တစ်သက်မှာ တစ်ခါသာ ဆောင်ရမယ့် မင်္ဂလာပွဲအတွက်.. အခမ်းနားဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်နေကြတဲ့ မောင်နဲ့ရီတို့ စုံတွဲ..
(Zawgyiဖြင့် ဖတ်ရန်)
သရုပ်ဆောင် မောင်နဲ့ ရီရီပွင့်ဖြူ တို့ကတော့ အနုပညာအလုပ်တွေကို ရပ်နားပြီးချိန်မှ တစ်ယောက်နဲ့ တစ်ယောက် ဆုံတွေ့ပြီး စွဲစွဲမြဲမြဲ ချစ်မိခဲ့ကြသူနှစ်ဉီး ဖြစ်ပါတယ်နော်။
(Unicodeဖြင့် ဖတ်ရန်)
သရုပ်ဆောင် မောင်နဲ့ ရီရီပွင့်ဖြူ တို့ကတော့ အနုပညာအလုပ်တွေကို ရပ်နားပြီးချိန်မှ တစ်ယောက်နဲ့ တစ်ယောက် ဆုံတွေ့ပြီး စွဲစွဲမြဲမြဲ ချစ်မိခဲ့ကြသူနှစ်ဦး ဖြစ်ပါတယ်နော်။
မောင်နဲ့ရီရီပွင့်ဖြူ တို့က အခုဆိုရင် ချစ်သူသက်တမ်း (၈) နှစ်ကျော်တိုင်ရှိခဲ့ပြီဖြစ်ပြီး တစ်ယောက် နဲ့တစ်ယောက် ချစ်သူ သမီးရည်းစားလိုမျိုးကော မောင်နှမလို သူငယ်ချင်းလိုမျိုးပါ ရင်းရင်းနှီးနှီး ရှိကြတာပဲ ဖြစ်ပါတယ်။
ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး စကားပြောပွင့်လင်းလွန်းကြတဲ့ မောင်နဲ့ရီရီပွင့်ဖြူတို့ အတွဲလေးကို အနုပညာ အလုပ်တွေမလုပ်တော့ပေမယ့်လည်း ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်နော်။
မကြာသေး ခင်ကပဲ လက်ထပ်ခွင့်တောင်းပြီး အိမ်ထောင်ပြုတော့ မယ်လို့ ပရိသတ်တွေကို အသိပေးခဲ့တဲ့ မောင်တို့စုံတွဲလေးက အခုဆိုရင် မင်္ဂလာပွဲပြု လုပ်ဖို့ကို အကောင်းဆုံး ဖြစ်အောင် စီစဥ်ပြင်ဆင် နေကြပြီ ပဲဖြစ်ပါတ ယ်။
မောင်နဲ့ရီရီပွင့်ဖြူက “မင်္ဂလာဆောင် အတွက် ကိုယ်တွေ၂ယောက်က အတွေ့ကြုံမရှိတော့… တွေ့ကြုံများတဲ့ သူတွေနဲ့ တွေ့ ပြီးတိုင်ပင် ရတာပေါ့..😁😝” ဆိုပြီး မင်္ဂလာပွဲအတွက် မိတ်ကပ်လင်းလင်းနဲ့ တိုင်ပင် ဆွးနွေးနေသလို…
သူတို့နှစ်ယောက်ရဲ့ တစ်သက်မှာတစ်ခါသာ ပြုရမယ့် မင်္ဂလာပွဲကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် စိတ်တိုင်းကျဖြစ်အောင် ဆွေးနွေးတိုင်ပင် လုပ်ကိုင်နေကြပြီ ဆိုတဲ့အကြောင်းကို
သူတို့ကိုချစ်သော ပရိသတ်များကို အသိပေး ချပြလာတာပဲ ဖြစ်ပါတယ်နော်။ အရမ်းချစ်ကြပြီး မြင်သူတိုင်း အားကျရတဲ့ သူတို့စုံတွဲလေး မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနား အောင်မြင်စွာ ကျင်းပနိုင်ပြီး
မောင်နဲ့ရီတို့ မင်္ဂလာမောင်နှံ နှစ်ဦး ရာသက်ပန် ရွှေလက်တွဲ မြဲကြစေဖို့ ဆုတောင်းပေးခဲ့ ကြပါအုံးနော် ပရိသတ်ကြီး။ ဖတ်ရှု့ အားပေးကြသော ပရိသတ်ကြီး တစ်ယောက်ချင် းစီတိုင်းကို ကျေးဇူး အထူးတင် ရှိပါတယ်နော်။
Leave a Reply
Your email address will not be published. Required fields are marked *