ဒေါင်းယာဥ်ပျံ ပရိသတ်တွေ အမြင်ချင်ဆုံး အဖြစ်ချင်ဆုံးဆန္ဒကို ဒီနေ့မှာ ဖြည့်ဆည်းပေးလိုက်ပြီ ဆိုတဲ့ ကိုနိုင်လင်း

(Zawgyiျဖင့္ ဖတ္ရန္)

မဂၤလာပါ ပရိသတ္ႀကီးေရ ယခုေနာက္ပိုင္းႏွစ္ေတြမွာ အႏုပညာေလာကမွာ ဇာတ္လမ္းတြဲေတြ ေခတ္စား လာခဲ့ၿပီး

ဇာတ္လမ္းတြဲ ထုတ္လႊင့္တဲ့ ခ်န္နယ္ မ်ားစြာထဲမွာမွ ပရိသတ္ ႏွစ္သက္ သေဘာအက်ဆံုး မင္းသား မင္းသမီး သရုပ္ေဆာင္မ်ား ထြက္ေပၚရာ ေနရာ

ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ေသာ ဇာတ္လမ္းတြဲမ်ား အမ်ားဆံုး ေပၚထြန္းရာ ေနရာကေတာ့ MRTV4 ရုပ္သံလိုင္း လို႔ ဆိုရရင္ မွားမယ္ မထင္ပါဘူး ေနာ္။

MRTV4ဇာတ္လမ္းတြဲ အမ်ားစုဟာ ပရိသတ္ႏွစ္သက္ သေဘာက်မႈကို လက္ခံ ရရိွခဲ့သလို၊ ဇာတ္လမ္းတြဲ သရုပ္ေဆာင္ေတြဟာလည္း က်ရာဇာတ္ရုပ္ေတြ တိုင္းမွာ

အပီျပင္ဆံုး အေကာင္းဆံုး ျဖစ္ေအာင္ လက္တြဲညီညီနဲ႔ ပံုေဖာ္ျပသ ႏိုင္ခဲ့လို႔ MRTV-4သရုပ္ေဆာင္ေတြ ဆိုလ်ွင္ ပရိသတ္ေတြ သေဘာက်ႏွစ္သက္ကာ

အားေပးမႈ အခိုင္အမာ ရရိွလာၾကသူေတြပဲ ျဖစ္ပါတယ္ေနာ္။ MRTV4ရုပ္သံကေန ဒီလိုေအာင္ျမင္လာတဲ့ ဇာတ္လမ္းတြဲေတြ၊ သရုပ္ေဆာင္ေတြ မ်ားစြာထဲကမွာ

ၿပီးခဲ့တဲ့ လပိုင္းက ထုတ္လႊင့္ျပသ ၿပီးခဲ့ေသာ “ေဒါင္းယာဥ္ပ်ံ ဘံုနေဘးမွာ စာေရးလို႔ ထားခ်င္တယ္”ဆိုေသာ ဇာတ္လမ္းတြဲဟာ ဟိုးယခင္ ရုပ္ရွင္ကားႀကီး အျဖစ္နဲ႔ ေအာင္ျမင္ခဲ့သလို

ယခုတဖန္ ဇာတ္လမ္း တြဲအေနျဖင့္ ျပန္လည္ရိုက္ကူး ပံုေဖာ္ကာ ျဖည့္စြက္ တင္ျပလာခဲ့ရာမွာလည္း ပရိသတ္ေတြ ဝက္ဝက္ကြဲဆိုသလို အားေပးခဲ့ၾကရတဲ့ ဇာတ္လမ္းတြဲႀကီး တစ္ခု ျဖစ္ပါတယ္ေနာ္။

ေဒါင္းယာဥ္ပ်ံမွာ ပါဝင္ၾကေသာ ဇာတ္ေဆာင္တိုင္းကို ပရိသတ္ေတြကအားရ ေက်နပ္ျဖစ္ခဲ့ ၾကသလို အဓိက ဇာတ္ေဆာင္ေတျြဖစ္တဲ့ ႏိုင္လင္း၊ တင္ေမၪီး၊ သက္သက္နဲ႔ ျမမိုးသူတို႔ရဲ့

သရုပ္ေဆာင္ခ်က္ေတြ ပီျပင္ေျပာင္ေျမာက္မႈကိုလည္း ပရိသတ္ေတြအားလံုးက ႏွစ္သက္သေဘာက် ခဲ့ၾကရတာ ျဖစ္ပါတယ္ ေနာ္။ ဇာတ္လမ္းတြဲအစမွ စၿပီး ဇာတ္သိမ္းပိုင္းအထိ

ဇာတ္သိမ္းပံု သိမ္းနည္းနဲ႔ သရုပ္ေဆာင္ခ်က္ေတြကို ပရိသတ္ေတြ ေက်နပ္အားရ ျဖစ္ခဲ့ၾကသည္ ဆိုေသာ္လည္း ပရိသတ္ေတြ ရင္ထဲမွာေတာ့

သူတို႔အားေပးမႈ အလိုက္ ျဖစ္ခ်င္တဲ့ ျမင္ခ်င္ ေတြ့ခ်င္တဲ့ လိုအင္ဆႏၵေလးေတြ တခ်ိဳ႕ က်န္ရိွ ေနခဲ့တာကို ေတြ့ရပါတယ္။ ဒီကေန့မွာေတာ့

ပရိသတ္ေတြရဲ့ သေဘာဆႏၵေလးကို ကိုႏိုင္လင္းနဲ႔မမၪီးတို႔က ျဖည့္ဆည္းကာ ပရိသတ္တို႔ကို ၾကည္ႏူးႏွစ္သိမ့္မႈေလး တစ္ခု ေပးလို႔ လာခဲ့ပါၿပီလို႔ ဆိုရမွာပါေနာ္။

ေက်ာ္ထက္ေဇာ္ (ခ) ကိုႏိုင္လင္း ကေတာ့ ေဒါင္းယာဥ္ပ်ံဇာတ္လမ္းတြဲက မမၪီးဖန္ေတြအတြက္ ျဖည့္ဆည္းမႈေလး တစ္ခု လုပ္ေပးလိုက္ေၾကာင္းကို

“ေဒါင္းယာဉ္ပ်ံ ဇာတ္လမ္းတြဲထဲမွာ သက္သက္နဲ႔ပဲ မဂၤလာေဆာင္ခဲ့ရတယ္။ မမဦးနဲ႔ေရာ ျမမိုးသူနဲ႔ေရာ မဂၤလာမေဆာင္ ခဲ့ရဘူး။

မမဦးကို သနားေနတဲ့ ပရိသတ္ေတြအတြက္ မဂၤလာေဆာင္တဲ့ ပံုရိပ္ေလးေတြ ဖန္တီးေပးတာပါ “ဆိုၿပီး မမၪီးနဲ႔ မဂၤလာပံုရိပ္ေတြ ရိုက္ကူးျဖစ္ပံုကို ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္ေနာ္။

ဆုထက္လိႈင္ကလည္း “ေဒါင္းယာဉ္ပ်ံက ဆုထက္အတြက္ အမွတ္တရေတြ အမ်ားႀကီး ရိွခဲ့တဲ့ ဇာတ္ကားပါ။ ပရိသတ္ေတြ ေပးတဲ့ ေနရာေလး တစ္ေနရာ

ရခဲ့တဲ့ အတြက္လည္း ေက်နပ္ရပါတယ္။ေမာင္ထိပ္ထားစံ ဂိုဏ္းခ်ဳပ္ႀကီးဆိုၿပီး Troll ေလးေတြ ေတြ့ရေတာ့လည္း ေပ်ာ္ရပါတယ္ ”ဆိုၿပီး ေဒါင္းယာဥ္ပ်ံနဲ႔ ပတ္သက္လို႔

ပရိသတ္အခ်စ္ေတာ္ မမၪီးက မွတ္မွတ္ရရ စကားေလးေတြ ေျပာၾကားရင္း ပရိသတ္ႀကီးကို ေက်းဇူးတင္ စကားေလး ဆိုလာ ခဲ့တာပါေနာ္။

ကိုႏိုင္လင္းနဲ႔ မမၪီး ကို ခ်စ္ၾကေသာ ေဒါင္းယာဥ္ပ်ံ ဇာတ္လမ္းတြဲ ဖန္ေတြအေနနဲ႔ ႏိုင္လင္းနဲ႔မမၪီးတို႔ရဲ့ မဂၤလာ စံုတြဲ ပံုရိပ္ေလးေတြကို ၾကည့္ၿပီး ႏွစ္သက္ သေဘာက်မိၾကၿပီး

မမၪီးကို ခ်စ္ခင္ သနားၾကေသာ မမၪီးဖန္ေတြလည္း ျမင္ခ်င္ေတြ့ခ်င္ ခဲ့တဲ့ ဆႏၵေလး ဒီေန့မွာ ျပည့္ဝသြားလို႔ ေက်နပ္ ႏိုင္ၾကမယ္ ထင္ပါတယ္ေနာ္။

(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုနောက်ပိုင်းနှစ်တွေမှာ အနုပညာလောကမှာ ဇာတ်လမ်းတွဲတွေ ခေတ်စား လာခဲ့ပြီး

ဇာတ်လမ်းတွဲ ထုတ်လွှင့်တဲ့ ချန်နယ် များစွာထဲမှာမှ ပရိသတ် နှစ်သက် သဘောအကျဆုံး မင်းသား မင်းသမီး သရုပ်ဆောင်များ ထွက်ပေါ်ရာ နေရာ

ပရိသတ်တွေ ကြိုက်နှစ်သက်သော ဇာတ်လမ်းတွဲများ အများဆုံး ပေါ်ထွန်းရာ နေရာကတော့ MRTV4 ရုပ်သံလိုင်း လို့ ဆိုရရင် မှားမယ် မထင်ပါဘူး နော်။

MRTV4ဇာတ်လမ်းတွဲ အများစုဟာ ပရိသတ်နှစ်သက် သဘောကျမှုကို လက်ခံ ရရှိခဲ့သလို၊ ဇာတ်လမ်းတွဲ သရုပ်ဆောင်တွေဟာလည်း ကျရာဇာတ်ရုပ်တွေ တိုင်းမှာ

အပီပြင်ဆုံး အကောင်းဆုံး ဖြစ်အောင် လက်တွဲညီညီနဲ့ ပုံဖော်ပြသ နိုင်ခဲ့လို့ MRTV-4သရုပ်ဆောင်တွေ ဆိုလျှင် ပရိသတ်တွေ သဘောကျနှစ်သက်ကာ

အားပေးမှု အခိုင်အမာ ရရှိလာကြသူတွေပဲ ဖြစ်ပါတယ်နော်။ MRTV4ရုပ်သံကနေ ဒီလိုအောင်မြင်လာတဲ့ ဇာတ်လမ်းတွဲတွေ၊ သရုပ်ဆောင်တွေ များစွာထဲကမှာ

ပြီးခဲ့တဲ့ လပိုင်းက ထုတ်လွှင့်ပြသ ပြီးခဲ့သော “ဒေါင်းယာဥ်ပျံ ဘုံနဘေးမှာ စာရေးလို့ ထားချင်တယ်”ဆိုသော ဇာတ်လမ်းတွဲဟာ ဟိုးယခင် ရုပ်ရှင်ကားကြီး အဖြစ်နဲ့ အောင်မြင်ခဲ့သလို

ယခုတဖန် ဇာတ်လမ်း တွဲအနေဖြင့် ပြန်လည်ရိုက်ကူး ပုံဖော်ကာ ဖြည့်စွက် တင်ပြလာခဲ့ရာမှာလည်း ပရိသတ်တွေ ဝက်ဝက်ကွဲဆိုသလို အားပေးခဲ့ကြရတဲ့ ဇာတ်လမ်းတွဲကြီး တစ်ခု ဖြစ်ပါတယ်နော်။

ဒေါင်းယာဥ်ပျံမှာ ပါဝင်ကြသော ဇာတ်ဆောင်တိုင်းကို ပရိသတ်တွေကအားရ ကျေနပ်ဖြစ်ခဲ့ ကြသလို အဓိက ဇာတ်ဆောင်တွေဖြစ်တဲ့ နိုင်လင်း၊ တင်မေဦး၊ သက်သက်နဲ့ မြမိုးသူတို့ရဲ့

သရုပ်ဆောင်ချက်တွေ ပီပြင်ပြောင်မြောက်မှုကိုလည်း ပရိသတ်တွေအားလုံးက နှစ်သက်သဘောကျ ခဲ့ကြရတာ ဖြစ်ပါတယ် နော်။ ဇာတ်လမ်းတွဲအစမှ စပြီး ဇာတ်သိမ်းပိုင်းအထိ

ဇာတ်သိမ်းပုံ သိမ်းနည်းနဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေ ကျေနပ်အားရ ဖြစ်ခဲ့ကြသည် ဆိုသော်လည်း ပရိသတ်တွေ ရင်ထဲမှာတော့

သူတို့အားပေးမှု အလိုက် ဖြစ်ချင်တဲ့ မြင်ချင် တွေ့ချင်တဲ့ လိုအင်ဆန္ဒလေးတွေ တချို့ ကျန်ရှိ နေခဲ့တာကို တွေ့ရပါတယ်။ ဒီကနေ့မှာတော့

ပရိသတ်တွေရဲ့ သဘောဆန္ဒလေးကို ကိုနိုင်လင်းနဲ့မမဦးတို့က ဖြည့်ဆည်းကာ ပရိသတ်တို့ကို ကြည်နူးနှစ်သိမ့်မှုလေး တစ်ခု ပေးလို့ လာခဲ့ပါပြီလို့ ဆိုရမှာပါနော်။

ကျော်ထက်ဇော် (ခ) ကိုနိုင်လင်း ကတော့ ဒေါင်းယာဥ်ပျံဇာတ်လမ်းတွဲက မမဦးဖန်တွေအတွက် ဖြည့်ဆည်းမှုလေး တစ်ခု လုပ်ပေးလိုက်ကြောင်းကို

“ဒေါင်းယာဉ်ပျံ ဇာတ်လမ်းတွဲထဲမှာ သက်သက်နဲ့ပဲ မင်္ဂလာဆောင်ခဲ့ရတယ်။ မမဦးနဲ့ရော မြမိုးသူနဲ့ရော မင်္ဂလာမဆောင် ခဲ့ရဘူး။

မမဦးကို သနားနေတဲ့ ပရိသတ်တွေအတွက် မင်္ဂလာဆောင်တဲ့ ပုံရိပ်လေးတွေ ဖန်တီးပေးတာပါ “ဆိုပြီး မမဦးနဲ့ မင်္ဂလာပုံရိပ်တွေ ရိုက်ကူးဖြစ်ပုံကို ပြောလာခဲ့တာပဲ ဖြစ်ပါတယ်နော်။

ဆုထက်လှိုင်ကလည်း “ဒေါင်းယာဉ်ပျံက ဆုထက်အတွက် အမှတ်တရတွေ အများကြီး ရှိခဲ့တဲ့ ဇာတ်ကားပါ။ ပရိသတ်တွေ ပေးတဲ့ နေရာလေး တစ်နေရာ

ရခဲ့တဲ့ အတွက်လည်း ကျေနပ်ရပါတယ်။မောင်ထိပ်ထားစံ ဂိုဏ်းချုပ်ကြီးဆိုပြီး Troll လေးတွေ တွေ့ရတော့လည်း ပျော်ရပါတယ် ”ဆိုပြီး ဒေါင်းယာဥ်ပျံနဲ့ ပတ်သက်လို့

ပရိသတ်အချစ်တော် မမဦးက မှတ်မှတ်ရရ စကားလေးတွေ ပြောကြားရင်း ပရိသတ်ကြီးကို ကျေးဇူးတင် စကားလေး ဆိုလာ ခဲ့တာပါနော်။

ကိုနိုင်လင်းနဲ့ မမဦး ကို ချစ်ကြသော ဒေါင်းယာဥ်ပျံ ဇာတ်လမ်းတွဲ ဖန်တွေအနေနဲ့ နိုင်လင်းနဲ့မမဦးတို့ရဲ့ မင်္ဂလာ စုံတွဲ ပုံရိပ်လေးတွေကို ကြည့်ပြီး နှစ်သက် သဘောကျမိကြပြီး

မမဦးကို ချစ်ခင် သနားကြသော မမဦးဖန်တွေလည်း မြင်ချင်တွေ့ချင် ခဲ့တဲ့ ဆန္ဒလေး ဒီနေ့မှာ ပြည့်ဝသွားလို့ ကျေနပ် နိုင်ကြမယ် ထင်ပါတယ်နော်။