ရုံးချိန်းရက် လုံခြုံရေးပြည့်နှက် နေတဲ့ကြားကနေ ပြည်သူတွေကို ဖြစ်တဲ့နည်းနဲ့ ရအောင် အားပေးသွားခဲ့တဲ့ ရဲတိုက်..

(Zawgyiျဖင့္ ဖတ္ရန္)

ရံုးခ်ိန္းထြက္ရတဲ့ အခ်ိန္မွာေတာင္ ျပည္သူေတြ စိတ္ဓာတ္က် အားမငယ္ေနေစဖို႔ မျဖစ္မေန အမွာစကားပါးလိုက္တဲ့ ျပည္သူ႔ မင္းသား ရဲတိုက္။

သဘာဝက်ၿပီး ထိမိပိုင္ႏိုင္တဲ့ သရုပ္ေဆာင္ခ်က္ ေတြေၾကာင့္ ပရိတ္သတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို အျပၫ့္အဝ ရရိွခဲ့တဲ့ မင္းသားတစ္ဦးလို႔ ဆိုလာရင္ေတာ့ မင္းသားရဲတိုက္ ကိုပဲ ဆိုရမွာ ျဖစ္ပါတယ္။

သူဟာ တကယ္ကို သဘာဝဆန္တဲ့ အႏုပညာ ဖန္တီးမႈမ်ားေၾကာင့္ စတင္ ေရပန္းစား ေက်ာ္ၾကားလာခဲ့တဲ့ အႏုပညာရွင္ တစ္ဦးျဖစ္ပါတယ္ေနာ္။

ျပည့္သူ႔အခ်စ္ေတာ္ မင္းသားရဲတိုက္ဟာ ျမန္မာႏိုင္ငံမွာ လက္ရိျွဖစ္ေပၚေနတဲ့ အာဏာထိန္းခ်ဳပ္မႈျဖစ္စဉ္တြင္ ျပည္သူႏွင့္တစ္သားတည္း ရပ္တည္ကာ လူထုဆႏၵျပမႈမ်ားမွာ ပါဝင္လႈပ္ရွား ေဆာင္ရြက္ခဲ့လို႔ ဆိုၿပီး

စစ္ေကာင္စီရဲ့ အမႈဆင္ ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံေနရတဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။ယမန္ေန့ ႏိုဝင္ဘာ ၂၄ရက္ေန့တြင္ မရမ္းကုန္းၿမိဳ႔နယ္၌

အမႈရင္ဆိုင္ရမယ့္ ရံုးခ်ိန္းမွာ ရဲတိုက္ကို လံုၿခံဳေရး အေစာင့္အၾကပ္ေတြနဲ႔ တင္းၾကပ္စြာ ရံုးထုတ္လို႔ လာခဲ့ပါတယ္။ထိုရံုးခ်ိန္းမွ ထြက္လာခဲ့ရခ်ိန္တြင္

မင္းသားရဲတိုက္က ပရိတ္သတ္ျပည္သူမ်ား ေရ႔ွကိုအျဖတ္မွာ စကားေျပာခြင့္ မေပး ကာဆီးထားတာေတာင္မွ ရဲတိုက္က “ fighting” ဆိုၿပီး ရံုးေရ႔ွရိျွပည္သူမ်ားအား မရရေအာင္ ေအာ္ဟစ္ အားေပးသြားေၾကာင္း ရံုးခ်ိန္းသြားေရာက္ခဲ့သူ တစ္ဦးက ေျပာလာခဲ့ၿပီး

ျပည္သူမ်ားမွလည္း မင္းသားရဲတိုက္အား ဖိုက္တင္း ဆိုၿပီး ျပန္လည္ဟစ္ေအာ္ အားေပးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။ပရိသတ္ႀကီးေရ.. ကိုယ္တိုင္က တရားစြဲခံရ
အက်ဥ္းက်

အမႈရင္ဆိုင္ေနရတာ ေတာင္မွ ပရိသတ္ျပည္သူေတြ အားတင္းထားၾကဖို႔ ရတဲ့အခ်ိန္ေလးမွာ အက်စ္လစ္ဆံုး စကားေလးနဲ႔ “ဖိုက္တင္း”ဆိုၿပီး အားေပးသြားတဲ့ ရဲတိုက္ရဲ့စိတ္ဓာတ္ကေတာ့ တကယ့္ကို ေလးစားစရာပါပဲေနာ္။

