ပရဟိတ ဗန်းပြပြီး လုပ်စားနေသူ ဆိုပြီး ဝေဖန်မှုတွေအား စိတ်မကောင်းစွာဖြင့် တုန့်ပြန်ဖြေရှင်းလာတဲ့ ခိုင်နှင်းဝေ
(Zawgyiဖြင့် ဖတ်ရန်)
ခိုင်းနှင်းဝေဟာ ယခုနောက်ပိုင်းနှစ်တွေ မှာတော့ အနုပညာအလုပ်တွေထက် ပရဟိတ အလုပ်တွေကို ဉီးစားပေး လုပ်ကိုင်လာခဲ့ပြီး
ခိုင်နှင်းဝေ ပြုလုပ်နေတဲ့ ပရဟိတအလုပ်တြွေဖစ်တဲ့ ခိုကိုးရာမဲ့ ကလေးငယ်တွေကို ကယ်တင်စောင့်ရှောက်ပေးနေခြင်းနှင့် ခက်ခဲပြည်သူတွေအတွက် လှူဒါန်းမှုတွေဟာ
(Unicodeဖြင့် ဖတ်ရန်)
မင်္ဂလာပါ ပရိသတ်ကြီး သရုပ်ဆောင် မင်းသမီးချော ခိုင်နှင်းဝေ ကတော့ ဗီဒီယိုခေတ်ထဲက ဇာတ်ကားပေါင်း များစွာမှာ ခေါင်းဆောင်းမင်းသမီး အနေနဲ့
အောင်မြင်ကျော်ကြား လူသိများခဲ့သလို မြန်မာဆန်ဆန်နဲ့ ရိုးရိုးလေးယဥ်တဲ့ မင်းသမီးလေးမို့ ပရိသတ်တွေ ချစ်အားပိုကာ အားပေးခဲ့ကြရတဲ့ မင်းသမီး တစ်လက်လည်း ဖြစ်ပါတယ်နော်။
ခိုင်းနှင်းဝေဟာ ယခုနောက်ပိုင်းနှစ်တွေ မှာတော့ အနုပညာအလုပ်တွေထက် ပရဟိတ အလုပ်တွေကို ဦးစားပေး လုပ်ကိုင်လာခဲ့ပြီး
ခိုကိုးရာမဲ့ စွန့်ပစ်ခံ ကလေးများအတွက် ခိုင်နှင်းဝေ ကလေးများဂေဟာကို တည်ထောင်ခဲ့ပြီး ကလေးငယ်များအား ရင်ဝယ်သားပမာ ပြုစုစောင့်ရှောက်ကာ ပျိုးထောင်ပေးနေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ခိုင်နှင်းဝေက အမြဲလိုလိုပင် လိုအပ်နေသော နေရာများ၊ ခက်ခဲနေသော ပြည်သူများအတွက် လှူဒါန်း ကူညီမှုများ ပြုလုပ်ပေးခဲ့ ပါတယ်။ ဒါ့ကြောင့်လည်း
ခိုင်နှင်းဝေရဲ့ပရဟိတ ဒါနကုသိုလ်တွေကို အလေးထားကာ လေးစားသောအားဖြင့် ပရိသတ်ပြည်သူများက ပရဟိတမင်းသမီးကြီး ဆိုပြီး
လေးစား ချစ်ခင်စိတ်နဲ့ ခေါ်ဝေါ်ခဲ့ခြင်းကို ပိုင်ဆိုင် ခံယူနိုင်ခဲ့တာလည်းဖြစ် ပါတယ်နော်။ သို့ပေမယ့် ယခုလတ်တလောမှာတော့
လူမှုကွန်ယက် ဖေ့ဘုတ်စ် စာမျက်တချို့ထက်မှာ ပရဟိတဗန်းပြပြီး အလှူခံစား လုပ်စားနေသောသူဆိုပြီး ဝေဖန်ပြောဆိုမှုများကို ခိုင်နှင်းဝေဟာ ကြုံတွေ့နေခဲ့ ရပါတယ်။
