အိမ်ပြေးဘဝနဲ့ နားခိုရာ ပျောက်နေတဲ့ သူမနဲ့ သမီးကြီးအတွက် နွေးထွေးတဲ့ မေတ္တာအိမ်လေး ဖန်တီးပေးသော ချစ်ခင်ပွန်းကို ကျေးဇူးစကားလေး ဆိုလာတဲ့ ချမ်းချမ်း

(Zawgyiျဖင့္ ဖတ္ရန္)

မဂၤလာပါ ပရိသတ္ႀကီးေရ အဆိုေတာ္ ခ်မ္းခ်မ္း ကေတာ့ ပရိသတ္ေတြ ခ်စ္ခင္ အားေပးၾကရတဲ့ အသံအားေကာင္းေကာင္းနဲ႔

ခ်ိဳၿမိန္သာယာေသာ အသံပိုင္ရွင္ ႏိုင္ငံေက်ာ္ အမ်ိဳးသမီးအဆိုေတာ္ တစ္ၪီး ျဖစ္ပါတယ္။ ခ်မ္းခ်မ္းဟာ ဆိုရင္ သူမရဲ့သီခ်င္းမ်ားနဲ႔ ပရိသတ္ေတြကို

အေကာင္းဆံုး ေဖ်ာ္ေျဖႏိုင္ခဲ့သျဖင့္ ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွခဲ့သလို ႏိုင္ငံ့အေရးမွာလည္း ပရိသတ္ျပည္သူေတြနဲ႔ တစ္သားတည္း ရပ္တည္ေပးခဲ့တာ ေၾကာင့္

ပရိသတ္ေတြရဲ့ခ်စ္ျခင္း ေမတၲာတရားေတြနဲ႔ ဝန္းရံမႈေတြကို ပို၍တိုးကာ ရရိွေနသူတစ္ၪီးလည္း ျဖစ္ပါ တယ္ေနာ္။ ျပည္သူေတြနဲ႔ထပ္တူ ရပ္တည္ခဲ့တဲ့ ခ်မ္းခ်မ္းဟာ

ခင္ပြန္းျဖစ္သူနဲ႔အတူ အီတလီႏိုင္ငံမွာ အေျခခ်ေနထိုင္တာျဖစ္ၿပီး ျမန္မာျပည္မွာ က်န္ရစ္ခဲ့တဲ့ သမီးႀကီး ျမမိုးဂၤါေလးကိုလည္း ခက္ခက္ခဲခဲနဲ႔ ေခၚယူႏိုင္ခဲ့တာ

မၾကာခင္ရက္ပိုင္းကပဲ ျဖစ္ပါတယ္ေနာ္။ ခ်မ္းခ်မ္း ဟာ သမီးႀကီးျမမိုးအဂၤါေလးလည္း အတူရိွေနၿပီျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကားထားေသာ္လည္း

သမီးႀကီးရဲ့ လံုၿခံဳေရး အေျခအေနအရ လိုအပ္သျဖင့္ ယခုလက္ရိွသမီးႀကီး ပံုရိပ္ေတြကို ထင္ရွားစြာ ေဖာ္ျပျခင္းေတာ့ မရိွေသးတာကို ပရိသတ္ေတြအေနနဲ႔ နားလည္ေပးႏိုင္ ၾကမယ္ ထင္ပါတယ္ေနာ္။

ယေန့မွာေတာ့ အဆိုေတာ္ခ်မ္းခ်မ္းက ေမတၲာရိပ္ၿမံဳေလးမွာ လံုၿခံဳေနြးေထြးစြာ ထားေပးေသာ ခင္ပြန္းျဖစ္သူအား ေက်းဇူးတင္စကား ဆိုလာရင္း

ျမန္မာႏိုင္ငံရိွ ပရိသတ္ျပည္သူမ်ားအား သူမ ေရ႔ွဆက္လုပ္ကိုင္ ပါဝင္မည့္ လုပ္ငန္းေဆာင္တာမ်ားကို အခုလို တင္​ျပ ေျပာဆို အသိေပးလာတာကို ေတြ့ရပါတယ္ေနာ္။

အဆိုေတာ္ခ်မ္းခ်မ္းက “Home sweet home with the 🌈 rainbow ❤️❤️သမီးေလးေတြနဲ႔ ေနြးေထြးတဲ့ အိမ္ေလးကို ဖန္တီးေပးတဲ့ ေဖေဖ့ကို ေက်းဇူးတင္ ပါတယ္။

အိမ္ေျပးဘဝနဲ႔ ေနရာေပ်ာက္ေနတဲ့ က်မနဲ႔သမီးႀကီးေလးေရာ ပီလာေလးကိုပါ ေပ်ာ္ရႊင္ေအာင္ ျပည့္စံုေအာင္ ေပ်ာ္ရႊင္ေအာင္ထားတဲ့ေဖေဖ။

တခါတရံ ဘာမွ မပိုင္ဆိုင္ျခင္းက သင့္ကို လြတ္လပ္ေစတယ္။ ေအးခ်မ္းေစတယ္ဆိုတာ အမွန္ပါပဲ။ က်ယ္ဝန္းတဲ့စိုက္ခင္းေတြ ေလေကာင္းေလသန္႔ရႉရိႈက္ရင္း

စက္ဘီးေလးစီး ကေလးေတြက ၿခံထဲကစား ကိုယ္ နဲ႔ ကိူယ္ခ်စ္ရတဲ့သူႏွစ္ေယာက္သား ၿခံထဲ ထိုင္ပီး သက္တန္႔ႀကီးကို ၾကည့္ခြင့္ေပးလို႔ ဘုရားကို ေက်းဇူးတင္ပါတယ္။

အခုလို ျမန္မာျပည္မွာ အခက္ခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျပည္သူေတြ ကေလးမိဘေတြ စစ္ေရွာင္ေတြ ျပည္သူ႔ ဝန္ထမ္းေတြ ျပည္သူ႔အားကိုးရတဲ့

အမွန္တရား ဘက္ေတာ္သားေတြ အတြက္ တဖက္တလမ္းကေန အၿမဲ ကူညီခြင့္ရလို႔လည္း ဘုရားကိုေက်းဇူးတင္တယ္။ မၾကာမီမွာလည္း

လိုအပ္တဲ့ေနရာေတြ အဖြဲ႔အစည္းေတြကို ေထာက္ပံ့ေပးႏိုင္ေအာင္ က်မ အေနနဲ႔ တတ္စြမ္းတဲ့ အႏုပညာနဲ႔ ကူညီၿပီး ရံပံုေငြေတြ ရွာၿပီး ေထာက္ပံ့ေပးဖို႔ ႀကိဳးစားသြားမွာပါ။

က်မကို ခ်စ္တဲ့ က်မခ်စ္တဲ့ ပရိတ္သတ္ရဲ့ဆုေတာင္းေမတၲာေၾကာင့္ မိသားစုအားလံုး ေနေကာင္းက်န္းမာၾကပါတယ္။

က်မ ျပန္လည္ပို႔သေသာ ေမတၲာေၾကာင့္ ျမန္မာျပည္ႀကီး အျမန္ေအးခ်မ္းပါေစ ဆုေတာင္းပါတယ္ 🙏🙏🙏” ဆိုၿပီး ေရးသား ေျပာၾကား လာခဲ့တာပဲ ျဖစ္ ပါတယ္ေနာ္။

(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်း ကတော့ ပရိသတ်တွေ ချစ်ခင် အားပေးကြရတဲ့ အသံအားကောင်းကောင်းနဲ့

ချိုမြိန်သာယာသော အသံပိုင်ရှင် နိုင်ငံကျော် အမျိုးသမီးအဆိုတော် တစ်ဦး ဖြစ်ပါတယ်။ ချမ်းချမ်းဟာ ဆိုရင် သူမရဲ့သီချင်းများနဲ့ ပရိသတ်တွေကို

အကောင်းဆုံး ဖျော်ဖြေနိုင်ခဲ့သဖြင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သလို နိုင်ငံ့အရေးမှာလည်း ပရိသတ်ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ပေးခဲ့တာ ကြောင့်

ပရိသတ်တွေရဲ့ချစ်ခြင်း မေတ္တာတရားတွေနဲ့ ဝန်းရံမှုတွေကို ပို၍တိုးကာ ရရှိနေသူတစ်ဦးလည်း ဖြစ်ပါ တယ်နော်။ ပြည်သူတွေနဲ့ထပ်တူ ရပ်တည်ခဲ့တဲ့ ချမ်းချမ်းဟာ

ခင်ပွန်းဖြစ်သူနဲ့အတူ အီတလီနိုင်ငံမှာ အခြေချနေထိုင်တာဖြစ်ပြီး မြန်မာပြည်မှာ ကျန်ရစ်ခဲ့တဲ့ သမီးကြီး မြမိုးင်္ဂါလေးကိုလည်း ခက်ခက်ခဲခဲနဲ့ ခေါ်ယူနိုင်ခဲ့တာ