ပရိသတ္ျပည္သူေတြ အားလံုးက စိုးရိမ္ပူပန္ေနရတဲ့ မင္းသားရဲတိုက္အေနနဲ႔လည္း အျမန္ဆံုး ျပန္လည္လြတ္ေျမာက္ၿပီး သူခ်စ္ေသာ ပရိသတ္ျပည္သူမ်ားရဲ့ ရင္ေငြ့ကို ခိုလႈံႏိုင္ပါေစလို႔ ဆုေတာင္းေပးအပ္ ပါသည္ေနာ္။

(Unicodeဖြင့် ဖတ်ရန်)

ရုံးချိန်းထွက်ရတဲ့ အချိန်မှာတောင် ပြည်သူတွေ စိတ်ဓာတ်ကျ အားမငယ်နေစေဖို့ မဖြစ်မနေ အမှာစကားပါးလိုက်တဲ့ ပြည်သူ့ မင်းသား ရဲတိုက်။

သဘာဝကျပြီး ထိမိပိုင်နိုင်တဲ့ သရုပ်ဆောင်ချက် တွေကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိခဲ့တဲ့ မင်းသားတစ်ဦးလို့ ဆိုလာရင်တော့ မင်းသားရဲတိုက် ကိုပဲ ဆိုရမှာ ဖြစ်ပါတယ်။

သူဟာ တကယ်ကို သဘာဝဆန်တဲ့ အနုပညာ ဖန်တီးမှုများကြောင့် စတင် ရေပန်းစား ကျော်ကြားလာခဲ့တဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်နော်။

ပြည့်သူ့အချစ်တော် မင်းသားရဲတိုက်ဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အာဏာထိန်းချုပ်မှုဖြစ်စဉ်တွင် ပြည်သူနှင့်တစ်သားတည်း ရပ်တည်ကာ လူထုဆန္ဒပြမှုများမှာ ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့လို့ ဆိုပြီး

စစ်ကောင်စီရဲ့ အမှုဆင် ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ယမန်နေ့ နိုဝင်ဘာ ၂၄ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၌

အမှုရင်ဆိုင်ရမယ့် ရုံးချိန်းမှာ ရဲတိုက်ကို လုံခြုံရေး အစောင့်အကြပ်တွေနဲ့ တင်းကြပ်စွာ ရုံးထုတ်လို့ လာခဲ့ပါတယ်။ထိုရုံးချိန်းမှ ထွက်လာခဲ့ရချိန်တွင်

မင်းသားရဲတိုက်က ပရိတ်သတ်ပြည်သူများ ရှေ့ကိုအဖြတ်မှာ စကားပြောခွင့် မပေး ကာဆီးထားတာတောင်မှ ရဲတိုက်က “ fighting” ဆိုပြီး ရုံးရှေ့ရှိပြည်သူများအား မရရအောင် အော်ဟစ် အားပေးသွားကြောင်း ရုံးချိန်းသွားရောက်ခဲ့သူ တစ်ဦးက ပြောလာခဲ့ပြီး

ပြည်သူများမှလည်း မင်းသားရဲတိုက်အား ဖိုက်တင်း ဆိုပြီး ပြန်လည်ဟစ်အော် အားပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ပရိသတ်ကြီးရေ.. ကိုယ်တိုင်က တရားစွဲခံရ အကျဥ်းကျ အမှုရင်ဆိုင်နေရတာ တောင်မှ

ပရိသတ်ပြည်သူတွေ အားတင်းထားကြဖို့ ရတဲ့အချိန်လေးမှာ အကျစ်လစ်ဆုံး စကားလေးနဲ့ “ဖိုက်တင်း”ဆိုပြီး အားပေးသွားတဲ့ ရဲတိုက်ရဲ့စိတ်ဓာတ်ကတော့ တကယ့်ကို လေးစားစရာပါပဲနော်။

ပရိသတ်ပြည်သူတွေ အားလုံးက စိုးရိမ်ပူပန်နေရတဲ့ မင်းသားရဲတိုက် အနေနဲ့လည်း အမြန်ဆုံး ပြန်လည်လွတ်မြောက်ပြီး သူချစ်သော ပရိသတ် ပြည်သူများရဲ့ ရင်ငွေ့ကို ခိုလှုံနိုင်ပါစေလို့ ဆုတောင်းပေးအပ် ပါသည်နော်။

Leave a Reply

Your email address will not be published. Required fields are marked *