တီတီ စိုးပြည့်သဇင်နားကနေ မခွာနိုင်လောက်အောင် မျိုးစုံ ချွဲနေတဲ့ ထရက်ရှာလေးရဲ့ ချစ်စရာ လှုပ်ရှားမှု ပုံရိပ်လေးများ …..

(Unicode ဖြင့်ဖတ်ရန်)

စန္ဒီမြင့်လွင်ကတော့ အဆိုတော်တစ်ယောက်အပြင် သရုပ်ဆောင်နယ်ပယ်မှာလည်း ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်။

လက်ရှိမှာ သူမဟာအနုပညာအလုပ်တွေကို ရပ်နားထားပြီး ချစ်ရတဲ့ မိသားစုလေးနဲ့ အတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ 

ဒါ့အပြင် စန္ဒီမြင့်လွင် က သူမနဲ့ ရုပ်ချင်းဆင်ပြီး ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလည်း

ပိုင်ဆိုင်ထားပြီး သမီးလေးရဲ့ အသည်းယားစရာ ဗီဒီယိုလေးနဲ့ ချစ်စရာ ပုံလေးတွေကိုလည်း အမြဲဖော်ပြပေးပါတယ်။

ပရိသတ်တွေကလည်း ထရက်ရှာလေးကို အရမ်းချစ်ပေးကြတာကို တွေ့ရပါတယ် ။

အခုလည်း တီတီစိုးပြည့်သဇင်က အိမ်လာလည်ကာ ထရက်ရှာလေးနဲ့ဆော့ကစားနေတဲ့ ပုံရိပ်တွေကို ဝေမျှလာပါတယ် ။

ထရက်ရှာလေးက တီတီစိုးပြည့်ကို မျိုးစုံ ချွဲနေလိုက်တာ ပုံတိုင်းက ချစ်စရာကောင်းတာ အမှန်ပါပဲ ။

ပရိသတ်ကြီး အတွက် တီတီစိုးပြည့်နဲ့ ထရက်ရှာလေးတို့ရဲ့ ချစ်စရာပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

(Zawgyi ဖြင့်ဖတ်ရန်)









Leave a Reply

Your email address will not be published. Required fields are marked *