သက္သတ္လြတ္စားျခင္းဟာ ဘုရားေဟာနဲ႕ ညီ/မညီ ဖားေအာက္ဆရာေတာ္ႀကီးရဲ႕ ေဟာၾကားခ်က္

(Zawgyi Code ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ယူနီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္) သက္သတ္လြတ္ဆိုတာ တစ္ခ်ိန္တုန္းက ဘုန္းႀကီးငယ္စဥ္​ေတာထဲေနစဥ္အခါက ေက်ာင္းဆရာတစ္ဦးက ” သက္သတ္လြတ္ဆိုတာ ဘာအဓိပၸါယ္ရွိလဲ “တဲ့ သူကလာေမးတယ္။ ေမးလိုက္တဲ့ အခ်ိန္မွာ သူဘာဦးတည္ခ်က္နဲ႕ ေမးေနတာ

ဘုန္းႀကီးလည္း နည္းနည္းသေဘာေပါက္ပါတယ္။ ဘုန္းႀကီးက ” ဘာမွအဓိပၸါယ္မရွိပါဘူး ” လို႔လဲျပန္ေျဖလိုက္ေတာ့ သူကေစ်းဆစ္တတ္တဲ့ ပုဂၢိဳလ္ျဖစ္ေလေတာ့ ” ဘာျဖစ္လို႔လဲ”တဲ့ သူကထပ္ေမးပါတယ္။ဒီေတာ့ဘုန္းႀကီးက မလြဲမေရွာင္သာတဲ့ ျပႆနာေလးေတြ

သူ႕ကိုရွင္းျပပါတယ္။ အသားငါးကို မစားဘူးလို႔ ေျပာရင္ အဓိပၸါယ္ရွိတန္သေလာက္ ရွိပါတယ္။ သို႔ေသာ္လည္း သက္သတ္လြတ္စားေနပါတယ္ဆိုရင္ေတာ့ အဓိပၸါယ္နဲနဲကင္းမဲ့တဲ့ သေဘာရွိတယ္လို႔၊ဘာျဖစ္လို႔လဲဆိုေတာ့ ခုလိုေပါ့

သူတို႔စီမွာ မျမင္နိုင္တဲ့ ဘက္တီရီးယားေတြ ပါမေနဘူးလား။ တစ္ခ်ိဳ႕ေခတ္မွီတဲ့နိုင္ငံေတြမွာေတာ့ ဒီလိုယင္နားစာေတြကို မစားသုံးက်ပါဘူး။ ဘုန္းႀကီးတို႔ေလာင္းလိုက္တဲ့ ဆြမ္းထဲေကာ ဒီလို ယင္နားစာေတြ ပါမေနဘူးလား။ပါေနမွာဘဲ။

အိမ္ရွင္မေတြ တစ္ခါတစ္ေလ ဆန္ထဲမွာ ဆန္ပိုးပါေနတာမေ႐ြးဘဲ ေရာခ်က္လိိုက္တယ္။ဘုန္းႀကီးကို ေလာင္းလိုက္ေလေတာ့ သပိတ္ထဲလဲ ဒီပိုးေတြ ပါမလာဘူးလား။ပါလာတယ္။သက္သတ္တစ္ကယ္လြတ္တယ္ ေျပာနိုင္ဦးမလား။ မေျပာနိုင္ဘူးေနာ္။

သူမ်ားအသားငါးေတြ သတ္ၿပီးစားရမယ္လို႔ ဘုန္းႀကီးဆိုလိုရင္း မဟုတ္ဘူး။အဓိပၸါယ္ကို ဆန္းစစ္ျပေနတာပါ။ ေနာက္တစ္ခုၾကည့္ ဟင္းသီးဟင္း႐ြက္ေတြမွာ ဘက္တီးရီးယားဆိုတဲ့ပိုးေတြ ပါေလေတာ့။ပကတိမ်က္စိနဲ႕ ျမင္ဖို႔ရန္ခက္ခဲတယ္။ ခက္ခဲေလေတာ့

အဲ့ဒီမွာ ပိုးေတြက စားမိရင္ တကယ့္သက္သတ္လြတ္တယ္ဆိုတာ မေျပာနိုင္ပါဘူးလို႔။ တစ္ခ်ိဳ႕အိမ္ရွင္မေတြလည္း ရွိပါတယ္။တစ္ခါတေလ အိုးမေဆးဘဲ ထမင္းခ်က္လိုက္တယ္။ ဒီထဲပု႐ြက္ဆိတ္ေတြက ပါလာတယ္။ ဟင္းထဲလည္း ပါလာတတ္တယ္။

အဲ့ဒါေၾကာင့္ သက္သတ္လြတ္ အစစ္ရယ္လို႔ေျပာလို႔ သိပ္မလြယ္ဘူးလို႔။ ဘုန္းႀကီးက သူ႕ကိုရွင္းျပပါတယ္။ သို႔ေသာ္ ပိုဆိုးတဲ့ ျပႆနာတစ္ခုက အဂၤလိပ္လက္ထက္ေလာက္က ဆိုၾကပါစို႔ နာမည္ေက်ာ္ျဖစ္တဲ့ ဒီသစ္သီးေက်ာင္းကို စၿပီးတည္ေထာင္သြားတဲ့ သစ္သီးဆရာေတာ္ရဲ႕

ဆရာျဖစ္ေတာ္မူတဲ့ မဟာဂႏၶာ႐ုံဆရာေတာ္ဘုရား ဆိုတာ စစ္ကိုင္းမွာထင္ရွားပါတယ္။ အဂၤလိပ္အမ်ိဳးသားတစ္ဒကာ တစ္ဦးက ဆရာေတာ္ႀကီးထံခ်ဥ္းကပ္ၿပီးေတာ့ အရွင္ဘုရားတို႔ ဘုရားရွင္ကေနၿပီးေတာ့ သူတစ္ပါးရဲ႕အသက္ကို မသတ္ရဘူး ဆိုၿပီးေတာ့ဒီလိုပညတ္ထားတယ္တဲ့။

အဲ့ဒီလို ပညတ္ထားတဲ့ အပိုင္းမွာ အရွင္ဘုရားတို႔ ေသာက္သုံးေနတဲ့ ေရေေတြကို သိပၸံပညာနည္းနဲ႕ ေသေသခ်ာခ်ာ စမ္းစစ္ၾကည့္လိုက္တဲ့ အခ်ိန္အခါမွာ အဲ့ဒီထဲမွာ ပိုးေတြမ်ားစြာ ပါေနတယ္တဲ့။”အဲ့ဒါသူမ်ားအသက္ကို သတ္ေနတာ မဟုတ္ဘူးလား” တဲ့။ ဒီေမးခြန္းေလးေမးလာတယ္။

ေမးလိုက္တဲ့အခါ မဟာဂႏၶာ႐ုံဆရာေတာ္ဘုရားႀကီးက ” တို႔ဘုရားရွင္က ေရကိုစစ္ၿပီးေတာ့ ေသာက္သုံးေစဆိုၿပီး ခြင့္ျပဳထားတယ္။ တို႔လည္းစစ္ၿပီးေတာ့ ေသာက္တာ ၊ ေသာက္လိုက္တဲ့အခါ ေရကစစ္ထားတယ္ ပိုးရွိတယ္ဆိုတာလည္း မသိဘူး။

ျမင္လည္း မျမင္နိုင္ဘူး။ မျမင္နိုင္တဲ့အတြက္ေၾကာင့္ မျမင္နိုင္တဲ့ ဒီပစၥည္းေတြအတြက္ ဆိုရင္ အာပါတ္ရဲ႕ အဂၤါမေခၚေလေတာ့။ အာပါတ္မသင့္ပါဘူးလို႔” ျပန္ေျဖလိုက္တယ္။ အဲ့ဒီေတာ့ ေရေတာင္မွ သက္သတ္လြတ္ေသးလား?။မလြတ္ဘူး။

​ေရေတာင္ သက္သတ္မလြတ္ဘူးဆို အျခားေကာ သက္သတ္လြတ္ဆိုတာ ရွိနိုင္ပါေတာ့မလား။ ဒီထက္ပိုဆိုးတဲ့ ျပႆနာတစ္ခုကို ဘုန္းႀကီးစဥ္းစားမိတာ သိပၸံပညာနည္းအရ ေျပာမယ္ဆို အသက္ရႉလိုက္တဲ့ ေလထဲမွာလည္း ကူးစက္တတ္တဲ့ ပိုးမႊားေတြရွိေနတယ္။

ဥပမာ- တီဘီေရာဂါရွိတဲ့သူေတြ ေခ်ာင္းတံေတြးကေန ကူးနိုင္တယ္။ သူေခ်ာင္းဆိုးလိုက္တဲ့အခါ သူေခ်ာင္ဆိုးတဲ့ေလမွာ ပိုးေတြပါတယ္။ မိမိကရႉခဲ့မိမယ္ဆို ကူးစက္နိုင္ပါတယ္။ဒီလိုဆို အသက္ရႉလိုက္ရင္ အဲ့ဒီပိုးေကာင္ေတြ ပါမသြားဘူးလား။ တကယ့္သက္သတ္လြတ္ အစစ္ ျဖစ္ပါ့မလား?။

မျဖစ္နိုင္ဘူးေနာ္။ ဒါေၾကာင့္ နည္းနည္းေလး အစြန္းတစ္ဖက္ကို ေရာက္ေနတဲ့ စိတ္ထား ဘုန္းႀကီးက မရွိေစခ်င္လို႔ေျပာတာပါ။ အရင္တုံးက က်န္းမာေရးအရ လက္ဖက္ထဲမွာ စမ္းသပ္လိုက္ေတာ့ ပိုးေတြမ်ားစြာ ပါေနဆိုေတာ့ ဘုန္းႀကီးလည္း ဒါကိုၾကားၿပီး

လက္ဖက္မစားတာ ႏွစ္နဲ႕ခ်ီၾကာပါတယ္။ ေနာက္ေတာ့ျပန္ စဥ္းစားမိတယ္ ေရေသာက္ေနလည္း ပိုးကပါတယ္။ အသက္ရႉရင္လည္း ပိုးကပါတယ္။ ေနာက္ဆုံး က်င္ႀကီးက်င္ငယ္ထဲလည္း ပိုးက ပါေနေလေတာ့၊ က်င္ႀကီးက်င္ငယ္ စြန႔္လိုက္ရင္

ဒီပိုးေတြ ေတ​ေၾကပ်က္စီးကုန္မွာ ဆိုးလို႔ မစြန႔္ဘဲ ေနမလား?, စဥ္းစားၾကည့္ေနာ္။ တစ္ဖက္စြန္းကို မေရာက္ေစခ်င္လို႔ဘုန္းႀကီးေျပာတာပါ။ ဥပါလိသူႂကြယ္ကို ဘုရားရွင္ေဟာၾကားထားတာ တစ္ခုရွိပါတယ္။ ကာယကံနဲ႕ မေနာကံေနရာမွာ လမ္းေလ်ာက္တဲ့အခါမွာ

ကိုယ္က ျမင္လဲ မျမင္ဘူး သိလည္း မသိဘဲ ပိုးမႊားေတြကို နင္းမိတယ္။ေတ​ေၾကပ်က္စီးကုန္တယ္။ ဒီလိုေနရာမ်ိဳးမွာေတာ့ ေတ​ေစလိုတဲ့ စိတ္ေစတနာ ထင္ရွားရွိမွသာလွ်င္ ပါဏာတိပါတကံထိုက္ပါတယ္။ လုံ႕လပေယာဂစသည့္ အဂၤါရပ္ေတြလည္းပါတယ္

အဲ့ဒီမွာ အဓိက က ေတ​ေစလို စိတ္ေစတနာပါ။ ခုလိုသြားလာရင္း သတၱဝါေတြကို ေတ​ေစလိုတဲ့ စိတ္မထားဘဲ ႏွလုံးသြင္းမွန္ေနမယ္ဆို အျပစ္ မျဖစ္ပါဘူး။အကယ္၍ ဒီလိုဟာသာ အျပစ္ျဖစ္ပါတယ္ဆို လမ္းမသြားဘဲ ေနရေတာ့မလား။

ဒီေနရာမွာ အ႒ကထာ၊ဋီကာေတြဖြင့္ဆိုထားတာ ဘုရားရွင္ရဲ႕အလိုအတိုင္း တကယ့္သက္သတ္လြတ္ဆိုတာ စမ္းစစ္ၾကည့္ရင္ လြယ္ပါ့မလား?။မလြယ္ဘူးေနာ္။ ဘုရားရွင္က စားသုံးတဲ့အခါမွာ နိႆရဏ သံသရာမွ ထြက္ေျမာက္ေၾကာင္း တရားႏွလုံးသြင္းၿပီး စားသုံးဖို႔ ၫႊန္ၾကားထားပါတယ္။

ဒီမွာက ဘယ္လိုျပႆနာေပၚလဲဆိုေတာ့ သက္သတ္လြတ္စားတဲ့ အေလ့အက်င့္သည္ မြန္ျမတ္တဲ့ က်င့္ဝတ္ျဖစ္တယ္လို႔ ယူဆခဲ့ရင္ မိစာၦဒိ႒ိျဖစ္တယ္လို႔ဆိုၿပီး အ႒ကထာ၊ဋီကာေတြဖြင့္ဆိုထားတယ္။ ဘာျဖစ္လို႔လည္း မွားယြင္းေနတဲ့ အယူအဆမို႔ပါ။

အခုစမ္းစစ္ျပသလို တကယ့္သက္သတ္လြတ္ဆိုတာ ျဖစ္နိုင္ပါ့လား?။ မျဖစ္နိုင္ပါဘူးေနာ္။ သို႔ေသာ္ သိလ်က္နဲ႕ လြန္က်ဴးလိုတဲ့ စိတ္ေစတနာျဖင့္ သတၱဝါေတြကို သတ္ျဖတ္ၿပီး စားေသာက္တာ ဘုရားရွင္ ႏွစ္ၿခိဳက္သလား?။ မႏွစ္ၿခိဳက္ပါဘူး။

ဒီေန႕စားေနတဲ့ အသားငါးေတြက မသတ္ဘဲ ျဖစ္ေပၚလာသလား? ။ ရွားပါတယ္ေနာ္။ သက္သတ္လြတ္စားတဲ့ အေလ့အက်င့္သည္ မြန္ျမတ္ေသာ က်င့္ဝတ္ျဖစ္တယ္လို႔ ယူဆခဲ့ရင္ မိစာၦဒိ႒ိျဖစ္သလို သက္သတ္မလြတ္မွ အသားငါးကိုစားမွသာလွ်င္

သမၼာဒိ႒ိျဖစ္တယ္လို႔ ယူဆမယ္ဆိုရင္ မမွားဘူးလား?။ မွားေနတယ္ ဘာျဖစ္လို႔လဲ အသားငါးမစားတဲ့ ေန႕က အျပစ္ရွိရမယ္ပုံ ျဖစ္ေနေတာ့မယ္။ ဘုရားရွင္က သက္သတ္လြတ္ျခင္း အသားငါးစားျခင္းမစားျခင္းထက္ အစြန္း-၃ပါး လြတ္ဖို႔ရန္သာ အဓိကပါ။

အာလူးဘဲစားတယ္ထား ဘဝမွ လြတ္ေျမာက္ဖို႔ နိႆရဏသံသရာက ထြက္ေျမာက္ဖို႔ ဉာဏ္အျမင္နဲ႕ မစားခဲ့ရင္ ဆင္းရဲဒုကၡမွလြတ္နိုင္ဖို႔ မလြယ္ပါဘူး။အပ္စပ္ေနတဲ့ အသားငါးဘဲ စားခ်င္ စားပါေစ။ ဘဝမွ လြတ္ေျမာက္လိုတဲ့ နိႆရဏ ပညာဉာဏ္အျမင္ရွိခဲ့ရင္

သံသရာဝဋ္ဆင္းရဲက မလြတ္နိုင္ဘူးလား။လြတ္နိုင္ပါတယ္။ ဘုရားရွင္သည္လည္း နိႆရဏပညာနဲ႕ အပ္စပ္ေသာအသားငါးကို မစားဘူးလား။ သံသရာဝဋ္ဆင္းရဲက မလြတ္နိုင္ဘူးလား။ လြတ္ေျမာက္သြားပါတယ္။ တစ္ခ်ိဳ႕ေတြ သက္သတ္လြတ္ စားေနတယ္

နိႆရဏဉာဏ္ပညာမရွိေလေတာ့ သံသရာဝဋ္ဆင္းရဲက လြတ္နိုင္လား။ မလြတ္နိုင္ပါဘူး။ သံသရာဝဋ္ဆင္းရဲက လြတ္ဖို႔ နိႆရဏဉာဏ္ပညာကို ဘုရားရွင္က သင္ေပးေနတာပါ။ (နိႆရဏ= ထြက္ေျမာက္ျခင္း,လြတ္ေျမာက္ျခင္း)ခရက္ဒစ္ “ဖားေအာက္ေတာရဆရာေတာ္ “

ယူနီကုဒ်ဖြင့် ဖတ်ရန်

သက်သတ်လွတ်ဆိုတာ တစ်ချိန်တုန်းက ဘုန်းကြီးငယ်စဉ်တောထဲနေစဉ်အခါက ကျောင်းဆရာတစ်ဦးက ” သက်သတ်လွတ်ဆိုတာ ဘာအဓိပ္ပါယ်ရှိလဲ “တဲ့ သူကလာမေးတယ်။ မေးလိုက်တဲ့ အချိန်မှာ သူဘာဦးတည်ချက်နဲ့ မေးနေတာ

ဘုန်းကြီးလည်း နည်းနည်းသဘောပေါက်ပါတယ်။ ဘုန်းကြီးက ” ဘာမှအဓိပ္ပါယ်မရှိပါဘူး ” လို့လဲပြန်ဖြေလိုက်တော့ သူကဈေးဆစ်တတ်တဲ့ ပုဂ္ဂိုလ်ဖြစ်လေတော့ ” ဘာဖြစ်လို့လဲ”တဲ့ သူကထပ်မေးပါတယ်။ဒီတော့ဘုန်းကြီးက မလွဲမရှောင်သာတဲ့ ပြဿနာလေးတွေ

သူ့ကိုရှင်းပြပါတယ်။ အသားငါးကို မစားဘူးလို့ ပြောရင် အဓိပ္ပါယ်ရှိတန်သလောက် ရှိပါတယ်။ သို့သော်လည်း သက်သတ်လွတ်စားနေပါတယ်ဆိုရင်တော့ အဓိပ္ပါယ်နဲနဲကင်းမဲ့တဲ့ သဘောရှိတယ်လို့၊ဘာဖြစ်လို့လဲဆိုတော့ ခုလိုပေါ့

သူတို့စီမှာ မမြင်နိုင်တဲ့ ဘက်တီရီးယားတွေ ပါမနေဘူးလား။ တစ်ချို့ခေတ်မှီတဲ့နိုင်ငံတွေမှာတော့ ဒီလိုယင်နားစာတွေကို မစားသုံးကျပါဘူး။ ဘုန်းကြီးတို့လောင်းလိုက်တဲ့ ဆွမ်းထဲကော ဒီလို ယင်နားစာတွေ ပါမနေဘူးလား။ပါနေမှာဘဲ။

အိမ်ရှင်မတွေ တစ်ခါတစ်လေ ဆန်ထဲမှာ ဆန်ပိုးပါနေတာမရွေးဘဲ ရောချက်လိုက်တယ်။ဘုန်းကြီးကို လောင်းလိုက်လေတော့ သပိတ်ထဲလဲ ဒီပိုးတွေ ပါမလာဘူးလား။ပါလာတယ်။သက်သတ်တစ်ကယ်လွတ်တယ် ပြောနိုင်ဦးမလား။ မပြောနိုင်ဘူးနော်။

သူများအသားငါးတွေ သတ်ပြီးစားရမယ်လို့ ဘုန်းကြီးဆိုလိုရင်း မဟုတ်ဘူး။အဓိပ္ပါယ်ကို ဆန်းစစ်ပြနေတာပါ။ နောက်တစ်ခုကြည့် ဟင်းသီးဟင်းရွက်တွေမှာ ဘက်တီးရီးယားဆိုတဲ့ပိုးတွေ ပါလေတော့။ပကတိမျက်စိနဲ့ မြင်ဖို့ရန်ခက်ခဲတယ်။ ခက်ခဲလေတော့

အဲ့ဒီမှာ ပိုးတွေက စားမိရင် တကယ့်သက်သတ်လွတ်တယ်ဆိုတာ မပြောနိုင်ပါဘူးလို့။ တစ်ချို့အိမ်ရှင်မတွေလည်း ရှိပါတယ်။တစ်ခါတလေ အိုးမဆေးဘဲ ထမင်းချက်လိုက်တယ်။ ဒီထဲပုရွက်ဆိတ်တွေက ပါလာတယ်။ ဟင်းထဲလည်း ပါလာတတ်တယ်။

အဲ့ဒါကြောင့် သက်သတ်လွတ် အစစ်ရယ်လို့ပြောလို့ သိပ်မလွယ်ဘူးလို့။ ဘုန်းကြီးက သူ့ကိုရှင်းပြပါတယ်။ သို့သော် ပိုဆိုးတဲ့ ပြဿနာတစ်ခုက အင်္ဂလိပ်လက်ထက်လောက်က ဆိုကြပါစို့ နာမည်ကျော်ဖြစ်တဲ့ ဒီသစ်သီးကျောင်းကို စပြီးတည်ထောင်သွားတဲ့ သစ်သီးဆရာတော်ရဲ့

ဆရာဖြစ်တော်မူတဲ့ မဟာဂန္ဓာရုံဆရာတော်ဘုရား ဆိုတာ စစ်ကိုင်းမှာထင်ရှားပါတယ်။ အင်္ဂလိပ်အမျိုးသားတစ်ဒကာ တစ်ဦးက ဆရာတော်ကြီးထံချဉ်းကပ်ပြီးတော့ အရှင်ဘုရားတို့ ဘုရားရှင်ကနေပြီးတော့ သူတစ်ပါးရဲ့အသက်ကို မသတ်ရဘူး ဆိုပြီးတော့ဒီလိုပညတ်ထားတယ်တဲ့။

အဲ့ဒီလို ပညတ်ထားတဲ့ အပိုင်းမှာ အရှင်ဘုရားတို့ သောက်သုံးနေတဲ့ ရေေတွေကို သိပ္ပံပညာနည်းနဲ့ သေသေချာချာ စမ်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ အဲ့ဒီထဲမှာ ပိုးတွေများစွာ ပါနေတယ်တဲ့။”အဲ့ဒါသူများအသက်ကို သတ်နေတာ မဟုတ်ဘူးလား” တဲ့။ ဒီမေးခွန်းလေးမေးလာတယ်။

မေးလိုက်တဲ့အခါ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ” တို့ဘုရားရှင်က ရေကိုစစ်ပြီးတော့ သောက်သုံးစေဆိုပြီး ခွင့်ပြုထားတယ်။ တို့လည်းစစ်ပြီးတော့ သောက်တာ ၊ သောက်လိုက်တဲ့အခါ ရေကစစ်ထားတယ် ပိုးရှိတယ်ဆိုတာလည်း မသိဘူး။

မြင်လည်း မမြင်နိုင်ဘူး။ မမြင်နိုင်တဲ့အတွက်ကြောင့် မမြင်နိုင်တဲ့ ဒီပစ္စည်းတွေအတွက် ဆိုရင် အာပါတ်ရဲ့ အင်္ဂါမခေါ်လေတော့။ အာပါတ်မသင့်ပါဘူးလို့” ပြန်ဖြေလိုက်တယ်။ အဲ့ဒီတော့ ရေတောင်မှ သက်သတ်လွတ်သေးလား?။မလွတ်ဘူး။

ရေတောင် သက်သတ်မလွတ်ဘူးဆို အခြားကော သက်သတ်လွတ်ဆိုတာ ရှိနိုင်ပါတော့မလား။ ဒီထက်ပိုဆိုးတဲ့ ပြဿနာတစ်ခုကို ဘုန်းကြီးစဉ်းစားမိတာ သိပ္ပံပညာနည်းအရ ပြောမယ်ဆို အသက်ရှူလိုက်တဲ့ လေထဲမှာလည်း ကူးစက်တတ်တဲ့ ပိုးမွှားတွေရှိနေတယ်။

