Liveလွှင့်နေစဥ်မှာ မင်းမော်ကွန်း လာပြောတဲ့ စကားတစ်ခွန်းကို အရေးတယူနဲ့ အလေးထားကြောင်း ချက်ချင်း လုပ်ရပ်နဲ့ သက်သေပြခဲ့တဲ့ ခင်လှိုင်

(Zawgyiျဖင့္ ဖတ္ရန္)

Live လႊင့္ေနတုန္း ေကာမန႔္လာေပးတဲ့ ျပည့္သူ႔အခ်စ္ေတာ္ မင္းသား မင္းေမာ္ကြန္း​ရဲ့ စကားအား အေလးထားေသာအားျဖင့္ ခ်က္ခ်င္းဆိုသလို Live ပိတ္ေပးခဲ့တဲ့ ဝါရင့္သရုပ္ေဆာင္ ၪီးခင္လိႈင္

မဂၤလာပါ ပရိသတ္ႀကီးေရ ခင္လိႈင္ ကေတာ့ ႏိုင္ငံေက်ာ္ ဟာသသရုပ္ေဆာင္ တစ္ေယာက္ ျဖစ္သလို တခ်ိန္တုန္းက နာမည္ေက်ာ္ လူရႊင္ေတာ္ တစ္ေယာက္လည္းျဖစ္ ပါတယ္ေနာ္။

ၪီးခင္လိႈင္ဟာ အၿငိမ့္သဘင္၊ ဗီဒီယိုေခတ္ေတြ သာမကဘဲ ရုပ္ရွင္ေခတ္မွာပါ ေခတ္အဆက္ဆက္ တိုင္ေအာင္ နာမည္ေက်ာ္ၾကား ေအာင္ျမင္လာခဲ့သူ တစ္ေယာက္ပဲျဖစ္ပါတယ္။

ၪီးခင္လိႈင္ဟာဆိုရင္ ဟာသ လူရႊင္ေတာ္ တစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ့ ဘဝ အေမာေတြကို ေျပေစခဲ့သလို အၾကမ္းအရမ္းနဲ႔ ဒရမ္မာပိုင္းေတြမွာပါ

ဇာတ္ရုပ္အတိုင္း အေကာင္းဆံုး ပီျပင္ေအာင္ သရုပ္ေဖာ္ေဆာင္ ႏိုင္ေသာ ႏိုင္ငံေက်ာ္ စြယ္စံုရ ဝါရင့္ အႏုပညာရွင္ တစ္ၪီးလို႔လည္း ျဖစ္ပါ တယ္ေနာ္။

ခင္လိႈင္ဟာ လက္ရိွႏိုင္ငံေရးအေျခအေနေတြ ၾကားမွာ ဆႏၵျပစဥ္က ျပည္သူေတြနဲ႔အတူ ထပ္တူ ရပ္တည္ခဲ့ၿပီး ဖမ္းဝရမ္းထုတ္ခံ ခဲ့ရပါေသးတယ္။

ေနာက္ပိုင္းမွာ ဝရမ္းပယ္ဖ်က္ ခံရၿပီးခ်ိန္မွသာ ပရိသတ္ေရ႔ွေမွာက္ကို ျပန္လည္ ေရာက္ရိွ လာခဲ့တာ ပဲျဖစ္ပါတယ္။ လတ္တေလာ အခ်ိန္မွာေတာ့ သရုပ္ေဆာင္ခင္လိႈင္ဟာ

ရုပ္ရွင္ဇာတ္ကားေတြ မရိုက္ကူးျဖစ္ေတာ့ေပမယ့္ အြန္လိုင္းထက္ ကေနၿပီးေတာ့ Live လႊင့္ေဈးေရာင္းတဲ့အလုပ္ကို လုပ္ကိုင္ေနလ်က္ ရိွသလို

သူ႔ရဲ့ကိုယ္ပိုင္ စားေသာက္ဆိုင္လုပ္ငန္းကိုလည္း တိုးခ်ဲ့ ဖြင့္လွစ္ကာ မိသားစု တက္ညီလက္ညီနဲ႔ စီးပြားေရး လုပ္ငန္းမ်ား လုပ္ကိုင္လ်ွက္ရိွပါတယ္။

မေန့ကေတာ့ ၪီးခင္လိႈင္ဟာ အျခားအြန္လိုင္း ဆယ္လီတခ်ိဳ႕နဲ႔ Live လႊင့္ေဈးေရာင္းေနစဥ္မွာပဲ ျပည္သူ႔ဖက္က ျပတ္ျပတ္သားသား ရပ္တည္ေပးခဲ့ကာ ျပည္သူႏွင့္အတူ

