အရင်ပုံစံနဲ့ မတူဘဲ တမူထူးခြား ကွဲပြားစွာ ပြန်လည်ဖန်တီး ချပြလာတဲ့ သက်မွန်ထက်ရဲ့ “တောသူ အချစ်” (ရုပ်သံ)

(Zawgyiဖြင့် ဖတ်ရန်)


သက်မွန်ထက်ဟာ ဆိုရင် အညာကျေးလက်ဒေသ လူနေမှုဘဝနဲ့ စိတ်နေစိတ်ထားကို ပေါ်လွင်စေတဲ့ အမြဲတမ်း မရိုးနိုင်ခဲ့သော သီချင်းတစ်ပုဒ်ဖြစ်တဲ့ တောသူအချစ် သီးချင်းကို



သူမ ပြန်လည်သီဆိုခဲ့သော “တောသူ အချစ်”သီချင်းဟာဆိုရင် ရှေးယခင်ထဲက ကျော်ကြားအောင်မြင် ခဲ့သော သီချင်းဖြစ်ပြီး ကျေးလက်သဘာဝ စိတ်ထားနဲ့ အလေ့အထလေးတွေကို

ဖော်ကျူးရေးသား သီကုံးထားတဲ့ သီချင်းဖြစ်တာကြောင့် ယခုလို ဝေဖန်ခံခဲ့ရတာဖြစ်သလို တေးရေး ဂီတစာဆို ဆရာသက်ဉီးရဲ့ သမီးကိုယ်တိုင်က ဒီလိုပျက်ဆီးအောင်







(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီးရေ ဂီတလမ်းကြောင်ပေါ်ကို စတင်လျှောက်လှမ်းလာတဲ့ တက်သစ်စ အဆိုဝါသနာရှင်လေး သက်မွန်ထက် ကိုတော့ အားလုံး သိကြမယ် ထင်ပါတယ်နော်။

သက်မွန်ထက်ဟာ ဆိုရင် အညာကျေးလက်ဒေသ လူနေမှုဘဝနဲ့ စိတ်နေစိတ်ထားကို ပေါ်လွင်စေတဲ့ အမြဲတမ်း မရိုးနိုင်ခဲ့သော သီချင်းတစ်ပုဒ်ဖြစ်တဲ့ တောသူအချစ် သီချင်းကို

ပြန်လည်သီဆိုပြီး ဒါရိုက်တာ ရွှေလက်အောင်မင်းနှင့် MV ရိုက်ကူးခဲ့ရာမှာတော့ သီချင်းအား သရုပ်ဆောင်ပုံဖော်ရာတွင် ကဟန် သရုပ်ဆောင်ဟန်တို့က

သီချင်းနှင့် လုံးဝ ဆီလျော်ခြင်း မရှိဘဲ သီချင်းအား ပျက်ဆီးသွားစေသည် ဆိုကာ ပရိသတ်ပြည်သူတွေရဲ့ ပြင်းထန်စွာ ဝေဖန်မှုတွေကို ခံခဲ့ရတာကို တွေ့ရပါတယ်။

သူမ ပြန်လည်သီဆိူခဲ့သော “တောသူ အချစ်”သီချင်းဟာဆိုရင် ရှေးယခင်ထဲက ကျော်ကြားအောင်မြင် ခဲ့သော သီချင်းဖြစ်ပြီး ကျေးလက်သဘာဝ စိတ်ထားနဲ့ အလေ့အထလေးတွေကို

ဖော်ကျူးရေးသား သီကုံးထားတဲ့ သီချင်းဖြစ်တာကြောင့် ယခုလို ဝေဖန်ခံခဲ့ရတာဖြစ်သလို တေးရေး ဂီတစာဆို ဆရာသက်ဦးရဲ့ သမီးကိုယ်တိုင်က ဒီလိုပျက်ဆီးအောင်

ပြုလုပ်တာမျိုးတော့ လုံးဝ ခွင့်မပြုနိုင်ကြောင်း တားမြစ်ခဲ့သလို အင်တာဗျူးတွေမှာလည်း ပြတ်ပြတ်သားသား ပြောဆို တားမြစ်ခဲ့တာ တွေ့ရပါတယ်နော်။

ယခုအခါမှာတော့ ဒါရိုက်တာ ရွှေလက် အောင်မင်းကပဲ ပြန်လည်ရိုက်ကူး သက်မွန်ထက် သီဆိုကာ ယခင်ကနဲ့မတူတဲ့ ဟန်ပန်တွေနဲ့ ကျေးလက် အငွေ့အသက်တွေ ပါဝင်အောင်

ကိုယ်တိုင်ကြိုးစား သရုပ်ဆောင်ထားတဲ့ MVအဖြစ်နဲ့ ပုံစံတစ်မျိုးပြောင်းကာ ထွက်ရှိလို့ လာခဲ့ပြီး ပရိသတ်တော်တော် များများကလည်း

ယခုပြန်လည်ပြင်ဆင် ရိုက်ကူး သီဆိုလာသော သက်မွန်ထက်ရဲ့ “တောသူအချစ်” သီချင်းMVလေးကို ယခုတစ်ခါမှာတော့ နှစ်သက်သဘောစွာနဲ့ အားပေးနေကြတာကို တွေ့မြင် ရပါတယ်နော်။

သီဆိုသူ သက်မွန်ထက်နဲ့ ဒါရိုက်တာရွှေလက် အောင်မင်းတို့ရဲ့ ပြင်ဆင်ဖန်တီးထားတဲ့ MVအသစ်လေးကို ပရိသတ်ကြီးတို့ ကြည့်ရှု့ဝေဖန် နိုင်ရန်အတွက် အောက်ဆုံးမှာ ဖော်ပြပေးလိုက် ပါတယ်နော်။

ပရိသတ်ပြည်သူများ အနေနဲ့ ကြည့်ရှု့ခံစားပြီး အသစ်တဖန် ပြန်လည်ကြိုးစားပြလာတဲ့ သက်မွန်ထက်အတွက် မှတ်ချက်စကားလေးတွေ ပြောကြားပေးခဲ့ ကြပါအုံး။