မကြာခင်ရက်ပိုင်းကပဲ ဖြစ်ပါတယ်နော်။ ချမ်းချမ်း ဟာ သမီးကြီးမြမိုးအင်္ဂါလေးလည်း အတူရှိနေပြီဖြစ်ကြောင်း အတည်ပြု ပြောကြားထားသော်လည်း

သမီးကြီးရဲ့ လုံခြုံရေး အခြေအနေအရ လိုအပ်သဖြင့် ယခုလက်ရှိသမီးကြီး ပုံရိပ်တွေကို ထင်ရှားစွာ ဖော်ပြခြင်းတော့ မရှိသေးတာကို ပရိသတ်တွေအနေနဲ့ နားလည်ပေးနိုင် ကြမယ် ထင်ပါတယ်နော်။

ယနေ့မှာတော့ အဆိုတော်ချမ်းချမ်းက မေတ္တာရိပ်မြုံလေးမှာ လုံခြုံနွေးထွေးစွာ ထားပေးသော ခင်ပွန်းဖြစ်သူအား ကျေးဇူးတင်စကား ဆိုလာရင်း

မြန်မာနိုင်ငံရှိ ပရိသတ်ပြည်သူများအား သူမ ရှေ့ဆက်လုပ်ကိုင် ပါဝင်မည့် လုပ်ငန်းဆောင်တာများကို အခုလို တင်​ပြ ပြောဆို အသိပေးလာတာကို တွေ့ရပါတယ်နော်။

အဆိုတော်ချမ်းချမ်းက “Home sweet home with the 🌈 rainbow ❤️❤️သမီးလေးတွေနဲ့ နွေးထွေးတဲ့ အိမ်လေးကို ဖန်တီးပေးတဲ့ ဖေဖေ့ကို ကျေးဇူးတင် ပါတယ်။

အိမ်ပြေးဘဝနဲ့ နေရာပျောက်နေတဲ့ ကျမနဲ့သမီးကြီးလေးရော ပီလာလေးကိုပါ ပျော်ရွှင်အောင် ပြည့်စုံအောင် ပျော်ရွှင်အောင်ထားတဲ့ဖေဖေ။

တခါတရံ ဘာမှ မပိုင်ဆိုင်ခြင်းက သင့်ကို လွတ်လပ်စေတယ်။ အေးချမ်းစေတယ်ဆိုတာ အမှန်ပါပဲ။ ကျယ်ဝန်းတဲ့စိုက်ခင်းတွေ လေကောင်းလေသန့်ရှူရှိုက်ရင်း

စက်ဘီးလေးစီး ကလေးတွေက ခြံထဲကစား ကိုယ် နဲ့ ကိူယ်ချစ်ရတဲ့သူနှစ်ယောက်သား ခြံထဲ ထိုင်ပီး သက်တန့်ကြီးကို ကြည့်ခွင့်ပေးလို့ ဘုရားကို ကျေးဇူးတင်ပါတယ်။

အခုလို မြန်မာပြည်မှာ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေ ကလေးမိဘတွေ စစ်ရှောင်တွေ ပြည်သူ့ ဝန်ထမ်းတွေ ပြည်သူ့အားကိုးရတဲ့

အမှန်တရား ဘက်တော်သားတွေ အတွက် တဖက်တလမ်းကနေ အမြဲ ကူညီခွင့်ရလို့လည်း ဘုရားကိုကျေးဇူးတင်တယ်။ မကြာမီမှာလည်း

လိုအပ်တဲ့နေရာတွေ အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးနိုင်အောင် ကျမ အနေနဲ့ တတ်စွမ်းတဲ့ အနုပညာနဲ့ ကူညီပြီး ရံပုံငွေတွေ ရှာပြီး ထောက်ပံ့ပေးဖို့ ကြိုးစားသွားမှာပါ။

ကျမကို ချစ်တဲ့ ကျမချစ်တဲ့ ပရိတ်သတ်ရဲ့ဆုတောင်းမေတ္တာကြောင့် မိသားစုအားလုံး နေကောင်းကျန်းမာကြပါတယ်။

ကျမ ပြန်လည်ပို့သသော မေတ္တာကြောင့် မြန်မာပြည်ကြီး အမြန်အေးချမ်းပါစေ ဆုတောင်းပါတယ် 🙏🙏🙏” ဆိုပြီး ရေးသား ပြောကြား လာခဲ့တာပဲ ဖြစ် ပါတယ်နော်။