ခွဲစိတ် ကုသရမယ့် သူမအတွက် တန်ဖိုးကြီး Branded လက်ဆောင် ပို့ပေးလာတဲ့ ကိုဘင်းနဲ့ နှိုင်းယှဥ်အား ဝမ်းသာပီတိဖြစ်စွာ ကျေးဇူးစကား ဆိုလာတဲ့ ကြူကြူသင်း

(Zawgyiဖြင့် ဖတ်ရန်)






ပေါ့ပါးသွက်လက်သော သရုပ်ဆောင်ချက်တို့ဖြင့် ပရိသတ်တွေကို နှစ်ကာလ ရှည်ကြာအောင် အနုပညာ ရသမြောက်စွာ သရုပ်ဆောင်ကာ ဖျော်ဖြေပေးခဲ့သော ဟာသသရုပ်ဆောင် တစ်ဉီးလည်း ဖြစ်ပါတယ်နော်။










(Unicodeဖြင့် ဖတ်ရန်)

ကိုဘင်းနဲ့ နှိုင်းယှဥ်မြင့်မိုရ်တို့က မျက်စိ ခွဲစိတ်ကုသမှုခံယူ ရမယ့် သူမအား မှတ်မှတ်ရရ တန်ဖိုးကြီးလက်ဆောင် တစ်ခု ပို့ပေးလာလို့

ဝမ်းမြောက်ပီတိ ဖြစ်စွာဖြင့် ကျေးဇူးတင် ဆုတောင်း စကားလေး ဆိုလာတဲ့ စွယ်စုံရ ဝါရင့် ဟာသ သရုပ်ဆောင် အန်တီ ကြူကြူသင်း

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ဝါရင့်သရုပ်ဆောင် ကြူကြူသင်း ကတော့ ရုပ်ရှင် ဗီဒီယို ဇာတ်ကားပေါင်းများစွာကို ရိုက်ကူး သရုပ်ဆောင်ခဲ့တဲ့

ပရိသတ်အချစ်တော် နိုင်ငံကျော် ဇာတ်ပို့သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ပါ တယ်နော်။ ကြူကြူသင်းဟာ ဆိုရင် အနုပညာသက်တမ်း တလျှောက်

ကျရာဇာတ်ရုပ်အပေါ်မှာ အနုပညာ ရသမြောက်စွာဖြင့် သရုပ်ဆောင်နိုင်ခဲ့တဲ့ အပြင် သူမရဲ့ထွားကြိုင်း သန်မာသော ခန္ဓာကိုယ်နှင့် ချစ်စရာကောင်းစွာ

ပေါ့ပါးသွက်လက်သော သရုပ်ဆောင်ချက်တို့ဖြင့် ပရိသတ်တွေကို နှစ်ကာလ ရှည်ကြာအောင် အနုပညာ ရသမြောက်စွာ သရုပ်ဆောင်ကာ ဖျော်ဖြေပေးခဲ့သော ဟာသသရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်နော်။

ယခုအခါမှာတော့ ပရိသတ် အချစ်တော် သရုပ်ဆောင်ကြူကြူသင်ဟာ အသက်အရွယ်တစ်ခုကို ရလာပြီမို့ မျက်လုံး အမြင်အာရုံ ကြည်လင်မှု သိပ်မရှိတော့တာကြောင့်

မျက်စိ ခွဲစိတ်မှု လုပ်ဖို့ရန် စီစဥ်နေရတာ ဖြစ်ပါတယ်။ ဒီလိုချိန်မှာ မကြာခင်မှာ ခွဲစိတ်ရတော့မယ့် သူ့အတွက် သရုပ်ဆောင် နှိုင်းယှဥ်မြင့်မိုရ်နဲ့ ကိုဘင်းတို့က

စီနီယာအနုပညာရှင် အစ်မတစ်ယောက် အပေါ် သိတတ်စွာဖြင့် သူမ တစ်ခါမှ ဝယ်မသုံးဖူးသော တန်ဖိုးကြီး ပစ္စည်းတစ်ခုကို ပေးပို့လာတဲ့အတွက် ဝမ်းမြောက်ကြည်နူးစွာ ကျေးဇူးစကားလေး ဆိုလာပါတယ်။

သရုပ်ဆောင်ကြူကြူသင်းက “တခါမှ ဈေးကြီး ဘရမ်းတွေ မဝယ်ဖူးပါဘူး၊ တပ်လည်း မတပ်ဖူးဘူး။ တီကြူ မျက်စိခွဲပြီး တပ်ဖို့တဲ့ မှာပြီး ပို့ပေးလိုက်တဲ့

ကိုဘင်းနဲ့နှိုင်းယှဉ် တို့ကို ကျေးဇူးတင် ပါတယ်။ စီးပွားလာဒ်လာဘတွေ တိုးတက်ကြပါစေ”ဆိုပြီး ကြည်နူးဝမ်းမြောက်စွာ ကျေးဇူးစကားလေး ဆိုရင်း ဆုတောင်းမေတ္တာ ပို့သပေးလာတာပါ။

ပရိသတ်ကြီးရေ ကိုဘင်း နဲ့ နှိုင်းယှဥ်တို့ ဇနီးမောင်နှံ ကတော့ ကိုယ်တိုင်လည်း အနုပညာလောကမှာ ခက်ခဲစွာ ရပ်တည်ကာ အောက်ခြေကနေ ကြိုးစားခဲ့ရသူတွေ ဖြစ်သလို

အောင်မြင် အဆင်ပြေကာ အခြေအနေတစ်ခု ရောက်လာချိန်မှာလည်း ဘဝမမေ့ ဘဝင်မမြင့်ဘဲ ဘဝတူ အနုပညာသမားတွေကို လက်တွဲခေါ်ယူ ကူညီထောက်ပံ့ပေးသူတွေ ဖြစ်တာမို့

တကယ့်ကို ချီးကျူးထိုက်သော လိုက်ဖက်ညီလွန်းသော အနုပညာရှင် မောင်နှံနှစ်ဖော် ပါပဲနော်။ ဒါ့ကြောင့်မို့ ကိုဘင်းနဲ့နှိုင်းယှဥ်တို့ ယခုထက်ပို အဆင်ပြေပြီး

လိုအပ်သူများကို တွဲခေါ်ကာ ကူညီဖေးမမှုများ ပို၍ ပြုနိုင်ပါစေကြောင်း ဆုတောင်း မေတ္တာစကားလေးတွေနဲ့ ဂုဏ်ပြု ချီးမြှင့်ပေး ခဲ့ကြပါအုံးနော်။