မိခင်ရင်းနဲ့ မခြားတဲ့ အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်ရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ ခိုင်နှင်းဝေ ……

(Unicode ဖြင့်ဖတ်ရန်)

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချော ခိုင်နှင်းဝေကတော့ ဒီနေ့ စက်တင်ဘာလ (၂၈)ရက်နေ့မှာ မွေးနေ့ကျရောက်တဲ့

အဒေါ်ဖြစ်သူ ဒေါ်မြင့်မြင့်ခိုင်ရဲ့ မွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာခဲ့ပါတယ်။

ဒေါ်မြင့်မြင့်ခိုင်ကလည်း လက်ရှိမှာအနုပညာအလုပ်တွေမလုပ်ကိုင်တော့ပေမဲ့

တစ်ခေတ်တစ်ခါက နာမည်ကြီးပြီး သရုပ်ဆောင်ပီပြင်လွန်းလှတာကြောင့် ထပ်ဆင့်အကယ်ဒမီဆုတွေကိုပါရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးကြီးဖြစ်တာနဲကအညီ ယနေ့တိုင်ပရိသတ်ချစ်ခင်နေရတဲ့ အနုပညာရှင်တစ်ယောက်ပါ။

ဒီနေ့မှာကျရောက်တဲ့ ဒေါ်မြင့်မြင့်ခိုင်ရဲ့ မွေးနေ့အတွက်ကို ခိုင်နှင်းဝေက “Happy Birthday ကြီးတော်ကြီး မိခင်ရင်း ကဲ့သို့ ချစ်ရပါတဲ့ ကျွန်မရဲ့ ဒုတိယ မေမေ မေကြူ။

ချစ်တဲ့မိသားစုနဲ့ နှစ်ပေါင်းများစွာ သက်ရှည်အနာမဲ့ ကျန်းမာစွာနေထိုင်နိုင်ပါစေ”ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။

အနုပညာရှင်မောင်နှမတွေကလည်း ခိုင်နှင်းဝေရဲ့ Post အောက်မှာ သူတို့လေးစားအားကျခဲ့ရတဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး ဒေါ်မြင့်မြင့်ခိုင်ရဲ့

မွေးနေ့အတွက် ဆုမွန်ကောင်းတွေတောင်းပေးနေကြပါသေးတယ်။ပရိသတ်ကြီးတွေလည်း ဒေါ်မြင့်မြင့်ခိုင်ရဲ့မွေးနေ့အတွက် ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။

(Zawgyi ဖြင့်ဖတ်ရန်)









Leave a Reply

Your email address will not be published. Required fields are marked *