လွတ်ငြိမ်းခွင့်နဲ့ပြန်လည်လွတ်မြောက်လာပြီးမှ ဒီကနေ့မှာ ထပ်မံဖမ်းဆီး ခံလိုက်ရတဲ့ အဆိုတော်အီတိုး..

(Unicode ဖြင့်ဖတ်ရန်)

စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်နဲ့ပြန်လွတ်လာတဲ့ အဆိုတော်အီတိုးနေအိမ်မှာပြန်လည်ဖမ်းဆီးခံရအဆိုတော် အီတိုးဟာ စစ်ကောင်စီရဲ့

လွတ်ငြိမ်းချမ်းသာခွင့်နဲ့မနေ့အောက်တိုဘာ ၁၉ရက်နေ့မှ ပြန်လွတ်လာခဲ့ပေမယ့်ဒီကနေ့အောက်တိုဘာ ၂၀ရက်နေ့မှာတော့ နေအိမ်မှာထပ်မံလာရောက်ဖမ်းဆီးသွားတယ်လို့

မိသားစုနဲ့နီးစပ်သူတွေကအတည်ပြုပြောဆိုပါတယ်။“ မနေ့ညကနေပြန်လွတ်လာတယ်။ ဒီနေ့နေ့လယ်မှာပဲ အထက်ကမလွှတ်ခိုင်းသေးလို့ဆိုပြီးအင်းစိန်အကျဉ်းထောင်ကိုပြန်ခေါ်သွားတယ်။

အဖမ်းခံရတုန်းကတော့ ပုဒ်မ ၅၀၅-ကနဲ့ဆွဲထားတာပါ”လို့နီးစပ်သူတစ်ဦးကဘီဘီစီကိုပြောပါတယ်။အဆိုတော်အီတိုးပြန်လည်ဖမ်းဆီးခံရတာနဲ့

ပတ်သက်လို့သက်ဆိုင်ရာမိသားစုဝင်တွေကလည်းလူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားထားတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ရက်နေ့ကရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်မှာ လက်လုပ်မိုင်းပြုလုပ်တဲ့သူတွေကိုဖမ်းဆီးမိခဲ့ပြီး

နောက်ဆက်တွဲဖမ်းဆီး
ရာကနေ မရမ်းကုန်းမြို့နယ်မှာ အဆိုတော်အီတိုးကို ထပ်မံ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ထားခဲ့ပါတယ်။

ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ထပ်မံဖမ်းဆီးမှုအခြေအနေနဲ့

ပတ်သက်ပြီးတော့စစ်ကောင်စီဘက်က ဒီကနေ့အောက်တိုဘာ ၂၀ရက်နေ့ညနေပိုင်းအထိသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

(Zawgyi ဖြင့်ဖတ်ရန်)

စစ္ေကာင္စီရဲ႕လြတ္ၿငိမ္းခြင့္နဲ႕ျပန္လြတ္လာတဲ့ အဆိုေတာ္အီတိုးေနအိမ္မွာျပန္လည္ဖမ္းဆီးခံရအဆိုေတာ္ အီတိုးဟာ စစ္ေကာင္စီရဲ႕

လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႕မေန႕ေအာက္တိုဘာ ၁၉ရက္ေန႕မွ ျပန္လြတ္လာခဲ့ေပမယ့္ဒီကေန႕ေအာက္တိုဘာ ၂၀ရက္ေန႕မွာေတာ့ ေနအိမ္မွာထပ္မံလာေရာက္ဖမ္းဆီးသြားတယ္လို႔

မိသားစုနဲ႕နီးစပ္သူေတြကအတည္ျပဳေျပာဆိုပါတယ္။“ မေန႕ညကေနျပန္လြတ္လာတယ္။ ဒီေန႕ေန႕လယ္မွာပဲ အထက္ကမလႊတ္ခိုင္းေသးလို႔ဆိုၿပီးအင္းစိန္အက်ဥ္းေထာင္ကိုျပန္ေခၚသြားတယ္။

အဖမ္းခံရတုန္းကေတာ့ ပုဒ္မ ၅၀၅-ကနဲ႕ဆြဲထားတာပါ”လို႔နီးစပ္သူတစ္ဦးကဘီဘီစီကိုေျပာပါတယ္။အဆိုေတာ္အီတိုးျပန္လည္ဖမ္းဆီးခံရတာနဲ႕

ပတ္သက္လို႔သက္ဆိုင္ရာမိသားစုဝင္ေတြကလည္းလူမႈကြန္ယက္စာမ်က္ႏွာေတြမွာ ေရးသားထားတာကိုေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၅ရက္ေန႕ကရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၅)ရပ္ကြက္မွာ လက္လုပ္မိုင္းျပဳလုပ္တဲ့သူေတြကိုဖမ္းဆီးမိခဲ့ၿပီး

ေနာက္ဆက္တြဲဖမ္းဆီး
ရာကေန မရမ္းကုန္းၿမိဳ႕နယ္မွာ အဆိုေတာ္အီတိုးကို ထပ္မံ ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ စစ္ေကာင္စီဘက္ကသတင္းထုတ္ျပန္ထားခဲ့ပါတယ္။

ျပန္လည္လြတ္ေျမာက္လာၿပီးေနာက္ပိုင္း ထပ္မံဖမ္းဆီးမႈအေျခအေနနဲ႕

ပတ္သက္ၿပီးေတာ့စစ္ေကာင္စီဘက္က ဒီကေန႕ေအာက္တိုဘာ ၂၀ရက္ေန႕ညေနပိုင္းအထိသတင္းထုတ္ျပန္လာတာမရွိေသးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *