အရင်းနှီးဆုံး မိတ်ဆွေဖြစ်သလို ဆရာတစ်ယောက်လို လေးစားရပေမယ့် စီးပွားရေးတွေ အများကြီးရှိရဲ့နဲ့ အွန်လိုင်းLiveတွေ လုပ်ကာ စျေးရောင်းနေတဲ့ ခင်လှိုင်ကို ဒဲ့မေးခွန်းထုတ်လိုက်တဲ့ မင်းမော်ကွန်း

(Zawgyiဖြင့် ဖတ်ရန်)















(Unicodeဖြင့် ဖတ်ရန်)

နိုင်ငံကျော် သရုပ်ဆောင် မင်းသားချော အကယ်ဒမီမင်းမော်ကွန်းကတော့ အာဏာရှင်ကို ဆန့်ကျင်ရေး အလုပ်တွေကို ပြတ်ပြတ်သားသားနဲ့

တွင်ကျယ်စွာ လုပ်ကိုင်နေသော ပရိသတ်အချစ်တော် ထိပ်တန်းမင်းသား တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ မင်းမော်ကွန်းဟာ ဆိုရင် တပ်အသိုင်းအဝိုင်းနဲ့ ဆက်နွယ်ပြီး

အလုပ်တွေ လုပ်ကိုင်နေတဲ့ အနုပညာရှင်တွေကိုလည်း ဒီကာလမှာ အကြိမ်ကြိမ် အခါခါဆိုသလို ထိုကဲ့သို့ မလုပ်ကြဖို့ သတိပေးခဲ့ သလို

တိုင်းပြည်ပျက်ပြီး ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ပုံမှန်အတိုင်းလည်ပတ်နေတဲ့ အနုပညာရှင်တွေကိုလည်း ပြတ်သားစွာ ဝေဖန်ပြောကြားလျှက် ရှိတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မင်းမော်ကွန်းက စီးပွားရေးတွေ အခိုင်အမာ ရှိလျှက်နဲ့ ပျော်ရွှင်စွာ Live လွှင့်ဈေးရောင်းကာ သရုပ်ဆောင်ခင်လှိုင်ကို ထပ်ပြီး သတိပေးစကား ပြောလာတာကို တွေ့ရပါတယ်။

သရုပ်ဆောင်မင်းမော်ကွန်းက “အကို ခင်လှိုင်ရေ ကျွန်တော်တို့တွေသည် အရင်းနှီးဆုံး မိတ်ဆွေတွေပါခင်မျာ၊ ကျွန်တော်မင်းသား စဖြစ်ထဲက အကိုတို့အားကို ယူပြီး ကျွန်တော် ဖြစ်တည်ပါတယ်။

ဒီထက်ပိုရင် အငြိမ့်တွေမှာ အကို့သင်ကြားမှုတွေက သိပ်ကောင်းသိပ်စေတနာပါလို့ ကျွန်တော့်ဆရာတစ်ယောက်အဖြစ် အမြဲတန်းအလေးထားတာပါ။

ဒီထက် ပိုပိုလေးစားရတဲ့ ကျေးဇူးတင် တန်ဖိုးထားရတဲ့အချက်က ၂၀၂၁ အရေးတော်ပုံမှာ အကိုတို့မိသားစုလိုက် ပါဝင်ခဲ့တာကိုပါ။

ကျွန်တော်မှတ်မိနေဆဲ အိမ်မက်တွေ တိုင်းမှာ ပြန်တွေ့နေဆဲပါခင်မျာ။ အကိုတို့ တိမ်းရှောင်နေရတဲ့အချိန် အကို့သမီးလေးနဲ့ရော အကိုနဲ့ရော ခဏ အဆက်အသွယ်ရတယ်။

ခံဝန်ထိုးတာ ဖြစ်သင့်ပါတယ်လို့ ကျွန်တော်ပါးစပ်က ပြောပါတယ် အကိုတို့အကျပ်အတည်းတွေ ဖြစ်မှာ စိုးရိမ်မိလို့ပါ။

ဒါပေမယ့် ကိုခင်လှိုင်ရေ ခင်များမှာ စီးပွားရေးတွေ အများကြီး ရှိနေသားနဲ့။ ခုလို online live တွေလုပ်ဈေးရောင်းနေတာ ဘာလို့ပါလဲ။

တကယ်ငတ်နေတဲ့ သက်ကြီး လူရွှင်တော်ကြီးများ ကိုလူချောများ ခေါ် လူကြမ်းသရုပ်ဆောင်များ ဇာတ်ပို့ဇာတ်ရန်များ လုပ်ရင် ကျွန်တော် အပြစ်မပြောပါ။

ဒီစကားတွေက private ပြောရမှာပါ ကျွန်တော့်ကို block ထားတဲ့အတွက် Public ကနေပဲ ပြောပါတယ်။

ဒီပွဲက ဆရာတပည့် မိဘဆွေမျိုး မိတ်ဆွေသူငယ်ချင်း မရှိဘူးဗျ။ အမှန်တရားနဲ့ ရန်သူပဲ ရှိတယ်။” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်နော်။