးျခင္းကို မႏၲေလးတိုင္း‌ေဒသႀကီး ေက်ာက္ဆည္ခရိုင္ ျမစ္သား ၿမိဳ႕နယ္၌ရွိသည့္ Food Safety အဖြဲ႕က နည္းပညာ အႀကံေပးထားသည္ဟု သိရသည္။ ထြက္ရွိလာေသာ ခရမ္းခ်ဥ္သီးမ်ားကို မႏၲေလး​ေအာ္ဂဲနစ္

သီးႏွံ​ေဈးကြက္ႏွင့္ ေယာ‌​ေဒသအတြင္း ဝယ္လိုအား ျမင့္တက္ေနသည္ဟု သိရသည္။ ထို႔အျပင္ Green House နည္းပညာကို ‌မေကြးတိုင္းေဒသႀကီးအတြင္း ေတာင္သူမ်ား သာမက စိုက္ပ်ိဳးလိုသူမ်ားကို နည္းပညာမ်ား ျဖန႔္‌‌​ေဝေပး မည္​​ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။ မေကြးဝင္းေမာင္ ေလးစားစြာျဖင့္ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

အစ္စရေးနည်းပညာ အသုံးပြု၍ စမ်းသပ်စိုက်ပျိုးထားသော Green House ခရမ်းချဉ်စိုက်ပျိုးမှု (၈၀)ရာခိုင်နှုန်း အောင်မြင်ဟုဆို။ ဂန့်ဂေါ ဇန်နဝါရီ ၃။ မကွေးတိုင်းဒေသကြီး ဂန့်‌ဂေါခရိုင်

ပုပ္ပကိုင်းကျေးရွာ ယောချောင်းဘေး၌ အစ္စရေးနည်းပညာ Green House အမိုးအကာအောက်တွင် စိုက်ပျိုးခြင်းဖြင့် စမ်းသပ် စိုက်ပျိုးထားသော ခရမ်းချဉ်သီးများမှာ ၈၀ ရာခိုင်နှုန်း အောင်မြင်နေကြောင်း ယင်းနည်းပညာအား မကွေးတိုင်း ဒေသကြီး မကွေး၊ နတ်မောက်၊ ရေနံချောင်းမှ

ပင်းချောင်း ယင်းချောင်းမှ တောင်သူများ အထူးစိတ်ဝင်စားပြီး လာရောက်လေ့လာလိုသည်ဟု ဆက်သွယ်လာကြောင်း စိုက်ပျိုးသူ စိုက်ပျိုးရေးသိပ္ပံကျောင်းဆင်း ကိုဇော်ဇော် ထက်ထံမှ သိရသည်။ “ငဘစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကျွန်တော် အစ္စရေးကို မသွားရဘူး။

ဒီရက်ပိုင်းမှာဆို တစ်နေ့ ပိဿာချိန် ၃၀ကျော် ၄၀လောက်ရပါတယ်။ ဓာတုပိုးသတ်ဆေးကိုလည်း လုံးဝ သုံးမထားပါဘူး။ အော်ဂဲနစ်နည်းစနစ်ပေါ့ဗျာ။ အစောပိုင်းကဆို တစ်ပိဿာ ငွေကျပ် ၁၅၀၀ ရောင်းရတယ်။ အခုတော့ ခရမ်းချဉ်သီးရာသီချိန်ဆိုတော့ အခြားသီးတွေ တစ်ပိဿာ

ငွေကျပ် ၅၀၀ လောက်ပဲရှိပေမယ့် ကျွန်တော့်အသီးက ငွေကျပ် ၁၂၀၀လောက် ရောင်းရတယ်။ ထိုင်ဝမ်မျိုး ဖြစ်ပေမယ့် ခရမ်းချဉ်သီးက အချဉ်ဓာတ်ကလေးပါတယ်။ ချက်ရင် ကြေလွယ်တယ်။ ဓာတုလွတ်ဆိုတော့ စားသုံးသူက သဘောကျကြပါတယ်” ဟုကိုဇော်ဇော်ထက်က ပြောသည်။

“ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးထဲက ရေနံချောင်း၊ မကွေး၊ နတ်မောက်ခရမ်းချဉ်စိုက် တောင်သူတွေကလည်း Green Houseစိုက်နည်းစနစ်နဲ့ ကိုင်းကျွန်းမြေ၊ ချောင်းမြေတွေမှာ စိုက်ချင်လို့ မေးမြန်းဆက်သွယ်နေကြပါပြီ။ နည်းပညာဖလှယ်ကြတာပေါ့”ဟု ၎င်းက

ဆက်လက်ပြောသည်။ အဆိုပါ Green Houseနည်းပညာဖြင့် စိုက်ပျိုးခြင်းကို မန္တလေးတိုင်း‌ဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သား မြို့နယ်၌ရှိသည့် Food Safety အဖွဲ့က နည်းပညာ အကြံပေးထားသည်ဟု သိရသည်။ ထွက်ရှိလာသော ခရမ်းချဉ်သီးများကို မန္တလေးအော်ဂဲနစ်

သီးနှံဈေးကွက်နှင့် ယော‌ဒေသအတွင်း ဝယ်လိုအား မြင့်တက်နေသည်ဟု သိရသည်။ ထို့အပြင် Green House နည်းပညာကို ‌မကွေးတိုင်းဒေသကြီးအတွင်း တောင်သူများ သာမက စိုက်ပျိုးလိုသူများကို နည်းပညာများ ဖြန့်‌‌ဝေပေး မည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ မကွေးဝင်းမောင် လေးစားစွာဖြင့် ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *