ချစ်သူမင်းသားချောလေးနဲ့ ယှဥ်ရင် အမေအရွယ်အိုကြီး ဆိုပြီး ဝေဖန်နေကြတဲ့သူတွေကို မထင်မှတ်ထားတဲ့ အကွက်နဲ့ ချေမိုးပြလိုက်တဲ့ မြသဉ္ဇာလီ
(Zawgyiဖြင့် ဖတ်ရန်)
မိုးအောင်ရင်ဆိုတာနဲ့ နိုင်ငံကျော် အဆိုတော်ကြီး ဉီးအောင်ရင်ရဲ့သား ဗီဒီယိုခေတ်မှာ ဇာတ်ကားများစွာ ရိုက်ကူး အောင်မြင်ခဲ့တဲ့ မင်းသား တစ်ယောက် အဖြစ် အားလုံးက သိကြမှာ ဖြစ်ပါတယ်နော်။
သို့ပေမယ့် သူ့ရဲ့ချစ်သူဟာ သူနဲ့အသက်အရွယ် အရမ်းကွာဟနေတာကြောင့် အမေအရွယ် ချစ်သူကြီးဆိုပြီး ပရိသတ်အချို့ရဲ့ စနောက်မှုတွေကို ခံနေရတာလည်း ဖြစ်ပါတယ်။
တချိန်က သရုပ်ဆောင် မင်းသမီးဖြစ်ခဲ့ဖူးသူပီပီ ခန္ဓာကိုယ်ကို အလေးထား ထိန်းသိမ်း နိုင်သူဖြစ်တာကြောင့် အသက်အရွယ် တစ်ခုရလာသည့် ယနေ့တိုင် အမိုက်စားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ တစ်ဉီးဖြစ် ပါတယ်။
(Unicodeဖြင့် ဖတ်ရန်)
ချစ်သူနဲ့ယှဉ်ရင် အမေအရွယ်ဖြစ်နေပြီလို့ ဝေဖန်ပြောဆိုနေသူများအား ပေါ်တင် ချေမိုးပြလာတဲ့ တချိန်က မင်းသမီးဟောင်း မြသဉ္ဇာလီ
မိုးအောင်ရင်ဆိုတာနဲ့ နိုင်ငံကျော် အဆိုတော်ကြီး ဦးအောင်ရင်ရဲ့သား ဗီဒီယိုခေတ်မှာ ဇာတ်ကားများစွာ ရိုက်ကူး အောင်မြင်ခဲ့တဲ့ မင်းသား တစ်ယောက် အဖြစ် အားလုံးက သိကြမှာ ဖြစ်ပါတယ်နော်။
မိုးအာင်ရင်ဟာ ဆိုရင် အောင်မြင်နေစဥ် အချိန်ကာလမှာပဲ လမ်းမှားရောက်ခဲ့သဖြင့် အချိန်တော်ကြာပရိသတ်တွေနဲ့ ဝေးကွာသွားခဲ့ပြီး
ပြန်လည် လွတ်မြောက် လာပြီးချိန်မှာတော့ အရင်လို အနုပညာ လှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ဘဲ ပရိသတ်နဲ့ ဝေးကွာသယောင် ဖြစ်ခဲ့ တာကို တွေ့မြင်ရပါတယ်နော်။
ယခုနောက်ပိုင်း ကာလတွေမှာတော့ မိုးအောင်ရင်ဟာ DJ လောကကို DJ Saiဆိုတဲ့ နာမည်နဲ့ ဝင်ရောက် ထိုးဖောက်လာတာကို တွေ့ရပါတယ်။
အစပိုင်းမှာ ဝေဖန်ကဲ့ရဲ့မှုတွေ ကြုံတွေ့ခဲ့ရတဲ့ အတွက်လည်း သူကိုယ်တိုင် ဝါသနာပါရာကို တွေ့ခဲ့တာဖြစ်ပြီး ပါရမီလည်း ပါတယ်ဆိုတာကို သိခဲ့ရတဲ့အတွက်
ဒီဂျေလောကထဲ ဝင်လာတာပါ ဆိုပြီး ရှေ့ထွက်ဖြေရှင်းလာ ခဲ့ပါသေးတယ်နော်။ ယခုအချိန်မှာတော့ သူဟာ သူ့ရဲ့ဒီဂျေသမား ဘဝမှာ ပျော်ရွှင်စွာ ရှိနေတာကို မြင်တွေ့နေရပါတယ်။
မိုးအောင်ရင်ဟာ ဝါသနာပါရာကို လုပ်ကိုင်နေတဲ့ အတွက် ပျော်ရွှင်နေသလို ပျော်ရွှင် ကြည်နူးစရာကောင်းတဲ့ အချစ်ရေးကိုလည်း ပိုင်ဆိုင်ထားကြောင်း မကြာမကြာ ချပြလေ့ရှိသူပါ။
သို့ပေမယ့် သူ့ရဲ့ချစ်သူဟာ သူနဲ့အသက်အရွယ် အရမ်းကွာဟနေတာာကြောင့် အမေအရွယ် ချစ်သူကြီးဆိုပြီး ပရိသတ်အချို့ရဲ့ စနောက်မှုတွေကို ခံနေရတာလည်း ဖြစ်ပါတယ်။
မိုးအောင်ရင်ရဲ့လက်ရှိ ချစ်သူကတော့ တချိန်က ဗီဒီယိုဇာတ်ကား အတော်များများနဲ့ ဗီစီဒီတွေမှာ သရုပ်ဆောင်ခဲ့ဖူးသော မင်းသမီးတစ်လက် ဖြစ်ပြီး
ယခုအခါမှာတော့ စီးပွားရေးဖက်သာ ဇောက်ချလုပ်ကိုင် လျှက်ရှိသော မင်းသမီးဟောင်း မြသဉ္ဇာလီ ပဲဖြစ်ပါ တယ်နော်။ မြသဉ္ဇာလီ ကတော့
တချိန်က သရုပ်ဆောင် မင်းသမီးဖြစ်ခဲ့ဖူးသူပီပီ ခန္ဓာကိုယ်ကို အလေးထား ထိန်းသိမ်း နိုင်သူဖြစ်တာကြောင့် အသက်အရွယ် တစ်ခုရလာသည့် ယနေ့တိုင် အမိုက်စားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ် ပါတယ်။
တခေတ်တခါက မင်းသမီးဖြစ်ခဲ့ဖူးသော်လည်း ယခုအခါမှာ အရွယ်ကွာဟလွန်းသော မင်းသားမိုးအောင်ရင်နဲ့ တွဲပြီး ရိုလွန်းသော အပြုအမူတွေကြောင့်လည်း ဝေဖန်ခံနေရတာဖြစ်တဲ့
မြသဉ္ဇာလီက ယနေ့မှာတော့ သူမကို အမေအရွယ်ချစ်သူ ဆိုပြီး စနောက် ဝေဖန်နေကြသူတွေကို ယခုလို တုန့်ပြန်လာလို့ လာခဲ့ တာပဲ ဖြစ်ပါတယ်နော်။
မြသဉ္ဇာလီ က “အသက်ကြီး ပြီလေ၊ အမေအရွယ်ကြီး ဆိုတော့ မတ်တပ်ကြာကြာ မရပ်နိုင်လို့ မှီထားရတယ်။ မှီတာတောင် ပြုတ်မကျအောင်လို့
ပိုမိုတောင့်တင်း ခိုင်မာတဲ့ဘက်ကို မှီရတာ၊ အမလေး အိစက်နေရောဘဲ မှီလို့ ကောင်းလွန်းလို့ မန္တလေးကို ဘယ်လို ရောက်သွားမှန်းမသိ 😜😄😆😂 MTZL ❣️”ဆိုပြီး
ဝေဖန်သူတွေ အသံတိတ်အောင် ချေမိုးလို့ ရေးသား တင်လာခဲ့တာပဲ ဖြစ်ပါတယ်နော်။ ဒါ့အပြင် ယခင်ရက်ပိုင်းက ပြုလုပ်ခဲ့သော မိုးအောင်ရင်ရဲ့ မွေးနေ့ပါတီပွဲမှာလည်း
မိုးအောင်ရင်နဲ့ အများရှေ့မှာ အနမ်းမိုးတွေ ရွာချခဲ့လို့ လူမှုကွန်ယက်ထက်မှာ သတင်းစကားတွေ ပျံ့နှံ့တဲ့ အပေါ်မှာလည်း
ဝေဖန်သူတွေအား တုန့်ပြန်သောအားဖြင့် “အနမ်းမိုးတွေ ရွာချထည့်လိုက်တာ ရန်ကုန်မြို့ကြီးပါ ရေကြီးသွားတယ်တို့ဘာတို့ 😆😆😆”ဆိုပြီး ရေးသားလို့ တင်ထား လာပါသေးတယ်။
ပရိသတ်ကြီးရေ အရွယ်ချင်း ကွာဟပေမယ့် အချစ်ခြင်းတူမျှနေကြတဲ့ မိုးအောင်ရင်နဲ့ မြသဉ္ဇာလီတို့ စုံတွဲကတော့ ပရိသတ်တွေကို ရိုပြရုံ သာမက ဝေဖန်သူတွေကိုပါ ချေမိုးပြလာခဲ့တာပဲ ဖြစ်ပါတယ်နော်။