ထိုင်းနိုင်ငံမှာ ထုတ်လွှင့်ပြသတော့မယ့် “ကျောက်ဖရားမှ ဧရာဝတီသို့’ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ဒေါင်း ..

(Unicode ဖြင့်ဖတ်ရန်)

သရုပ်ဆောင် ဒေါင်းကတော့ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးရဲ့ စင်တင်မင်းသားတစ်ယောက်အဖြစ် အောင်မြင်လာခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

အနေအထိုင်တည်ကြည်ပြီး ယောကျာ်းပီသတဲ့ ရုပ်ရည်သွင်ပြင်မျိုးကို ပိုင်ဆိုင်ထားတဲ့ ဒေါင်းကတော့ မိန်းကလေးပရိသတ်တွေကြားမှာ သည်းသည်းလှုပ် အားပေးခံရသူတစ်ယောက်ပါပဲ။

လက်ရှိမှာတော့ ဒေါင်းက ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ဇာတ်လမ်းတွဲသွားရောက်ရိုက်ကူးနေပြီး တစ်ဖက်မှာလည်း မြန်မာ့နွေဦးတော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းကနေပါဝင်လှုပ်ရှားနေတာပဲဖြစ်ပါတယ်။

လတ်တလောမှာ ဒေါင်းက လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့တဲ့ ထိုင်းဒါရိုက်တာ Chartchai Ketnust ရိုက်ကူးတဲ့ “จากเจ้าพระยาสู่อิรวดี” (ကျောက်ဖရားမှဧရာဝတီ) ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

“ကျောက်ဖရားမှဧရာဝတီ” ဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံရုပ်သံလိုင်း Thai PBS TV Channel မှာ ဇန်နဝါရီလ (၁) ရက်နေ့ကစပြီး ထုတ်လွှင့်ပြသသွားမယ်လို့လည်းသိရပါတယ်။

“จากเจ้าพระยาสู่อิรวดี” (ကျောက်ဖရားမှဧရာဝတီ) ဇာတ်လမ်းတွဲကတော့ သမိုင်းမှတ်တမ်းတစ်ခုအပေါ် အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒေါင်းအပါအဝင် ထိုင်းသရုပ်ဆောင်တွေများစွာ ပါဝင်ရိုက်ကူးထားကြတာပဲဖြစ်ပါတယ်။

(Zawgyi ဖြင့်ဖတ်ရန်)







Leave a Reply

Your email address will not be published. Required fields are marked *