မထင်မှတ်ထားလောက်အောင် ဇောက်ထိုးမိုးမျှော် ပြောင်းလဲသွားခဲ့ရတဲ့ သူမဘဝ အကြောင်းကို ဖွင့်ဟ ပြောပြလာခဲ့တဲ့ ခေးဆက်သွင်..

(Zawgyiဖြင့် ဖတ်ရန်)












(Unicodeဖြင့် ဖတ်ရန်)

မင်းသမီးဘဝနဲ့ မတူတော့တဲ့ ထွက်ပြေးတိမ်းရှောင်နေရတုန်းမှာ တွေ့ကြုံရတဲ့ လောကဓံတွေအကြောင်းကို ရင်ဖွင့်ရေးသားလာတဲ့ ခေးဆက်သွင်…

MRTV-4ဇာတ်လမ်းတွဲလေးတွေကနေပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် အချိန်ခဏလေးအတွင်းမှာအောင်မြင်မှုတွေ ရရှိလာသူလေးကတော့ မော်ဒယ်သရုပ်ဆောင်ခေးဆက်သွင်ဖြစ်ပါတယ်။

သူမဟာ ချစ်စရာကောင်းပြီး တည်ငြိမ်ရင့်ကျက်တဲ့ ပုံရိပ်တွေကြောင့် ယောက်ျားလေးပရိသတ်တွေ အားပေးမှုကို တစ်ခဲနက်ရထားတာ ဖြစ်ပါတယ်။မိန်းကလေးအချင်းချင်းဆိုပေမယ့်လည်း သူမရဲ့ အလှတွေက မြင်သူငေးချင်စရာကောင်းနေတာပါ။

သူမဟာသူတက်ကျွမ်းတဲ့ အနုပညာတွေနဲ့အတူ ပရိသတ်တွေကိုဖျော်ဖြေမှု ရသတွေ ပေးချင်ပေမယ့် လည်း ဖေဖော်ဝါရီ(၁)ရက်နေ့အာဏာသိမ်းလိုက်တဲ့ အချိန်မှာတော့ အိမ်မက်တွေနဲ့ဝေးကွာခဲ့ပါတယ်။

အာဏာရှင်တွေကို ဆန့်ကျင့်ဆန္ဒပြရင်း နဲ့ပဲ ၅၀၅ (က)ပုဒ်မတပ်ကာ ဖ.မ်းဝရမ်းထုတ်ခံ လိုက်ရပါတယ်။အဲ့အချိန်ကတည်းက ခေးဆက်သွင်ဟာ ပုန်းရှောင်နေခဲ့ရကာ ခုဆိုအချိန်အတော် ကြာမြင့်ခဲ့ပြီဖြစ် ပါတယ်။

အဝေးမှာ တိမ်းရှောင်နေခဲ့ရပေမယ့် လည်း လူမှုကွန်ရက်ကနေ စာလေးတွေ ပုံရိပ်လေးတွေ တင်ပြီးပရိသတ်တွေနဲ့ အမြဲအဆက်သွယ်မပြတ်ရှိနေပေးခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

ယခုအခါမှာတော့ ခေးဆက်သွင်က သူမရဲ့ပြောင်းလဲလာမှုတွေ မွန်းကျပ်မှုတွေကို ခုလို ပဲလူမှုကွန်ရက်မှာ ရေးသားဖွင့်ဟ လာခဲ့ပါတယ်။”အရင်ဆို အနုပညာအလုပ်တွေမှာ အောင်မြင်လာပြီဆို ပျော်နေကျ..

ခုဆိုခေါင်းအုံးစွပ်လေး လျှော်ထားတဲ့နေ့ နေသာရင် ပျော်တတ်ပြီ အရင်ဆိုရောင်စုံမီးတွေ လူစုံတဲ့နေရာတွေသွားနေကျ.. ခုဆိုပြတင်းပေါက်က နေရောင်ပျပျနား တိုက်ရိုက်ထိလိုထိငြား သွားတက်ပြီ။

အရင်ဆိုဘာက ငါ့ကို တိုးတက်စေမလဲတွေးနေကျ ခုဆိုဘာက ငါ့ကိုအေးချမ်းစေမလဲ တွေးတက်ပြီ။အရင်ဆိုအလုပ် ပင်ပန်းလွန်းလို့ တစ်ရက်လေး အိပ်ရေးဝဝ အိပ်ပါရစေညည်းနေကျ။

ခုဆိုညတွေမှာ ခန္ဓာနဲ့စိတ်ရယ် အိပ်ပါတော့ကွယ်လို့ ည.ည်းတက်ပြီ အရင်ဆိုတပည့်တော်မဘဝ လှပါစေဆုတောင်းနေကျ၊ ခုဆိုဆုတောင်းခြင်းထက် သိခြင်းသက်သက်ရှိခိုးတက်ခဲ့ပြီ”ဆိုပြီး သူမရဲ့ဘဝအဖြစ်အပျက် အကြောင်းလေးတွေကို ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်နော်။

ခေးဆက်သွင်ကို ချစ်ပေးတဲ့ပရိသတ်ကြီးကလည်း သူ့အတွက်အားအင်တစ်ခုအဖြစ် ရည်ရွယ်ပြီးစကားလေးတစ်ခွန်းစီနဲ့ အားပေးလိုက်ကြ ပါဦးနော်။မြန်မာပြည်ကြီးလဲးည်း အမြန်ဆုံး ငြိမ်းချမ်းကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *