ရုတ်တရက် အားကိုးမဲ့သွားရတဲ့ ခံစားချက်ကြီးနဲ့ သားနဲ့သမီးအတွက် ရှေ့ဆက်ရှင်သန်ခဲ့ရတာ ၁နှစ်ပြည့် သွားပြီဖြစ်ကြောင်း ခံစားချက်တွေ ရင်ဖွင့်လာတဲ့ နန်းမြတ်ဖြိုးသင်း

(Zawgyiျဖင့္ ဖတ္ရန္)

ေမာ္ဒယ္လ္သရုပ္ေဆာင္ အဆိုေတာ္တစ္ေယာက္ ျဖစ္တဲ့ နန္းျမတ္ၿဖိဳးသင္းကေတာ့ သြက္လက္ ထက္ျမတ္တဲ့ ပံုစံေလးနဲ႔ အႏုပညာေလာကထဲကို ထိုးဖာက္ဝင္ေရာက္လာ ခဲ့ၿပီး

ပရိသတ္ေတြရဲ့ ခ်စ္ျခင္းေတြကိုလည္း သိမ္းပိုက္ရယူ ႏိုင္ခဲ့တဲ့ သရုပ္ေဆာင္ မင္းသမီးေခ်ာေလး တစ္ၪီး ျဖစ္ပါတယ္ေနာ္။ နန္းျမတ္ၿဖိဳးသင္းဟာ အႏုပညာေလာကထဲမွာ လႈပ္ရွားစဥ္မွာလည္း

ပရိသတ္ေတြရဲ့ခ်စ္ျခင္းကို ခံယူရရိွႏိုင္ခဲ့သလို အိမ္ေထာင္ျပဳတဲ့ အခ်ိန္မွာလည္း သူမအေပၚ အရမ္းခ်စ္ၿပီး အႏြံတာခံ ၾကင္နာသလို မိသားစု အေပၚမွာလည္း

တာဝန္ေက်ပြန္လြန္းတဲ့ ခင္ပြန္းေကာင္းတစ္ေယာက္ကို ပိုင္ဆိုင္ႏိုင္ခဲ့ ပါတယ္။ သို႔ေပမယ့္ နန္းျမတ္ၿဖိဳးသင္းရဲ့ အမ်ိဳးသားျဖစ္သာ ကိုတာတာမ်ိဳးဟာ

အိမ္ေထာင္သက္ (၄) ႏွစ္အၾကာမွာပဲ ကိုဗစ္ေရာဂါ​ေၾကာင့္ သူ ခ်စ္ေသာ မိသားစုကို ခြဲခြာသြားခဲ့ ရပါတယ္။ နန္းျမတ္ၿဖိဳးသင္း ဟာ ခင္ပြန္းျဖစ္သူကို

လြမ္းဆြတ္ သတိရတဲ့ စိတ္ေတြနဲ႔ ေန့ရက္ေတြကို ရွင္သန္ ျဖတ္သန္းရင္း တစ္ဖက္မွာလည္း လူမမယ္အရြယ္ သားနဲ႔သမီးေလးအတြက္ အေကာင္းဆံုး ေမေမ အျဖစ္နဲ႔

ရုန္းကန္ ႀကိဳးစားရင္း ျပဳစုပ်ိဳးေထာင္ေပး ေနတာလည္း ျဖစ္ပါတယ္ေနာ္။ နန္းျမတ္ဟာ သားနဲ႔သမီး ဘဝေရ႔ွေရးအတြက္ ရသမ်ွ အလုပ္ေလးေတြကို ႀကိဳးစားလုပ္ကိုင္ေနသလို

ခင္ပြန္း ျဖစ္သူအတြက္လည္း အလုပ္တစ္ခု လုပ္ရတိုင္းမွာ ၁သိန္းက်ပ္ ရည္စူးလႉဒါန္းေပးေန တယ္လို႔ သိရိွရပါတယ္ေနာ္။ ဒီေန့မွာလည္း နန္းျမတ္ၿဖိဳးသင္းက

ခင္ပြန္းျဖစ္သူကိုတာတာမ်ိဳး ကြယ္လြန္ျခင္း ၁ႏွစ္ျပည့္အေနနဲ႔ ေကာင္းမႈေတြ ရည္စူးကုသိုလ္ေတြ ျပဳလုပ္ေပးျဖစ္တဲ့ ပံုရိပ္ေလးေတြကို ပရိသတ္မ်ား သာဓုေခၚႏိုင္ရန္ မ်ွေဝလာခဲ့ ရွာပါတယ္။

မေန့ကလည္း နန္းျမတ္ၿဖိဳးသင္းက သူမရဲ့ခ်စ္ခင္ပြန္းအား တမ္းတလြမ္းဆြတ္ စိတ္ေလးနဲ႔ သူမရဲ့ျဖတ္သန္းမႈေလးကို ေျပာျပရင္း သတိတရတမ္းတ စကားေလးေတြ ဆိုလာခဲ့ပါတယ္။

နန္းျမတ္ ၿဖိဳးသင္းက “နက္ျဖန္ဆို တႏွစ္ျပၫ့္ပီေလ။ အမွန္အတိုင္းေျပာရရင္ မရိွေတာ့ဘူး ဆိုတာႀကီးကို ေမ့ထားတာ။ သူရိွေနသလိုေလးျဖတ္သန္း ျဖစ္တယ္။

စိတ္ကို မအားေအာင္ ေနတယ္။ ဘဝမွာ ရုတ္တရက္အားကိုးမဲ့ သြားသလိုခံစားခ်က္က ပင္ပန္းပါတယ္။ ကေလး ႏွစ္ေယာက္အတြက္

အေကာင္းဆံုး ရပ္တည္ရမယ္ဆိုတဲ့စိတ္ေၾကာင့္သာ တၫ့္မတ္ႏိုင္တာ။ တခါတေလေတာ့လည္း ကိုယ့္ကိုကိုယ္ လိမ္ထားရတာ ေကာင္းတယ္။

အားလံုးလည္း အပူကိုယ္စီနဲ႔မို႔အေထြအထူးေတြ ေျပာျပမေနခ်င္ေတာ့ပါဘူး။ ဒီရက္ေလးေတြကေတာ့ ပိုလြမ္းရတာမို႔ တင္လိုက္တာပါ။

အားလံုးပဲ ခ်စ္တဲ့သူနဲ႔ အတူရိွခ်ိန္ေပ်ာ္ရႊင္ၾကပါေစ” ဆိုၿပီး သူမရဲ့ ခံစားခ်က္ေလးေတြကို မ်ွေဝရင္း အမွတ္တရ ပံုရိပ္ေလးေတြကို ထုတ္ျပလာခဲ့တာပါ။

ဒါ့အျပင္ သားျဖစ္သူ ဂ်က္ဂ်က္ေလး ကလည္း အေဖျဖစ္သူကို သတိရစိတ္နဲ႔ ရုတ္တရက္ႀကီး ထေမးကာ ငိုတဲ့အေၾကာင္းေလးကိုလည္း စိတ္မေကာင္းစြာနဲ႔

“ဂ်က္ေလးက သူ႔အေဖကို အရမ္းခ်စ္တယ္ ဒီတႏွစ္အတြင္းမွာထူးဆန္းစြာ လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္က ကစားေနရာကေန ရုတ္တရက္ အေမကို ေျပးလာဖက္ၿပီး

ေဖေဖက မရိွေတာ့ဘူးေပါ့ေနာ္ ဂ်က္ဂ်က္ ေဖေဖ့ကို သတိရလို႔တဲ့ ဆိုၿပီး ငိုရွာတယ္။ အားမတင္းထားႏိုင္ပဲ ကေလးနဲ႔အတူ ဖက္ငိုမိတယ္။

