ချစ်မောင်လေးကို မျက်စိအောက်ကနေ အ​ေပျာက် မခံနိုင်အောင် အချစ်တွေပိုနေတဲ့ သမီးလေးရဲ့ ပုံလေးတွေ တင်လိုက်တဲ့ အာဘွိုင်း ….

(Unicode ဖြင့်ဖတ်ရန်)

Rapအဆိုတော် အာဘွိုင်းကတော့ မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့အတူ သာယာပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားသူပဲ ဖြစ်ပါတယ်။

ချစ်ဇနီးလေးရဲ့ အိမ်မှုကိစ္စနိုင်နင်းမှုနဲ့ ပြုစုယုယမှုတွေကြောင့် အမြဲ စိတ်ချမ်းသာနေရတဲ့ အာဘွိုင်းကို ယောကျာ်းလေးပရိသတ်တွေကပါ အားကျရတာလည်း ဖြစ်ပါတယ်။

အာဘွိုင်းကလည်း ချစ်ဇနီးချောလေးအတွက် ခင်ပွန်းကောင်းအဖြစ် ဘေးမှာ မားမားမတ်မတ်ရပ်တည်ပေးပြီး လက်တွဲခိုင်မြဲကြတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် သူတို့နှစ်ယောက်ရဲ့ သမီးနဲ့သားလေးကလည်း ဖေဖေ မေမေတို့ရဲ့ အလှအပတွေကို အကုန်စုစည်းပြီး ရရှိထားပါသေးတယ်နော်။

Scarlett လေးကလည်း သူ့မောင်လေးကို အရမ်းချစ်လို့ ဖေဖေရော မေမေရောက ပီတိဖြစ်နေရတာပါ ။

အခုလည်း ချစ်မောင်လေးကို မျက်စိအောက်ကနေ တစ်ဖဝါးမှ မခွာနိုင်အောင် အရိပ် တကြည့်ကြည့်နဲ့ အချစ်ပိုနေတဲ့ သမီးလေးရဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။

ပရိသတ်ကြီးလည်း Scarlett တို့ မောင်နှမ နှစ်ယောက်ရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန် ဝေမျှပေးလိုက်ပါတယ် ။

(Zawgyi ဖြင့်ဖတ်ရန်)








Leave a Reply

Your email address will not be published. Required fields are marked *