အလုပ်လက်မဲ့ ဘဝကနေ.. လက်ဟန် အမူအရာလေး ပြပြီး ၁နှစ်အတွင်း သန်းကြွယ်သူဌေးဖြစ်လာခဲ့သူ (သို့မဟုတ်) Khaby Lame
(Zawgyiဖြင့် ဖတ်ရန်)
tiktokမှာ ဖော်လိုဝါ ဒုတိယအများဆုံး ဆယ်လီတစ်ဉီး ဖြစ်လာခဲ့ပြီး ပိုင်ဆိုင်မှုအရလည်း သန်းကြွယ်သူဌေးတစ်ဉီး အဖြစ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
(Unicodeဖြင့် ဖတ်ရန်)
အကြံကောင်းရင် တစ်ချက်ဆိုတဲ့စကားကို ခုခေတ်ကြီးထဲမှာ မဖြစ်နိုင်တာလို့ ယူဆချင် ယူဆမိကြပါလိမ့်မယ်။ ဒါပေမယ့် အားလုံး မေ့နေတာက..
ခုခေတ်ကြီးမှာ တကယ်အကြံကောင်းရင် တစ်ချက်ထဲနဲ့ ကြီးပွားချမ်းသာဖို့ ပိုမြန်တယ်ဆိုတာကိုပါပဲ။ ကိုယ့်စတိုင်လ်မဲ့ကိုယ် လူတိုင်းစိတ်ဝင်စားအောင် တီထွင်ဖန်တီး လုပ်ပြနိုင်ရင်
နေ့ချင်းညချင်း ကမ္ဘာကျော်ကာ သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်နိုင်တယ်ဆိုတာကို လူတစ်ယောက်က လက်တွေ့ သက်သေပြလာခဲ့ပါတယ်။
သူကတော့ ဆီနီဂေါနိုင်ငံသား kheby lameပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ အားလုံး သိပြီးသား မဟုတ်ရင်တောင်မှ သူများတင်ထားတဲ့ ဗီဒီယိုတွေထဲက ဖြစ်ဖြစ် ဟာသတွေထဲက ဖြစ်ဖြစ် မြင်ဖူးကြပါလိမ့်မယ်။
အသက်၂၁နှစ်ပဲ ရှိသေးတဲ့ Lameဟာ ငယ်ဘဝက နွမ်းပါးလှတဲ့အတွက် အများပြည်သူအိမ်ရာမှာ နေထိုင်ကြီးပြင်းခဲ့ရပါတယ်။ သူဟာ ဘောလုံးနဲ့ ဘတ်စကက်ဘောတို့ကို ဝါသနာထုံခဲ့ပြီး ကျောင်းသားဘဝတုန်းကတော့ ကစားခဲ့ပါသေးတယ်။
အလုပ်ဝင်တဲ့အချိန်မှာတော့ ဘဝအခြေအနေအရ ဝါသနာတွေကို စွန့်လွှတ်ပြီး ဝမ်းရေး ကြောင်းရချိန်မှာတော့ ကုမ္ပဏီတစ်ခုမှာ စက်အော်ပေရတာသမားလေး အဖြစ်နဲ့ ရပ်တည်ရုန်းကန်ခဲ့ရပါတယ်။
ဒါပေမယ့် ကံဆိုးချင်တော့ Lameခမျာ ၂၀၂၀ခုနှစ် ကိုဗစ်ကာလ အလုပ်ပြုတ်တဲ့အထဲမှာ ထိပ်ဆုံးက ပါသွားပြီး အလုပ်လက်မဲ့ဘဝကို စိုက်စိုက်မြိုက်မြိုက်ကြီး ရောက်ရှိသွားခဲ့ ရပါတော့တယ်။
lameတစ်ယောက် အလုပ်လက်မဲ့ ဘဝနဲ့ ဒုက္ခတွေရောက် အကြွေးနွံထဲနစ် ဖြစ်နေရပေမယ့် စိတ်ညစ်ပြီး လက်မှိုင်ချ မနေခဲ့ပါဘူး။သူဟာ တစ်တော့မှာ ဟာသဗီဒီယိုလေးတွေ ဖန်တီး ခဲ့ပါတော့တယ်။
