ပရိသတ်တွေကို မချေမငံ ပြောဆို ဆက်ဆံမှုတွေကြောင့် Boycott ခံရကိန်း စိုက်နေသည့် Office Diary အဖွဲ့ ..

(Zawgyiဖြင့် ဖတ်ရန်)







(Unicodeဖြင့် ဖတ်ရန်)

ပရိသတ်ကြီးရေ.. ပြည်သူတွေကတော့ တစ်နေ့ထက် တစ်နေ့တော်လှန်ရေးတွေမှာ ပိုမိုအင်အားသုံးကာ ရတဲ့ဘက်က တတ်နိုင်တဲ့ဘက်က တော်လှန်နေကြတာပါ။

နာကျည်းစရာ သတင်းတစ်ခု တွေ့တိုင်း တော်လှန်ရေးကို ပိုမို အားစိုက်ကာ လုပ်ဆောင်လျက် ရှိနေကြတာကို တွေ့မြင် ရပါတယ်နော်။ ဒီတစ်ခါမှတော့ ပရိသတ်တွေသဘောကျ အားပေးရတဲ့ OfficeDiary ရဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ

ပြည်သူတွေ boycott စာရင်းထဲကအရာတွေကို ထည့်သွင်းဖော်ပြတဲ့အပြင် ပရိသတ် တွေ boycottလုပ်ထားတဲ့ အရာတွေကို ကာကွယ်ပြောဆို နေတဲ့ reply ကြောင့်​ ပရိသတ်တွေ စိတ်ဆိုးကာ

စစ်ကောင်စီနဲ့ တစ်ဖက်ထဲမှာ ရှိနေကြတာလား ဆိုတဲ့ မေးခွန်းတွေနဲ့အတူ followerတွေလည်း များစွာလျော့သွား ခဲ့တာပါ။ Office Diaryက အဖွဲ့သားတွေကတော့ ထိုဗီဒီယိုကို ဖြုတ်ချပေးကာ ..

ပြန်လည်တောင်းပန်တဲ့ စာကိုလည်းတင်လာခဲ့တာ ဖြစ်ပေမယ့် တစ်ချို့ပရိသတ်တွေ ကတော့ ဒေါသထွက်နေဆဲပဲ ဖြစ်တာကို တွေ့ရပါတယ်နော်။

ပရိသတ် တွေအနေနဲ့ အာဏာသိမ်းမှုကြောင့် ထိခိုက်ဆုံးရှုံးမှု များစွာ ဖြစ်ပေါ်နေတာကြောင့် စစ်ကောင်စီဘက်ကို အားပေးတဲ့ စကားတစ်ခွန်းကအစ ဆန့်ကျင်တော်လှန် နေကြတာကို တွေ့မြင်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *