“စေတစ်လုံးမောင်ဘုန်း”နဲ့ပတ်သက်သော စိတ်မကောင်းစရာ သတင်းအား မောင်ဘုန်းပရိသတ်ကြီးကို ဝမ်းနည်းစွာ အသိပေးလာတဲ့ ဒါရိုက်တာ သန်းထိုက်(ရွှေရိပ်)
(Zawgyiဖြင့် ဖတ်ရန်)
(Unicodeဖြင့် ဖတ်ရန်)
လွန်ခဲ့သော လအတန်ကြာက MRTV4 ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့တဲ့ “စေတစ်လုံး မောင်ဘုန်း” ဇာတ်လမ်းတွဲကို ပရိသတ်ကြီးများအားလုံး မှတ်မိကြဦးမယ်ထင်ပါတယ်။
“စေတစ်လုံးမောင်ဘုန်း” ဇာတ်လမ်းတွဲကို ဒါရိုက်တာ သန်းထိုက်(ရွှေရိပ်) ကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်း ရေးသား တင်ဆက် ရိုက်ကူးခဲ့တာဖြစ်ပြီး သရုပ်ဆောင် မင်းဘုန်းမြတ်၊ မုဏ်း၊
ခိုင်သဇင်ငုဝါ၊ ကျော်ထက်၊ ရဲလင်းအောင်၊ ဆုလင်းရှိန် စသော သရုပ်ဆောင်တွေ အများအပြား ပီပြင်စွာ ပါဝင်သရုပ်ဆောင်ခဲ့ကာ ပရိသတ်ကြီးရဲ့ အားပေးမှုကို
ဝက်ဝက်ကွဲလို့ ဆိုရလောက်အောင်ထိ အောင်မြင်မှု အားပေးမှုတွေ ရရှိခဲ့တာ ပဲဖြစ်ပါတယ်။ စေတစ်လုံးမောင်ဘုန်း နေရာမှာ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့
သရုပ်ဆောင် မင်းသားချော မင်းဘုန်းမြတ် ဟာဆိုရင်လည်း သူ့ရဲ့ ပီပြင်ပြောင်မြောက်ကာ သဘာဝါကျလွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေ ပါးစပ်ဖျားမှာ
ချစ်စနိုးနဲ့ ဇာတ်ကောင်နာမည် အတိုင်း “မောင်ဘုန်း”ရယ်ဆိုပြီး ခေါ်ဆိုကြတော့တဲ့ အထိ နာမည်ထင်ကျန်ခဲ့စေတဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်နော်။
ထိုကဲ့သို့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် ကိုယ်တိုင်ဇာတ်လမ်း ဇာတ်ညွှန်း ရေးသားစီစဥ် တင်ဆက်ခဲ့တဲ့ ဒါရိုက်တာ သန်းထိုက်(ရွှေရိပ်) ဟာ “စေတလုံး မောင်ဘုန်း” ဇာတ်လမ်းတွဲ Season 2 ကို
ဆက်လက်ရိုက်ကူးဖို့ အားထုတ် ကြိုးပမ်းခဲ့ပြီး ပရိသတ်တွေကလည်း မျှော်လင့်စောင့်စား နေကြတာပါ။ သို့ပေမယ့် ဒီကနေ့မှာတော့
ဒါရိုက်တာသန်းထိုက် (ရွှေရိပ်)က စေတစ်လုံး မောင်ဘုန်း ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး မောင်ဘုန်းပရိသတ်ကြီးအား ဝမ်းနည်းစရာ သတင်းတစ်ခုကို ခုလိုပဲ စိတ်မကောင်းစွာ မျှဝေလာပါတယ်။
ဒါရိုက်တာ သန်းထိုက် (ရွှေရိပ်) က “ချစ်စွာသော စေတစ်လုံးမောင်ဘုန်း ပရိသတ်ကြီးအား တောင်းပန်ပါသည်။ လက်ရှိ ခေတ်အခြေအနေရ စေတစ်လုံးမောင်ဘုန်း Season 2 ကို
စီစဉ်နေဆဲ ကာလမှာတင် စိတ်မကောင်းကြီးစွာ ရပ်တန့်လိုက်ရပါသည်။ Season 1 ပြီးသည်နှင့် အောင်မြင်နေသော အခြား စီးပွားရေး လုပ်ငန်းများကို ရပ်တန့်ပြီး
ဆက်လက်စီစဉ်ရန် ကြိုးစားခဲ့သော်လည်း အခုတော့ လမ်းခုလတ်တင် ရပ်လိုက်ရဖို့ ဖြစ်လာပါသည်။ မိသားစု စားဝတ်နေရေးဘက် ဦးပြန်လှည့်ရန်မဖြစ်မနေ ကိစ္စကြီးဖြစ်လာသည်မို့
ကျတော်သည်လည်း လက်ရှိ အနုပညာအလုပ်များကို ရပ်တန့်လိုက်ရပါသည်။ ယုံကြည်ချက်တစ်ခုနဲ့ စေတစ်လုံးမောင်ဘုန်းဆက်ရိုက်ရန် ပြင်ဆင်နေဆဲမှာပင် ဆက်လက်ရပ်တည်ဖို့
ယုံကြည်ရန် အခက်အခဲများကြောင့် ရပ်တန့်လိုက်ရသည့် အပေါ် ချစ်စွာသော စေတစ်လုံးမောင်ဘုန်း ပရိတ်သတ်ကြီး နားလည်ပေးလိမ့်မည်ကိုလည်း
မျှော်လင့် ယုံကြည် ပါသည် ခင်ဗျာ။ ပုံမှန်အခြေအနေတစ်ခု ပြန်မရောက်လာမချင်း ယုံကြည်ချက်ထားမရနိုင်တော့သည့် အနုပညာလုပ်ငန်းများကို ရပ်တန့်နေဆဲ ဖြစ်ပါလိမ့်ဦးမည်။”ဆိုပြီး
ဒါရိုက်တာသန်းထိုက်(ရွှေရိပ်)က ပရိသတ်တွေ စိတ်အားထက်သန်စွာ စောင့်မျှော်နေကြတဲ့ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲ ဒုတိယတွဲကို ရပ်တန့် လိုက်ပြီဖြစ်တဲ့ အတွက်
စေတစ်လုံးမောင်ဘုန်းကို အားပေးကြသော မျှော်လင့်စောင့်စားနေကြသော ပရိသတ်ကြီးအနေနဲ့ နားလည်ပေးဖို့ တောင်းဆို လာတာ ပဲဖြစ်ပါတယ်။