သူများတွေ အွန်လိုင်းမှာ နာမည်ကြီးဖို့ ဆန်းဆန်းပြားပြားတွေ လုပ်ပြနေတဲ့အချိန်မှာ သူဟာ တကမ္ဘာလုံး နားလည်တဲ့ ရိုးရိုးရှင်းရှင်း လက်ဟန်ပုံစံလေးနဲ့ လူတွေ ရင်ကို ထိခတ်နှစ်သက်စေခဲ့ပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဝန်ထမ်းဘဝလေးနဲ့ ရုန်းကန်ခဲ့ရရာကနေ အခုတော့ စကားတစ်ခွန်းမှ မပြောဘဲ လက်ကလေး ထိုးထိုးပြတဲ့ ရိုးရှင်းတဲ့ပုံစံလေးနဲ့ ဟာသဗီဒီယိုတွေ ဖန်တီးပြီး
tiktokမှာ ဖော်လိုဝါ ဒုတိယအများဆုံး ဆယ်လီတစ်ဦး ဖြစ်လာခဲ့ပြီး ပိုင်ဆိုင်မှုအရလည်း သန်းကြွယ်သူဌေးတစ်ဦး အဖြစ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းလုံးက လူတွေကတော့ သူဟာ(မြန်မာအခေါ်) ချာလီချာပလင်နဲ့ မာစတာဘင်း တို့နောက်ပိုင်းမှာ ကမ္ဘာတစ်ခုလုံး ကြားသိနားလည်နိုင်တဲ့ အမူအယာတွေနဲ့ လုပ်ပြနိုင်ခဲ့သူလို့ ချီးမွမ်းထောပနာ ပြုနေကြတာပဲ ဖြစ်ပါတယ်။
ပုံစံအမျိုးမျိုးနဲ့ နာမည်ကြီးဖို့ ကြိုးစားနေကြသူတွေထဲမှာ ရိုးရိုးရှင်းရှင်းနဲ့ လူတိုင်းနားလည်နိုင်တဲ့ ဟာသတွေကို ဖန်တီးနိုင်ခဲ့တာဟာ သူ့ရဲ့ပါရမီလို့ပဲ ပြောပြော
ဒါမှမဟုတ် အစမှာပြောခဲ့သလိုပဲ အကြံကောင်းလို့ တစ်ချက်ထဲနဲ့ အောင်မြင်ချမ်းသာ သွားတယ်လို့ပဲ ဆိုဆိုပဲ ဘာပဲဖြစ်ဖြစ် ခုတော့ Lameဆိုတဲ့ အသက်၂၁နှစ်အရွယ်ကောင်လေးဟာ
လူမသိသူမသိ အလုပ်လက်မဲ့နင်းပြား ဘဝကနေ သန်းကြွယ်သူဌေးကြီး ဘဝကို ၁နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ရောက်ရှိလို့ လာခဲ့ပြီပဲ ဖြစ်ပါတယ်။
သူအောင်မြင်လာရတဲ့ အဓိကအချက်ကတော့ လူတိုင်းနားလည်နိုင်မယ့် အရာကို ချပြနိုင်ခဲ့တာရယ်.. အလုပ်ပြုတ် အကြွေးနွံနစ်နေချိန်မှာတောင် စိတ်ဓာတ်မကျဘဲ
ကြံရည်ဖန်ရည်အပြည့်နဲ့ ကြိုးစားအားထုတ်ခဲ့တာရယ်ကြောင့် ပါပဲနော်။ ဒါ့ကြောင့် ဘဝမှာ အခက်အခဲ ကြုံလို့ စိတ်ဓာတ်ကျ အရှုံးပေး ပြိုလဲမိတော့မယ်ဆိုရင်..
ဒီကမ္ဘာမှာ ကိုယ့်ထက် အခြေအနေဆိုးဝါးခဲ့တဲ့ လူတစ်ယောက် တစ်နှစ်ဆိုတဲ့ အချိန်ကာလလေးအတွင်းမှာ ကျိကျိတက် ကြွယ်ဝသွားတယ်ဆိုတဲ့ စိတ်နဲ့ ပြန်လည်ရုန်းထ ကြိုးစားကြဖို့ တိုက်တွန်းအပ်ပါသည်။ လူသူတော်
Leave a Reply
Your email address will not be published. Required fields are marked *