အတည္ျပဳလူနာ ၁၅၃ ဦးရွိလာလို႔ ဝ ေဒသ ပန္ခမ္းၿမိဳ႕ကို ေလာ့ဒ္ေဒါင္းခ်

ပန္ခမ္းတြင္ ကိုဗစ္ေရာဂါ ဓာတ္ခြဲစစ္ေဆးမႈၾကာျမင့္ခ်ိန္ေပၚ မူတည္၍ Lockdown ေျဖေလ်ာ့ေပးမည္



COVID-19 ေရာဂါျဖစ္ပြားမႈတိုးျမင့္လာ၍ Lockdown ခ်ထားသည့္ ပန္ခမ္းၿမိဳ႕နယ္တြင္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိရာ ဓာတ္ခြဲနမူနာစစ္ေဆးခ်ိန္ၾကာျမင့္မႈေပၚမူတည္၍ Lockdown ကို ေျဖေလ်ာ့ေပးသြားမည္ျဖစ္ေၾကာင္း “ဝ”ေဒသ ျပင္ပဆက္ဆံေရးတာဝန္ခံ ဦးညီရန္း က ေျပာသည္။

“Lockdown ဘယ္ေတာ့ေျဖေလ်ာ့မလဲဆိုတာက နမူနာႏွာေခါင္းတို႔ဖတ္ယူတာ ဘယ္ခ်ိန္ၿပီးမလဲဆိုတာေပၚမွာမူတည္ပါတယ္။တစ္ပတ္အတြင္းေလာက္မွာပါပဲ။ဒီပန္ခမ္းၿမိဳ႕မွာလည္း လူဦးေရ ငါးေသာင္းေက်ာ္ေလာက္ရွိေတာ့ေလ”ဟု ၎ကဆိုသည္။COVID-19.ေရာဂါပိုးေတြ႕လူနာမ်ားကို ကူညီေစာင့္ေရွာက္ေပးရန္



တ႐ုတ္နိုင္ငံ၊ မုံးလင္ခရိုင္မွ ၾကက္ေျခနီအသင္းႏွင့္ အဆိုပါျပည္နယ္ရွိ ျပည္သူ႕ေဆး႐ုံမ်ားရွိ က်န္းမာေရးဝန္ထမ္းမ်ားက ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ဦးညီရန္း၏ေျပာၾကားခ်က္အရ သိရသည္။“တ႐ုတ္နိုင္ငံ မုံးလင္ခရိုင္ ၾကက္ေျခနီအသင္းက လာေရာက္ပူးေပါင္းမႈေတြလည္းရွိသလို အစိုးရက ဖြင့္ထားတဲ့

ပံ့ပိုးကူညီတာေတြလည္းရွိပါတယ္”ဟု ၎ကဆိုသည္။ပန္ခမ္းၿမိဳ႕နယ္ကို Lockdown ခ်ထားသည့္အေလ်ာက္ တာဝန္က်ဝန္ထမ္းမ်ား၏ လမ္းၫႊန္ခ်က္အတိုင္း လိုက္ နာေဆာင္႐ြက္ၾကရန္၊လိုက္နာမႈမရွိပါက ျပင္းထန္စြာ အေရးယူမည္ဟုေၾကညာထားရာ ယေန႕အခ်ိန္အထိ စည္းကမ္းခ်ိဳးေဖာက္၍ အေရးယူထားသည့္

သူ တစ္ဦးမွ်မရွိေသးေၾကာင္း ၎ကဆိုသည္။ယမန္ ေန႕(ဇန္နဝါရီ ၆ ရက္ ဝေဒသ ပန္ခမ္းၿမိဳ႕နယ္တြင္ COVID – 19 ေရာဂါအတည္ျပဳလူနာ (၃၅) ဦး၊မိုင္းေပါက္ခရိုင္တြင္ အတည္ျပဳလူနာ (၁၁၈)ဦးရွိေနၿပီး ဝေဒသတြင္ COVID-19 ေရာဂါပိုးေတြ႕လူနာစုစု ေပါင္း (၁၅၃)ဦးရွိေနၿပီျဖစ္သည္။အဆိုပါလူနာမ်ားထဲတြင္



ေရာဂါျပင္းထန္လူနာ၊ ေသဆုံးလူနာမရွိဘဲ ေရာဂါပိုးေတြ႕သူမ်ားထဲမွ ေျခာက္ဦးခန႔္သည္ COVID-19 ေရာဂါ negative ျဖစ္၍ မၾကာခင္ေဆး႐ုံဆင္းခြင့္ ရနိုင္ေၾကာင္း ဦးညီရန္း က ေျပာၾကားသည္။

ယူနီကုဒ်ဖြင့် ဖတ်ရန်

ပန်ခမ်းတွင် ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးမှုကြာမြင့်ချိန်ပေါ် မူတည်၍ Lockdown ဖြေလျော့ပေးမည်

COVID-19 ရောဂါဖြစ်ပွားမှုတိုးမြင့်လာ၍ Lockdown ချထားသည့် ပန်ခမ်းမြို့နယ်တွင် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်လျက်ရှိရာ ဓာတ်ခွဲနမူနာစစ်ဆေးချိန်ကြာမြင့်မှုပေါ်မူတည်၍ Lockdown ကို ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်း “ဝ”ဒေသ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်း က ပြောသည်။



“Lockdown ဘယ်တော့ဖြေလျော့မလဲဆိုတာက နမူနာနှာခေါင်းတို့ဖတ်ယူတာ ဘယ်ချိန်ပြီးမလဲဆိုတာပေါ်မှာမူတည်ပါတယ်။တစ်ပတ်အတွင်းလောက်မှာပါပဲ။ဒီပန်ခမ်းမြို့မှာလည်း လူဦးရေ ငါးသောင်းကျော်လောက်ရှိတော့လေ”ဟု ၎င်းကဆိုသည်။COVID-19.ရောဂါပိုးတွေ့လူနာများကို ကူညီစောင့်ရှောက်ပေးရန်

တရုတ်နိုင်ငံ၊ မုံးလင်ခရိုင်မှ ကြက်ခြေနီအသင်းနှင့် အဆိုပါပြည်နယ်ရှိ ပြည်သူ့ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဦးညီရန်း၏ပြောကြားချက်အရ သိရသည်။“တရုတ်နိုင်ငံ မုံးလင်ခရိုင် ကြက်ခြေနီအသင်းက လာရောက်ပူးပေါင်းမှုတွေလည်းရှိသလို အစိုးရက ဖွင့်ထားတဲ့

ပံ့ပိုးကူညီတာတွေလည်းရှိပါတယ်”ဟု ၎င်းကဆိုသည်။ပန်ခမ်းမြို့နယ်ကို Lockdown ချထားသည့်အလျောက် တာဝန်ကျဝန်ထမ်းများ၏ လမ်းညွှန်ချက်အတိုင်း လိုက် နာဆောင်ရွက်ကြရန်၊လိုက်နာမှုမရှိပါက ပြင်းထန်စွာ အရေးယူမည်ဟုကြေညာထားရာ ယနေ့အချိန်အထိ စည်းကမ်းချိုးဖောက်၍ အရေးယူထားသည့်



သူ တစ်ဦးမျှမရှိသေးကြောင်း ၎င်းကဆိုသည်။ယမန် နေ့(ဇန်နဝါရီ ၆ ရက် ဝဒေသ ပန်ခမ်းမြို့နယ်တွင် COVID – 19 ရောဂါအတည်ပြုလူနာ (၃၅) ဦး၊မိုင်းပေါက်ခရိုင်တွင် အတည်ပြုလူနာ (၁၁၈)ဦးရှိနေပြီး ဝဒေသတွင် COVID-19 ရောဂါပိုးတွေ့လူနာစုစု ပေါင်း (၁၅၃)ဦးရှိနေပြီဖြစ်သည်။အဆိုပါလူနာများထဲတွင်

ရောဂါပြင်းထန်လူနာ၊ သေဆုံးလူနာမရှိဘဲ ရောဂါပိုးတွေ့သူများထဲမှ ခြောက်ဦးခန့်သည် COVID-19 ရောဂါ negative ဖြစ်၍ မကြာခင်ဆေးရုံဆင်းခွင့် ရနိုင်ကြောင်း ဦးညီရန်း က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *