အွန်လိုင်းမှာ ဂယက်ထကာ ဝေဖန်မှုတွေ များနေတဲ့ ကမ်းခြေက စုံတွဲပုံတွေနဲ့ ပတ်သက်ပြီး လိမ္မာပါးနပ်လွန်းစွာ တုန့်ပြန်ဖြေရှင်းလာတဲ့ ရေကြည်ချမ်းမြ

(Zawgyiဖြင့် ဖတ်ရန်)


မင်္ဂလာပါ ပရိသတ်ကြီး နိုင်ငံကျော်သရုပ်ဆောင်တစ်ဉီး ဖြစ်ပြီး ပရဟိတသမား တစ်ဉီးအဖြစ်လည်း လူသိများ မင်းသားကြီး ဝေဠုကျော်ကတော့








ကမ်းခြေမှာ ရိုက်ထားတဲ့ပုံတွေဟာ သူမတို့မင်္ဂလာဆောင် စဉ်က လက်ကမ်းအိတ်မှာ အသုံးပြုခဲ့တဲ့ ဓာတ်ပုံတြွေဖစ်ကြောင်းကို စကားအလိမ္မာလေးနဲ့ ပြုံးရွှင်ရယ်မောနေတဲ့ Emojiပုံလေးတွေ ထည့်သုံးကာ



(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာဆောင်ဓာတ်ပုံတွေကို အသုံးပြုပြီး ပြည်သူတွေ အထင်မှားအောင် ဖန်တီးနေကြသူတွေအကြောင်း ပြောပြလာတဲ့ ဝေဠုကျော်ရဲ့ချစ်ဇနီးလေး ရေကြည်ချမ်းမြ

မင်္ဂလာပါ ပရိသတ်ကြီး နိုင်ငံကျော်သရုပ်ဆောင်တစ်ဦး ဖြစ်ပြီး ပရဟိတသမား တစ်ဦးအဖြစ်လည်း လူသိများ မင်းသားကြီး ဝေဠုကျော်ကတော့

အသက်ငါးဆယ်ကျော်မှ ကံပေါ်တယ် ဆိုသလို ငါးဆယ်ကျော်အရွယ်မှာ သူ့ရဲ့ဖူးစာဖက်မိန်းကလေးကို ရှာတွေ့ခဲ့ပြီး ရွှေလက်တွဲ၍ လက်ထပ်ခဲ့တာ ပဲဖြစ်ပါတယ်။

ဝေဠုကျော်ဟာ ဆိုရင် အငြိမ့်မင်းသမီးချောလေး ရေကြည်ချမ်းမြနဲ့ ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက လက်ထပ်ခဲ့ပြီး သာယာ ချမ်းမြေ့တဲ့ ဘဝတစ်ခုကို တည်ဆောက်ထားခဲ့ပြီပဲဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ အငြိမ့်မင်းသမီးလေး ရေကြည်ချမ်းမြက သူမတို့ဇနီးမောင်နှံရဲ့ ဓာတ်ပုံကို အလွဲသုံးစားလုပ်ပြီး အများပြည်သူ အထင်အမြင်မှားစေရန်

ဖန်တီး လုပ်ဆောင် နေကြသူတွေ အကြောင်းကို အခုလို ပြောလာပါတယ်။ ဝေဠုကျော်ရဲ့ ဇနီး ရေကြည်ချမ်းမြက တိုင်းပြည်အရေး မကောင်း နိုင်ငံရေးမကောင်းဖြစ်နေပြီး

ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ သူမတို့ ဇနီးမောင်နှံဟာ ကမ်းခြေမှာသွားကာ သာယာနေတယ်လို့ ရေးသားထားတဲ့ သတင်းတစ်ခုကို Share ပြီး

“သူတပါးကို နွံထဲ ဆွဲနှစ်ချင်ကြတဲ့သူတွေကလည်း တကယ်ပါပဲ🤣🤣🤣 မင်္ဂလာဆောင်တုန်းက လက်ကမ်းဝေတဲ့ အိတ်က ပုံတွေကို အခုမှ ဘာထဖြစ်နေမှန်း မသိဘူး🤣” ဆိုပြီး

သူမရဲ့ ဖေ့ဘုတ်စ် လူမှုကွန်ယက် စာမျက်နှာထက်ကနေ ပြီးတော့ ပြောလာတာပဲဖြစ် ပါတယ်။ ဝေဠုကျော်ရဲ့ချစ်ဇနီးလေး ကတော့ ပြည်သူချစ်သော အငြိမ့်မင်းသမီးလေးပီပီ

ကမ်းခြေမှာ ရိုက်ထားတဲ့ပုံတွေဟာ သူမတို့မင်္ဂလာဆောင် စဉ်က လက်ကမ်းအိတ်မှာ အသုံးပြုခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ကြောင်းကို စကားအလိမ္မာလေးနဲ့ ပြုံးရွှင်ရယ်မောနေတဲ့ Emojiပုံလေးတွေ ထည့်သုံးကာ

ပါးနပ်စွာ ဖြေရှင်း ပြောကြားရင်း သူတစ်ပါးကို နွံထဲ ဆွဲနှစ်ချင်နေသူတွေရှိကြောင်း ပြော လာတာပဲဖြစ်ပါတယ်။ ယခုလို ပြောကြား ဖြေရှင်းမှုလေးကို မြင်သိရပြီး

ပရိသတ်တွေလည်း သံသယတွေ ကင်းကာ အပြောအဆိုပါးနပ် လိမ္မာလွန်းတဲ့ ရေကြည်ချမ်းမြကို အချစ်တွေ ပိုလာကြမယ် ထင်ပါတယ်နော်။