ထိုင်းနိုင်ငံ အလှမယ်ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနွယ်ဖွား ထိုင်းကပြား အလှမယ်လေး မီးမီး..

(Zawgyiဖြင့် ဖတ်ရန်)








(Unicodeဖြင့် ဖတ်ရန်)

ကမ္ဘာကြီးထဲမှာ မတူညီတဲ့ လူမျိုးကွဲ ပေါင်းများစွာ ယဉ်ကျေးမှု ပေါင်းများစွာ စုစည်း နေကြတာပါ။ မတူညီတဲ့နေရာ ဒေသနှစ်ခုက လူနှစ်ဦး ဖူးစာပါလို့ လက်ထပ်ပြီးသွားတဲ့အခါ..

ရလာတဲ့ သားသားမီးမီးလေးတွေက ကပြားသွေးနှောလေးတွေ ဖြစ်သွားကြပါတယ်။ကပြားအစပ်တွေက လူမျိုးတူနှစ်ဦးကမွေးဖွားတဲ့ သွေးမနှောတဲ့သူတွေထက် ပိုချောပြီး ပိုဆွဲဆောင်မှုရှိနေတတ်ကြတာကို သင့် ပတ်ဝန်းကျင်မှာ သတိထားမိရဲ့လား။

သတိမထားမိသေးဘူးဆိုရင် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ ကပြားမလေးတွေကို အခုပဲ သေချာအကဲခတ်ကြည့်လိုက်ကြပါနော်။ပရိတ်သတ်ကြီးရေ အခုတစ်ခါမှာဆိုရင်တော့

ထိုင်းဗမာကပြားမလေး အလှမယ်မီးမီးအကြောင်းလေးကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်၊ မီးမီးကိုတော့ အလှမယ်လောကမှာဆိုတော်တော်များများ သိကြမယ်ထင်ပါတယ်နော်။

မီးမီးကတော့မယ်စင်္ကြာဝဠာ Thailand 2019ပြိုင်ပွဲမှာ ပထမအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ FinalTop20ထိ တက်လှမ်းနိုင်ခဲ့ပြီး FaceOfBeautyThailand2019 ဆုရယူနိုင်ခဲ့တာ ဖြစ်ပါ တယ်နော်။

အခုတစ်ခါမှာ ဆိုရင် ထိုင်းဗမာကပြားမလေးအလှမယ် မီးမီးကမယ်စင်္ကြာဝဠာ Thailand2021 ပြိုင်ပွဲကြီးကို ဒုတိယအကြိမ်ဝင်ရောက် ယှဉ်ပြိုင်နေတာပဲ ဖြစ်ပြီး..

ယခုဆိုရင်တော့ MissUniverseThailand2021ပြိုင်ပွဲကြီးရဲ့Top30Finalists စာရင်းမှာ နံပါတ်စဉ်၁အနေနဲ့ ပါဝင်သွားခဲ့ပြီပဲဖြစ်တာမို့ ဝန်းရံအားပေးကြဖို့ တိုက်တွန်းအပ်ပါ တယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *