၆၃နှစ်မြောက် မွေးနေ့ရက်မြတ်ကို ကောင်းမှုကုသိုလ်တွေနဲ့ ဖြတ်သန်းခဲ့တဲ့ ရွှေမန်းသဘင်ရဲ့ ဒိတ်ဒိတ်ကြဲ မင်းသားကြီး ရွှေမန်း ချမ်းသာ..
(Zawgyiဖြင့် ဖတ်ရန်)
လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့စဉ်ကလည်း ပရိသတ်အပေါ် ရိုသေလေးစားစွာ ဆက်ဆံတတ်သူလို့ နာမည်ရခဲ့တဲ့အတွက် ယခုချိန်ထိလည်း ဉီးချမ်းသာကို ပရိသတ်များက မမေ့မလျော့နဲ့ ချစ်ခင်တမ်းတမြဲ ဖြစ်သလို
(Unicodeဖြင့် ဖတ်ရန်)
ဟိုးယခင်က သဘင် အနုပညာမှာ ပရိတ်သတ် တိုင်းက လက်ဖျားခါ ရလောက်အောင် ထူးချွန်​ ပြောင်မြောက်တဲ့ အလင်္ကာ ကျော်စွာရွှေမန်း ဦးတင်မောင် ကို ပရိတ်သတ်တွေ အနေနဲ့ မှတ်မိ သိရှိကြမှာ အမှန်ပါပဲနော်။
အလင်္ကာကျော်စွာ ဦးရွှေမန်းတင်မောင် ကွယ်လွန် ခဲ့ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ မျိုးဆက်​တွေ ဖြစ်တဲ့ သားသမီးများက ရွှေမန်းသဘင်ကို ဆက်လက် ဦးစီးလုပ်ကိုင်ခဲ့ကြ တာဖြစ်ပါတယ်။
ဒီကနေ့ ဟာတော့ အလင်္ကာကျော်စွာ ဦးရွှေမန်း တင်မောင်ရဲ့ အငယ်ဆုံးသားဖြစ်သူ ရွှေမန်းဦးချမ်းသာရဲ့ မွေးနေ့ မင်္ဂလာရက်မြတ် နေ့တစ်နေ့ပဲ ဖြစ်ပါတယ်နော်။ ဦးချမ်းသာဟာလည်း ..
ဖခင်နည်းတူ သဘင်ပညာများ အား တကယ်ကို စိတ်ပါဝင်စားစွာဖြင့် လေ့လာလိုက်စားခဲ့ပြီး အက အပြောနဲ့ အဆိုပိုင်းတွေမှာ ထူးချွန်ပြောင်မြောက်လွန်းသူ တစ်ဦးဖြစ်တာကြောင့် ပရိတ်သတ်တွေအကြား ရေပန်းစားကာ
သဘင်ကို တစ်ခေတ်ဆန်းကာ အောင်မြင်စေခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်နော်။ ဦးချမ်းသာဟာ ဆိုရင်တော့ အရပ်ရပ် အပြည်ပြည် အနယ်နယ်မှာ ချမ်းသာဇာတ်ပွဲ ဆိုရင်
ပရိသတ်တွေ ဝက်ဝက်ကွဲ တိုးမပေါက်အောင် စည်ကားစေတဲ့အထိ တိုင်းကျော်ပြည်ကျော် ဖြစ်တဲ့အထိ အောင်မြင်မှု သရဖူကို သိမ်းပိုက်နိုင်ခဲ့သူပါနော်။
ဦးချမ်းသာ ဟာ ဒီနေ့မှာ ကျရောက်တဲ့ သု့ရဲ့(၆၃) နှစ်ပြည့် မွေးနေ့မှာ ဘုရားသို့ သွားရောက်ကာ ကုသိုလ်ကော င်းမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဘုရားရင်ပြင်တော် ပေါ်ရှိ ပုဂ္ဂိုလ်အချို့အား အလှူဒါန ကာလဒါန အလှူဒါနများ ပြုလုပ်ကာ ကုသိုလ်ယူ ခဲ့ပါသေးတယ်။
လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့စဥ်ကလည်း ပရိသတ်အပေါ် ရိုသေလေးစားစွာ ဆက်ဆံတတ်သူလို့ နာမည်ရခဲ့တဲ့အတွက် ယခုချိန်ထိလည်း ဦးချမ်းသာကို ပရိသတ်များက မမေ့မလျော့နဲ့ ချစ်ခင်တမ်းတမြဲ ဖြစ်သလို
ဦးချမ်းသာဟာဆိုရင်လည်း သူချစ်ရသော ပရိသတ်ပြည်သူများကို မမေ့မလျော့နဲ့ ထမင်းရှင်ကျေးဇူးရှင်တွေဆိုပြီး အမြဲမေတ္တာပို့ သတိတရရှိတတ်သူပါ။ ဒါ့ကြောင့်လည်း
ယနေ့လို့ မွေးနေ့အခါသမယမှာ
ဘုရားဖူးကုသိုလ်ယူကာ ကောင်းမှုကုသိုလ် အလှူတွေ ပြုလုပ်ပြီး မြတ်ဘုရားထံမှာ တိုင်းသူပြည်သားများ ပရိသတ်ပြည်သူများ စိတ်ချမ်းသာ အေးချမ်းစွာ နေနိုင်ပါစေကြောင်း ဆုမွန်ခြွေ ပန်ခဲ့ကြောင်းလည်း သိရပါတယ်။
စိတ်ထားကောင်းပြီး ပရိသတ်ပြည်သူတွေကို အလေးထားတဲ့ ရွှေမန်းသဘင်မ င်းသားကြီး ဦးချမ်းသာတစ်ယောက် အသက်ရာကျော် ရှည်ကာ ကျန်းမာပျော်ရွှ င်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ ကြပါအုံးနော်။
Leave a Reply
Your email address will not be published. Required fields are marked *