လွတ်မြောက်လာသူတွေကို ကြည့်ပြီး ပိုင်တံခွန် မှာကြားလိုက်တဲ့ ရင်နင့်ဖွယ်ရာ စကား…

(Zawgyiဖြင့် ဖတ်ရန်)







(Unicodeဖြင့် ဖတ်ရန်)

မော်ဒယ် ပိုင်တံခွန်က အိမ်ပြန်ချင်တယ်လို့ လွတ်မြောက်လာသူတစ်ဦးကိုပြောကြား

မော်ဒယ် ပိုင်တံခွန်သည် အိမ်အရမ်းပြန်ချင်ပြီးသူ့ပရိသတ်တွေကို လွမ်းနေတယ်လို့ မှာကြားလိုက်ကြောင်း ပိုင်တံခွန်နှင့်ခင်မင်ခဲ့ပြီး အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက…

ယခုလိုပဲ ပြောပြလာပါတယ် “အိမ်ပြန်ဖို့နှုတ်ဆက်တော့ သူက ကျွန်တော်လည်း အိမ်ပြန်ချင်တယ်ဗျာ အကိုပြန်တော့ ကျွန်တော်ပိုခံစားရတယ်..

ပရိတ်သတ်တွေကိုအရမ်းချစ်ပါတယ် မကြာခင်တော့ပြန်လာနိုင်မယ်လို့ မျှော်လင့်တယ်” ဟုပိုင်တံခွန်က မှာကြားလိုက်ကြောင်းကို ပြန်လည်ပြောပြလာတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ နိုင်ငံတကာက အားပေးချစ်ခင်ကြတဲ့ နုနုနယ်နယ် မော်ဒယ်လ်မင်းသားတစ်ယောက် အနေနဲ့ ထောင်ဆိုတဲ့အရာဟာ အရမ်းကို ကြမ်းတမ်းခက်ခဲမှာ အမှန်ပဲမို့…

ပြည်သူချစ်မင်းသားချော ပိုင်တံခွန် အမြန်ဆုံး ပြန်လည်လွတ်မြောက်စေဖို့ ဝန်းရံဆုတောင်း ပေးခဲ့ကြပါအုံးနော်။ မြန်မာပြည်သူပြည်သား အပေါင်းတို့ မိသားစုအေးရိပ်မြုံမှာ အေးချမ်းသာယာစွာ နေထိုင်နိုင်သော နေ့ရက်များ အမြန်ပိုင်ဆိုင်နိုင် ကြပါစေ။…..

Leave a Reply

Your email address will not be published. Required fields are marked *