ချစ်မှုရေးရာမှာ တဖက်ကမ်းခတ် တော်ကြောင်း ထုတ်ကြွားလာတဲ့ မယ်လိုဒီ..
(Zawgyiဖြင့် ဖတ်ရန်)
(Unicodeဖြင့် ဖတ်ရန်)
အချစ်နဲ့ပတ်သက်လို့ သူမရဲ့ အားသာချက်တွေကို ပြောပြလာခဲ့တဲ့ မယ်လိုဒီ
အကယ်ဒမီ မေမေမယ်လိုဒီကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် ရုပ်ရှင်ကားကြီးတွေမှာ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်ခဲ့ပြီး
ခုချိန်ထိ ပရိသတ်များရဲ့ အချစ်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။မေမေ မယ်လိုဒီက မကြာသေးခင်ကာလတုန်းက အိမ်ထောင်ရေး အဆင်မပြေဖြစ်ကာ သားလေးတစ်ယောက်နဲ့အတူ Single mother အဖြစ် ရပ်တည်ပြီး
တရားလေးတွေ ရှယ်ကာ အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းနေသူဖြစ်ပါတယ်။မေမေ မယ်လိုဒီက အနုပညာအလုပ်တွေကိုလည်း ပြန်လည်လုပ်ဆောင်မယ်လို့ သိရပြီး
သူမဟာ ကိုယ်ပိုင်စီးပွားရေးကိုလည်း လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်နော်။ကျန်းမာရေးကို လိုက်စားတာကြောင့် ခန္ဓာကိုယ်လေးကကျစ်လစ်ပြီး ရုပ်ရည်ကလည်း နုပျိုလှပနေတာပဲ ဖြစ်ပါတယ်။
မယ်လိုဒီကတော့ လတ်တစ်လောမှာ အနုပညာအလုပ်တွေကို ရပ်နားထားရတာလည်း ဖြစ်တာကြောင့် သူမကိုယ်တိုင် ဆော့ထားတဲ့ Tiktok လေးတွေနဲ့ အမြဲတင်ပေးဖြစ်ပါတယ်နော်..
တစ်ခါတစ်ရံမှာလည်း သူမရဲ့ လှုပ်ရှားမှုလေးတွေကို Instagram မှာ တင်ပေးပါသေးတယ်။ ဒီနေ့လေးမှာတော့ မယ်လိုဒီက..
“သူမက အချစ်နဲ့ပတ်သက်ရင် အရမ်းကို တစ်ဖက်ကမ်းလွန်အောင်ချစ်ပြီး ရိုတတ်တဲ့အပြင်.. သူမမှာ ရိုလွန်းလို့ အရမ်းကိုမောလာတဲ့အကြောင်း”ကို တင်လာခဲ့တာပဲ ဖြစ်ပါတယ်။
သူမ တင်လာတဲ့ ပို့စ်အောက်မှာတော့ အားပေးသူတွေက သူမကို အချစ်တွေနဲ့ စနောက်ထားပါသေးတယ်။ ပရိသတ်ကြီးလည်း မယ်လိုဒီလို ရိုတတ်အောင် သင်ယူကြပါအုံးနော်..။
Leave a Reply
Your email address will not be published. Required fields are marked *