ရင္ထဲပူတဲ့ အပူက ေတာ္ေတာ္ပါပဲ၊ေက်ာင္းမွာ ပြဲေတြဘာေတြနဲ႔ သူမ်ားမိဘစံုစံုလင္လင္နဲ႔မ်ားဆို ကေလးႏွစ္ေယာက္ရဲ့ခံစားခ်က္

သူတို႔ေမးလာမယ့္ ေမးခြန္းေတြကို ေျဖဖို႔ အားေတာ္ေတာ္ ေမြးရဦးမယ္” ဆိုၿပီး ခ်စ္ေသာပရိသတ္ႀကီးအား ခံဝားခ်က္မ်ားကို ဖြင့္ဟေျပာလာခဲ့ ပါတယ္ေနာ္။

(Unicodeဖြင့် ဖတ်ရန်)

မော်ဒယ်လ်သရုပ်ဆောင် အဆိုတော်တစ်ယောက် ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့ သွက်လက် ထက်မြတ်တဲ့ ပုံစံလေးနဲ့ အနုပညာလောကထဲကို ထိုးဖာက်ဝင်ရောက်လာ ခဲ့ပြီး

ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကိုလည်း သိမ်းပိုက်ရယူ နိုင်ခဲ့တဲ့ သရုပ်ဆောင် မင်းသမီးချောလေး တစ်ဦး ဖြစ်ပါတယ်နော်။ နန်းမြတ်ဖြိုးသင်းဟာ အနုပညာလောကထဲမှာ လှုပ်ရှားစဥ်မှာလည်း

ပရိသတ်တွေရဲ့ချစ်ခြင်းကို ခံယူရရှိနိုင်ခဲ့သလို အိမ်ထောင်ပြုတဲ့ အချိန်မှာလည်း သူမအပေါ် အရမ်းချစ်ပြီး အနွံတာခံ ကြင်နာသလို မိသားစု အပေါ်မှာလည်း

တာဝန်ကျေပွန်လွန်းတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်နိုင်ခဲ့ ပါတယ်။ သို့ပေမယ့် နန်းမြတ်ဖြိုးသင်းရဲ့ အမျိုးသားဖြစ်သာ ကိုတာတာမျိုးဟာ

အိမ်ထောင်သက် (၄) နှစ်အကြာမှာပဲ ကိုဗစ်ရောဂါ​ကြောင့် သူ ချစ်သော မိသားစုကို ခွဲခွာသွားခဲ့ ရပါတယ်။ နန်းမြတ်ဖြိုးသင်း ဟာ ခင်ပွန်းဖြစ်သူကို

လွမ်းဆွတ် သတိရတဲ့ စိတ်တွေနဲ့ နေ့ရက်တွေကို ရှင်သန် ဖြတ်သန်းရင်း တစ်ဖက်မှာလည်း လူမမယ်အရွယ် သားနဲ့သမီးလေးအတွက် အကောင်းဆုံး မေမေ အဖြစ်နဲ့

ရုန်းကန် ကြိုးစားရင်း ပြုစုပျိုးထောင်ပေး နေတာလည်း ဖြစ်ပါတယ်နော်။ နန်းမြတ်ဟာ သားနဲ့သမီး ဘဝရှေ့ရေးအတွက် ရသမျှ အလုပ်လေးတွေကို ကြိုးစားလုပ်ကိုင်နေသလို

ခင်ပွန်း ဖြစ်သူအတွက်လည်း အလုပ်တစ်ခု လုပ်ရတိုင်းမှာ ၁သိန်းကျပ် ရည်စူးလှူဒါန်းပေးနေ တယ်လို့ သိရှိရပါတယ်နော်။ ဒီနေ့မှာလည်း နန်းမြတ်ဖြိုးသင်းက

ခင်ပွန်းဖြစ်သူကိုတာတာမျိုး ကွယ်လွန်ခြင်း ၁နှစ်ပြည့်အနေနဲ့ ကောင်းမှုတွေ ရည်စူးကုသိုလ်တွေ ပြုလုပ်ပေးဖြစ်တဲ့ ပုံရိပ်လေးတွေကို ပရိသတ်များ သာဓုခေါ်နိုင်ရန် မျှဝေလာခဲ့ ရှာပါတယ်။

မနေ့ကလည်း နန်းမြတ်ဖြိုးသင်းက သူမရဲ့ချစ်ခင်ပွန်းအား တမ်းတလွမ်းဆွတ် စိတ်လေးနဲ့ သူမရဲ့ဖြတ်သန်းမှုလေးကို ပြောပြရင်း သတိတရတမ်းတ စကားလေးတွေ ဆိုလာခဲ့ပါတယ်။

နန်းမြတ် ဖြိုးသင်းက “နက်ဖြန်ဆို တနှစ်ပြည့်ပီလေ။ အမှန်အတိုင်းပြောရရင် မရှိတော့ဘူး ဆိုတာကြီးကို မေ့ထားတာ။ သူရှိနေသလိုလေးဖြတ်သန်း ဖြစ်တယ်။

စိတ်ကို မအားအောင် နေတယ်။ ဘဝမှာ ရုတ်တရက်အားကိုးမဲ့ သွားသလိုခံစားချက်က ပင်ပန်းပါတယ်။ ကလေး နှစ်ယောက်အတွက်

အကောင်းဆုံး ရပ်တည်ရမယ်ဆိုတဲ့စိတ်ကြောင့်သာ တည့်မတ်နိုင်တာ။ တခါတလေတော့လည်း ကိုယ့်ကိုကိုယ် လိမ်ထားရတာ ကောင်းတယ်။

အားလုံးလည်း အပူကိုယ်စီနဲ့မို့အထွေအထူးတွေ ပြောပြမနေချင်တော့ပါဘူး။ ဒီရက်လေးတွေကတော့ ပိုလွမ်းရတာမို့ တင်လိုက်တာပါ။

အားလုံးပဲ ချစ်တဲ့သူနဲ့ အတူရှိချိန်ပျော်ရွှင်ကြပါစေ” ဆိုပြီး သူမရဲ့ ခံစားချက်လေးတွေကို မျှဝေရင်း အမှတ်တရ ပုံရိပ်လေးတွေကို ထုတ်ပြလာခဲ့တာပါ။

ဒါ့အပြင် သားဖြစ်သူ ဂျက်ဂျက်လေး ကလည်း အဖေဖြစ်သူကို သတိရစိတ်နဲ့ ရုတ်တရက်ကြီး ထမေးကာ ငိုတဲ့အကြောင်းလေးကိုလည်း စိတ်မကောင်းစွာနဲ့

“ဂျက်လေးက သူ့အဖေကို အရမ်းချစ်တယ် ဒီတနှစ်အတွင်းမှာထူးဆန်းစွာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ကစားနေရာကနေ ရုတ်တရက် အမေကို ပြေးလာဖက်ပြီး

ဖေဖေက မရှိတော့ဘူးပေါ့နော် ဂျက်ဂျက် ဖေဖေ့ကို သတိရလို့တဲ့ ဆိုပြီး ငိုရှာတယ်။ အားမတင်းထားနိုင်ပဲ ကလေးနဲ့အတူ ဖက်ငိုမိတယ်။

ရင်ထဲပူတဲ့ အပူက တော်တော်ပါပဲ၊ကျောင်းမှာ ပွဲတွေဘာတွေနဲ့ သူများမိဘစုံစုံလင်လင်နဲ့များဆို ကလေးနှစ်ယောက်ရဲ့ခံစားချက်

သူတို့မေးလာမယ့် မေးခွန်းတွေကို ဖြေဖို့ အားတော်တော် မွေးရဦးမယ်” ဆိုပြီး ချစ်သောပရိသတ်ကြီးအား ခံ၀ားချက်များကို ဖွင့်ဟပြောလာခဲ့ ပါတယ်နော်။