သို့အတွက် ခိုင်နှင်းဝေက ယနေ့မှာတော့ အခုလိုပဲ ပို့စ်တင်ကာ ပြောကြား ဖြေရှင်း တုန့်ပြန် လာတာကို တွေ့ရပါ တယ်နော်။ခိုင်နှင်းဝေက
“ဘုရား တရားလုပ်ပီဆို အကုသိုလ်က စ,ပြီ။ ပရဟိတလုပ်ရင် Brand မဝတ်ရဘူး၊ စားစရာ မရှိလို့ ထ, လုပ်တယ်၊
အလှူငွေတွေ တအားရတယ် ဆိုပြီးပဲ ဝေဖန်ကြတာကို စိတ်ထဲ မထားပဲနေလို့ရပေမဲ့ ကျမ စွန့်ပစ်ကလေးတွေကို မကယ်ပဲထားနိုင်တဲ့ စိတ်တော့ မရှိလို့
ဆက်လက်ပြီး ကယ်တင်ဖြစ်ဦးမှာပါ။ ကျမ အနောက်မှာ လက်မဲလည်း မရှိသလို လက်ဖြူလည်း မရှိပါဘူး။ အသက် (၁၈) နှစ်ထဲက အနုပညာလောကကို ခြေချလာတဲ့ အတွက်
ကျမက ကလေးတွေရော၊ ပရဟိတကိုရော ဗန်းပြမှ စားနိုင်သောက်နိုင်လဲ မဟုတ်ပါဘူးရှင်။ကျမ ကလေးတွေ နဲ့ကျမ ပျော်သလို နေပြီး ကျမ လုပ်နိုင်သလောက် ဆက်လုပ်သွားမှာမို့
ကျမကို ဝေဖန်တိုက်ခိုက်ရင်လဲ ကျမအတွက် ဘာမှ မဖြစ်သလို အကိုတို့ အမတို့အတွက်လည်း တရက်အပြင် အပျင်းမပြေ နိုင်ပါဘူးရှင်။”ဆိုပြီး ပြောကြား လာတာဖြစ်ပါ တယ်နော်။
လက်ရှိကာလမှာ ဝေဖန်တိုက်ခိုက်မှု တချို့ကို ကြုံနေရတဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေအပေါ်မှာ ထားရှိတဲ့ ပရိသတ်ပြည်သူများရဲ့ အမြင်နဲ့ သဘောထားကို ဖွင့်ဟပြောပြပေးခဲ့ ကြပါအုံးနော်။
ခိုင်နှင်းဝေဟာ ဝေဖန်သူတွေ ပြောနေကြသလို မိဘမဲ့ကလေးတွေ ဗန်းပြပြီး အလှူလေးတွေ လုပ်ပြနေတာလား သို့မဟုတ်
ခိုင်နှင်းဝေ ပြုလုပ်နေတဲ့ ပရဟိတအလုပ်တွေဖြစ်တဲ့ ခိုကိုးရာမဲ့ ကလေးငယ်တွေကို ကယ်တင်စောင့်ရှောက်ပေးနေခြင်းနှင့် ခက်ခဲပြည်သူတွေအတွက် လှူဒါန်းမှုတွေဟာ
လိုအပ်နေသော အကျိုးရှိသော အလုပ်များ ဖြစ်လို့ ချီးကျူးထိုက် သာဓုခေါ်ထိုက်တယ်လို့ ပရိသတ်ကြီးတို့အနေနဲ့ မြင်ပါသလားဆိုတာကို
ပရိသတ်ပြည်သူများမှ မှတ်ချက်များ ရေးသားကာ ပြောကြားခြင်းဖြင့် အများပြည်သူရဲ့အမြင်ကို သိသာထင်ရှားစေမှာ ဖြစ်တဲ့အတွက် မှတ်ချက်လေးတွေ ရေးသားပေးခဲ့ကြပါအုံးနော်။