အာဏာရွင္ကို ေတာ္လွန္ေနေသာ ျပည္သူခ်စ္ မင္းသားႀကီး တစ္ၪီးျဖစ္တဲ့ ျပည္သူ႔အခ်စ္ေတာ္ သရုပ္ေဆာင္ မင္းေမာ္ကြန္းရဲ့ ေကာမန႔္ေၾကာင့္

ခ်က္ခ်င္းဆိုသလို လိုက္ခ္ကို ပိတ္ေပးလိုက္ကာ လုပ္လက္စ အလုပ္ကို ရပ္နားေပး ခဲ့တာကို ေတြ့ရပါတယ္။ သရုပ္ေဆာင္မင္းေမာ္ကြန္းက ခင္လိႈင္ရဲ့ Live ေအာက္မွာ

“ကိုခင္လိႈင္ေရ ကြၽန္ေတာ္ သတိထပ္ေပးခ်င္ ပါတယ္။ ပံုမွန္ျဖစ္ေနသလို မေနၾကဖို႔ပါ” ဆိုၿပီး ေကာမန႔္ လာေပးခဲ့တာ ျဖစ္ၿပီး ခင္လိႈင္ဟာလည္း ထိုမန္႔ကို သတိျပဳမိလိုက္တာနဲ႔

လိုင္းက်သြားၿပီ လိုင္းက အဝိုင္းလည္ကာ ထစ္ေနတယ္ဆိုၿပီး ေျပာကာ သူ လႊင့္လက္စ Liveဗီဒီယိုကို ခ်က္ခ်င္းဆိုသလို တေလးတစားနဲ႔ ပိတ္ေပးခဲ့တာပဲျဖစ္ပါတယ္။

ၪီးခင္လိႈင္ကေတာ့ သူ႔ရဲ့အလုပ္အျဖစ္ Liveလႊင့္ကာ ေဈးေရာင္းတဲ့အလုပ္ကို လုပ္ခဲ့ရတယ္ဆိုေပမယ့္ ျပည္သူ႔ဘက္ေတာ္သား မင္းသားရဲ့ ေကာမန႔္ကို

ျမင္ျမင္ခ်င္း မွာေတာ့ မင္းေမာ္ကြန္းရဲ့စကားကို အေလးထားၿပီး တစ္သံုတစ္ရာ ဆန္႔က်င္ ေျပာဆိုျခင္း မျပဳဘဲ ရပ္တန္႔ေပးခဲ့တာ ျဖစ္တဲ့အတြက္

ပရိသတ္ျပည္သူေတြက ၪီးခင္လိႈင္ရဲ့ ျပည္သူ႔အခ်စ္ေတာ္ မင္းေမာ္ကြန္းအေပၚ အေလးထားမႈကို အသိအမွတ္ျပဳကာ ခ်ီးက်ူး ေျပာဆိုမႈမ်ား ျပဳေနၾကတာကိုလည္း ေတြ့ရပါတယ္ေနာ္။

(Unicodeဖြင့် ဖတ်ရန်)

Live လွှင့်နေတုန်း ကောမန့်လာပေးတဲ့ ပြည့်သူ့အချစ်တော် မင်းသား မင်းမော်ကွန်း​ရဲ့ စကားအား အလေးထားသောအားဖြင့် ချက်ချင်းဆိုသလို Live ပိတ်ပေးခဲ့တဲ့ ဝါရင့်သရုပ်ဆောင် ဦးခင်လှိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ ခင်လှိုင် ကတော့ နိုင်ငံကျော် ဟာသသရုပ်ဆောင် တစ်ယောက် ဖြစ်သလို တချိန်တုန်းက နာမည်ကျော် လူရွှင်တော် တစ်ယောက်လည်းဖြစ် ပါတယ်နော်။

ဦးခင်လှိုင်ဟာ အငြိမ့်သဘင်၊ ဗီဒီယိုခေတ်တွေ သာမကဘဲ ရုပ်ရှင်ခေတ်မှာပါ ခေတ်အဆက်ဆက် တိုင်အောင် နာမည်ကျော်ကြား အောင်မြင်လာခဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်။

ဦးခင်လှိုင်ဟာဆိုရင် ဟာသ လူရွှင်တော် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ဘဝ အမောတွေကို ပြေစေခဲ့သလို အကြမ်းအရမ်းနဲ့ ဒရမ်မာပိုင်းတွေမှာပါ

ဇာတ်ရုပ်အတိုင်း အကောင်းဆုံး ပီပြင်အောင် သရုပ်ဖော်ဆောင် နိုင်သော နိုင်ငံကျော် စွယ်စုံရ ဝါရင့် အနုပညာရှင် တစ်ဦးလို့လည်း ဖြစ်ပါ တယ်နော်။

ခင်လှိုင်ဟာ လက်ရှိနိုင်ငံရေးအခြေအနေတွေ ကြားမှာ ဆန္ဒပြစဥ်က ပြည်သူတွေနဲ့အတူ ထပ်တူ ရပ်တည်ခဲ့ပြီး ဖမ်းဝရမ်းထုတ်ခံ ခဲ့ရပါသေးတယ်။

နောက်ပိုင်းမှာ ဝရမ်းပယ်ဖျက် ခံရပြီးချိန်မှသာ ပရိသတ်ရှေ့မှောက်ကို ပြန်လည် ရောက်ရှိ လာခဲ့တာ ပဲဖြစ်ပါတယ်။ လတ်တလော အချိန်မှာတော့ သရုပ်ဆောင်ခင်လှိုင်ဟာ

ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးဖြစ်တော့ပေမယ့် အွန်လိုင်းထက် ကနေပြီးတော့ Live လွှင့်ဈေးရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေလျက် ရှိသလို

သူ့ရဲ့ကိုယ်ပိုင် စားသောက်ဆိုင်လုပ်ငန်းကိုလည်း တိုးချဲ့ ဖွင့်လှစ်ကာ မိသားစု တက်ညီလက်ညီနဲ့ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိပါတယ်။

မနေ့ကတော့ ဦးခင်လှိုင်ဟာ အခြားအွန်လိုင်း ဆယ်လီတချို့နဲ့ Live လွှင့်ဈေးရောင်းနေစဥ်မှာပဲ ပြည်သူ့ဖက်က ပြတ်ပြတ်သားသား ရပ်တည်ပေးခဲ့ကာ ပြည်သူနှင့်အတူ

အာဏာရှင်ကို တော်လှန်နေသော ပြည်သူချစ် မင်းသားကြီး တစ်ဦးဖြစ်တဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းမော်ကွန်းရဲ့ ကောမန့်ကြောင့်

ချက်ချင်းဆိုသလို လိုက်ခ်ကို ပိတ်ပေးလိုက်ကာ လုပ်လက်စ အလုပ်ကို ရပ်နားပေး ခဲ့တာကို တွေ့ရပါတယ်။ သရုပ်ဆောင်မင်းမော်ကွန်းက ခင်လှိုင်ရဲ့ Live အောက်မှာ

“ကိုခင်လှိုင်ရေ ကျွန်တော် သတိထပ်ပေးချင် ပါတယ်။ ပုံမှန်ဖြစ်နေသလို မနေကြဖို့ပါ” ဆိုပြီး ကောမန့် လာပေးခဲ့တာ ဖြစ်ပြီး ခင်လှိုင်ဟာလည်း ထိုမန့်ကို သတိပြုမိလိုက်တာနဲ့

လိုင်းကျသွားပြီ လိုင်းက အဝိုင်းလည်ကာ ထစ်နေတယ်ဆိုပြီး ပြောကာ သူ လွှင့်လက်စ Liveဗီဒီယိုကို ချက်ချင်းဆိုသလို တလေးတစားနဲ့ ပိတ်ပေးခဲ့တာပဲဖြစ်ပါတယ်။

ဦးခင်လှိုင်ကတော့ သူ့ရဲ့အလုပ်အဖြစ် Liveလွှင့်ကာ ဈေးရောင်းတဲ့အလုပ်ကို လုပ်ခဲ့ရတယ်ဆိုပေမယ့် ပြည်သူ့ဘက်တော်သား မင်းသားရဲ့ ကောမန့်ကို

မြင်မြင်ချင်း မှာတော့ မင်းမော်ကွန်းရဲ့စကားကို အလေးထားပြီး တစ်သုံတစ်ရာ ဆန့်ကျင် ပြောဆိုခြင်း မပြုဘဲ ရပ်တန့်ပေးခဲ့တာ ဖြစ်တဲ့အတွက်

ပရိသတ်ပြည်သူတွေက ဦးခင်လှိုင်ရဲ့ ပြည်သူ့အချစ်တော် မင်းမော်ကွန်းအပေါ် အလေးထားမှုကို အသိအမှတ်ပြုကာ ချီးကျူး ပြောဆိုမှုများ ပြုနေကြတာကိုလည်း တွေ့ရပါတယ်နော်။