ဥပမာ- တီဘီရောဂါရှိတဲ့သူတွေ ချောင်းတံတွေးကနေ ကူးနိုင်တယ်။ သူချောင်းဆိုးလိုက်တဲ့အခါ သူချောင်ဆိုးတဲ့လေမှာ ပိုးတွေပါတယ်။ မိမိကရှူခဲ့မိမယ်ဆို ကူးစက်နိုင်ပါတယ်။ဒီလိုဆို အသက်ရှူလိုက်ရင် အဲ့ဒီပိုးကောင်တွေ ပါမသွားဘူးလား။ တကယ့်သက်သတ်လွတ် အစစ် ဖြစ်ပါ့မလား?။

မဖြစ်နိုင်ဘူးနော်။ ဒါကြောင့် နည်းနည်းလေး အစွန်းတစ်ဖက်ကို ရောက်နေတဲ့ စိတ်ထား ဘုန်းကြီးက မရှိစေချင်လို့ပြောတာပါ။ အရင်တုံးက ကျန်းမာရေးအရ လက်ဖက်ထဲမှာ စမ်းသပ်လိုက်တော့ ပိုးတွေများစွာ ပါနေဆိုတော့ ဘုန်းကြီးလည်း ဒါကိုကြားပြီး

လက်ဖက်မစားတာ နှစ်နဲ့ချီကြာပါတယ်။ နောက်တော့ပြန် စဉ်းစားမိတယ် ရေသောက်နေလည်း ပိုးကပါတယ်။ အသက်ရှူရင်လည်း ပိုးကပါတယ်။ နောက်ဆုံး ကျင်ကြီးကျင်ငယ်ထဲလည်း ပိုးက ပါနေလေတော့၊ ကျင်ကြီးကျင်ငယ် စွန့်လိုက်ရင်

ဒီပိုးတွေ တေကြေပျက်စီးကုန်မှာ ဆိုးလို့ မစွန့်ဘဲ နေမလား?, စဉ်းစားကြည့်နော်။ တစ်ဖက်စွန်းကို မရောက်စေချင်လို့ဘုန်းကြီးပြောတာပါ။ ဥပါလိသူကြွယ်ကို ဘုရားရှင်ဟောကြားထားတာ တစ်ခုရှိပါတယ်။ ကာယကံနဲ့ မနောကံနေရာမှာ လမ်းလျောက်တဲ့အခါမှာ

ကိုယ်က မြင်လဲ မမြင်ဘူး သိလည်း မသိဘဲ ပိုးမွှားတွေကို နင်းမိတယ်။တေကြေပျက်စီးကုန်တယ်။ ဒီလိုနေရာမျိုးမှာတော့ တေစေလိုတဲ့ စိတ်စေတနာ ထင်ရှားရှိမှသာလျှင် ပါဏာတိပါတကံထိုက်ပါတယ်။ လုံ့လပယောဂစသည့် အင်္ဂါရပ်တွေလည်းပါတယ်

အဲ့ဒီမှာ အဓိက က တေစေလို စိတ်စေတနာပါ။ ခုလိုသွားလာရင်း သတ္တဝါတွေကို တေစေလိုတဲ့ စိတ်မထားဘဲ နှလုံးသွင်းမှန်နေမယ်ဆို အပြစ် မဖြစ်ပါဘူး။အကယ်၍ ဒီလိုဟာသာ အပြစ်ဖြစ်ပါတယ်ဆို လမ်းမသွားဘဲ နေရတော့မလား။

ဒီနေရာမှာ အဋ္ဌကထာ၊ဋီကာတွေဖွင့်ဆိုထားတာ ဘုရားရှင်ရဲ့အလိုအတိုင်း တကယ့်သက်သတ်လွတ်ဆိုတာ စမ်းစစ်ကြည့်ရင် လွယ်ပါ့မလား?။မလွယ်ဘူးနော်။ ဘုရားရှင်က စားသုံးတဲ့အခါမှာ နိဿရဏ သံသရာမှ ထွက်မြောက်ကြောင်း တရားနှလုံးသွင်းပြီး စားသုံးဖို့ ညွှန်ကြားထားပါတယ်။

