အရွယ်နဲ့မမျှ အဆီတွေ စုကာ ဝနေတဲ့ သားဖြစ်သူကို လပိုင်းအတွင်း ပြုပြင်ပြောင်းလဲ ပေးခဲ့နိုင်ကြောင်း ဂုဏ်ယူစွာ ပြသလာတဲ့ မော်ဒယ်လ် သန္တာလှိုင်
(Zawgyiဖြင့် ဖတ်ရန်)
သန္တာလှိုင်ဟာဆိုရင် အသက်လေးဆယ့်ငါးနှစ် ကျော်လို့ မထင်ရအောင်ကို ဆယ်ကျော်သက် မိန်းမပျိုလေး တစ်ယောက်လို ကျစ်လျစ် သွယ်လျပြီး လှပနေနိုင်လွန်းသူ တစ်ဉီး ဖြစ်ပါတယ်။
(Unicodeဖြင့် ဖတ်ရန်)
အသက် (၄၅) နှစ်အရွယ် ဆိုပေမယ့် နိုင်ငံခြားမင်းသမီးတွေ မော်ဒယ်လ်တွေလို အမိုက်စား ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားတဲ့ သူကတော့
မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး မော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ မော်ဒယ်လ်သရုပ်ဆောင် သန္တာလှိုင်ပဲ ဖြစ်ပါတယ် နော်။
သန္တာလှိုင်ဟာဆိုရင် အသက်လေးဆယ့်ငါးနှစ် ကျော်လို့ မထင်ရအောင်ကို ဆယ်ကျော်သက် မိန်းမပျိုလေး တစ်ယောက်လို ကျစ်လျစ် သွယ်လျပြီး လှပနေနိုင်လွန်းသူ တစ်ဦး ဖြစ်ပါတယ်။
သူမဟာ လူမှုကွန်ယက်ကနေပြီးတော့ အလှအပဆိုင်ရာ ဗဟုသုတတွေ၊ လေ့ကျင့်ခန်းတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလေ့ ရှိသလို
ကိုယ်တိုင်လည်း T Fitness App ဆိုတဲ့ ခန္ဓာကိုယ်ကျန်းမာ လှပစေမယ့် နည်းလမ်းတွေကို မျှဝေသင်ကြားပေးတဲ့ Applicationတစ်ခုကို ဦးစီးဆောင်ရွက်နေတဲ့ သန္တာလှိုင်ဟာ
ဒီကနေ့ မှာတော့ သူမရဲ့သားလေးကိုလည်း လက်တွေ့ကျကျ ပြုပြင် ပြောင်းလဲ ပေးနိုင်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပြသကာ အခုလိုပဲ ပြောလာပါတယ်။ သန္တာလှိုင်က
“အမေတစ်ယောက်ရဲ့ ၈လလောက် ကြိုးစား အားထုတ်မှုက ကျွန်မသားရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပြနေပါတယ်။ သူတော့ မသိဘူး ကျွန်မတော့ ဖတ်ဖတ်မောပြီး လျှာထွက်မတတ် ပြောရဆိုရ
ချော့တလှဲ့ ခြောက်တစ်လှဲ့နဲ့ပဲ ဒီခရီးကို 🤝T Fitness Appနဲ့ လက်တွဲပြီး လျှောက်ခဲ့ကြတာ သားအမိတွေ ၈လပြည့် တော့မယ်” ဆိုပြီး အချိုတွေ ကြိုက်လွန်းခဲ့ရာမှ
အရွယ်နဲ့ မလိုက်အောင် အဆီတွေ စုပြီး ဝိတ်တက်သွားရှာတဲ့ သားလေးကို (၈) လအတွင်း ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့ကြောင်း ပြသလာပါတယ်။
ပရိသတ်အချစ်တော် မော်ဒယ်လ်သရုပ်ဆောင် သန္တာလှိုင်ကတော့ သူမကိုယ်တိုင်လည်း ကျန်းမာရေး လိုက်စားသူဖြစ်သလို မြင်သူတိုင်း အားကျရတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူပီပီ
သားဖြစ်သူ ကိုလည်း ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အဆီပိုတွေ မရှိတဲ့ ခန္ဓာကိုယ်ဘေး ဖြစ်စေဖို့ ကိုယ်တိုင်ကြိုးစား ထုဆစ် ပြုပြင်ပေးခဲ့တဲ့ အကြောင်းလေးကို ဝမ်းမြောက်စွာ မျှဝေ ပေးလာတာပဲ ဖြစ်ပါတယ်နော်။
ပရိသတ်ကြီးတို့ရေ ကျန်းမာမှသာ ဖြစ်ချင်တာ လုပ်ချင်တာတွေ လုပ်နိုင်ဖြစ်နိုင်မှာဖြစ်တဲ့ အတွက် ခန္ဓာကိုယ်ကျန်းမာ လန်းဖြာဖို့အတွက်လည်း
ပုံမှန် အချိန်လေးပေးကာ လုပ်ဆောင်ကြဖို့ စေတနာ မေတ္တာအပေါင်းတို့ဖြင့် ရိုသေစွာ တိုက်တွန်း နှိုးဆော် အပ်ပါတယ်နော်။ အားလုံး ဘေးဘယာ ဝေးကွာကြပါစေသောဝ်။