ဒီမှာက ဘယ်လိုပြဿနာပေါ်လဲဆိုတော့ သက်သတ်လွတ်စားတဲ့ အလေ့အကျင့်သည် မွန်မြတ်တဲ့ ကျင့်ဝတ်ဖြစ်တယ်လို့ ယူဆခဲ့ရင် မိစ္ဆာဒိဋ္ဌိဖြစ်တယ်လို့ဆိုပြီး အဋ္ဌကထာ၊ဋီကာတွေဖွင့်ဆိုထားတယ်။ ဘာဖြစ်လို့လည်း မှားယွင်းနေတဲ့ အယူအဆမို့ပါ။

အခုစမ်းစစ်ပြသလို တကယ့်သက်သတ်လွတ်ဆိုတာ ဖြစ်နိုင်ပါ့လား?။ မဖြစ်နိုင်ပါဘူးနော်။ သို့သော် သိလျက်နဲ့ လွန်ကျူးလိုတဲ့ စိတ်စေတနာဖြင့် သတ္တဝါတွေကို သတ်ဖြတ်ပြီး စားသောက်တာ ဘုရားရှင် နှစ်ခြိုက်သလား?။ မနှစ်ခြိုက်ပါဘူး။

ဒီနေ့စားနေတဲ့ အသားငါးတွေက မသတ်ဘဲ ဖြစ်ပေါ်လာသလား? ။ ရှားပါတယ်နော်။ သက်သတ်လွတ်စားတဲ့ အလေ့အကျင့်သည် မွန်မြတ်သော ကျင့်ဝတ်ဖြစ်တယ်လို့ ယူဆခဲ့ရင် မိစ္ဆာဒိဋ္ဌိဖြစ်သလို သက်သတ်မလွတ်မှ အသားငါးကိုစားမှသာလျှင်

သမ္မာဒိဋ္ဌိဖြစ်တယ်လို့ ယူဆမယ်ဆိုရင် မမှားဘူးလား?။ မှားနေတယ် ဘာဖြစ်လို့လဲ အသားငါးမစားတဲ့ နေ့က အပြစ်ရှိရမယ်ပုံ ဖြစ်နေတော့မယ်။ ဘုရားရှင်က သက်သတ်လွတ်ခြင်း အသားငါးစားခြင်းမစားခြင်းထက် အစွန်း-၃ပါး လွတ်ဖို့ရန်သာ အဓိကပါ။

အာလူးဘဲစားတယ်ထား ဘဝမှ လွတ်မြောက်ဖို့ နိဿရဏသံသရာက ထွက်မြောက်ဖို့ ဉာဏ်အမြင်နဲ့ မစားခဲ့ရင် ဆင်းရဲဒုက္ခမှလွတ်နိုင်ဖို့ မလွယ်ပါဘူး။အပ်စပ်နေတဲ့ အသားငါးဘဲ စားချင် စားပါစေ။ ဘဝမှ လွတ်မြောက်လိုတဲ့ နိဿရဏ ပညာဉာဏ်အမြင်ရှိခဲ့ရင်

သံသရာဝဋ်ဆင်းရဲက မလွတ်နိုင်ဘူးလား။လွတ်နိုင်ပါတယ်။ ဘုရားရှင်သည်လည်း နိဿရဏပညာနဲ့ အပ်စပ်သောအသားငါးကို မစားဘူးလား။ သံသရာဝဋ်ဆင်းရဲက မလွတ်နိုင်ဘူးလား။ လွတ်မြောက်သွားပါတယ်။ တစ်ချို့တွေ သက်သတ်လွတ် စားနေတယ်

နိဿရဏဉာဏ်ပညာမရှိလေတော့ သံသရာဝဋ်ဆင်းရဲက လွတ်နိုင်လား။ မလွတ်နိုင်ပါဘူး။ သံသရာဝဋ်ဆင်းရဲက လွတ်ဖို့ နိဿရဏဉာဏ်ပညာကို ဘုရားရှင်က သင်ပေးနေတာပါ။ (နိဿရဏ= ထွက်မြောက်ခြင်း,လွတ်မြောက်ခြင်း)ခရက်ဒစ် “ဖားအောက်တောရဆရာတော် “

Leave a Reply

Your email address will not be published. Required fields are marked *