ပရိသတ်တွေ အားမပေးတော့မှာ ကြောက်မိတယ် ဆိုတဲ့ တချိန်က နိုင်ငံကျော် မင်းသမီးချော ပန်းဖြူ
(Zawgyiဖြင့် ဖတ်ရန်)
(Unicodeဖြင့် ဖတ်ရန်)
ခင်ပွန်းဖြစ်သူနဲ့အတူ ဘ၀ကိုအေးချမ်းစွာဖြတ်သန်းနေတဲ့ တစ်ချိန်က ပုရိသအမျိုးသားထုကြီးရဲ့ အသဲကျော် ဖြစ်ခဲ့သလို
အေးချမ်းတဲ့မျက်နှာပိုင်ရှင် မင်းသမီးလေးမို့ ပရိသတ်တွေရဲ့ အပေးချစ်ခင်မှုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ တချိန်က နိုင်ငံကျော် မင်းသမီးချော ပန်းဖြူ
ပရိတ်သတ်ကြီးရေ သရုပ်ဆောင်မင်းသမီးချော ပန်းဖြူကို မှတ်မိကြအုံးမယ် ထင်ပါတယ်နော်။ ပန်းဖြူဟာဆိုရင် ကျက်သရေရှိတဲ့ အလှတရားနဲ့
ချစ်စရာကောင်းတဲ့ သူမရဲ့ အမူအရာတွေ၊ ပီပြင်လှသော သရုပ်ဆောင်မှုတွေနဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး အနုပညာလောကမှာ အောင်မြင်မှုကို ရရှိပိုင်ဆိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။
ပန်းဖြူဟာ သရုပ်ဆောင်တဲ့နေရာမှာ ငြိမ်ငြိမ်လေးနဲ့ အိုက်တင်တွေ ပိုင်နိုင်လှပြီး မြန်မာဆန်ဆန် အလှကြောင့် ပရိတ်သတ်ရင်ထဲ ရောက်ခဲ့သူတစ်ယောက်ပါ။
အရိပ် ဆိုတဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးဖြင့် အကယ်ဒမီ ထူးချွန်ဆုကြီးဖြစ်သော အမျိုးသမီးဇာတ်ဆောင်ဆုကို ၁၉၉၇ ခုနှစ်မှာ ရရှိခဲ့ပါတယ်။
ထိုဇာတ်ကားမှာ မင်းမော်ကွန်း၊ ရီဝေယံ၊စိုးမြတ်သူဇာတို့နှင့် တွဲဖက်၍ စုစုလှိုင် ကာရိုက်တာကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့သည့် အတွက်
အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲ ဖြစ်ပါတယ်နော်။ ပန်းဖြူ ဟာ ရုပ်ရှင်ကားကြီးတွေ အများကြီး မရိုက်ခဲ့သော်လည်း
အနုပညာ လောကမှာတော့ အောင်မြင်ကျော်ကြားပြီး ပရိတ်သတ်ကြားမှာ နာမည်တစ်ခုနဲ့ ရပ်တည်နိုင်ခဲ့သူပါ။ ဗွီဒီယို၊ ကြော်ငြာ များစွာကိုတော့ ရိုက်ကူးခဲ့ ရသူဖြစ်ပါတယ်။
အရိပ်၊အတွေ့၊ ကျန်စစ်မင်း၊ မျှော်လင့်ခြင်းများစွာ၊ ကြယ်စင်မော်ကွန်း စသော ရုပ်ရှင်ဇာတ်ကားကြီး တွေမှာ လုပ်ကွက်ရရနဲ့ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့သလို
ပရိသတ်တွေရဲ့အားပေးမှု တွေကို ဝက်ဝက်ကွဲ လက်ခံရရှိနိုင်ခဲ့သော မင်းသမီးတစ်ဦး ဖြစ်ပါ တယ်နော်။ နောက်ပိုင်းကာလတွေမှာတော့ မင်းသမီးချော ပန်းဖြူဟာ အနုပညာအလုပ်တွေကို
လုံးဝဆိုသလို ရပ်နားခဲ့ပြီး ရိုက်ကူးရေးတွေ မလုပ်တော့တာ နှစ်ကာလ ကြာခဲ့ပါတယ်။ ဒီ့အတွက်ကြောင့် ပန်းဖြူက အနုပညာကို ချစ်မြတ်နိုးသော အနုပညာရှင် တစ်ဦးပီပီ
အမြဲတမ်း အနုပညာအလုပ်တွေကို ပြန်လုပ်ချင်စိတ် အပြည့်ရှိသော်လည်း နှစ်ကာလတွေ ကြာပြီဖြစ်တဲ့အတွက် ပရိသတ်တွေက အားမပေးတော့မှာကို
ကြောက်မိလို့ ဇာတ်ကားတွေ မရိုက်ကူး ဖြစ်တော့ကြောင်း ပြောလာခဲ့တာပါ။ ဖတ်ရှု့အားပေးနေသော ပရိသတ်ကြီးတို့ထဲမှာကော တချိန်က ကျက်သရေရှိလှသော အလှတရားတွေနဲ့
နာမည်ကျော်ခဲ့သော မင်းသမီး ပန်းဖြူကို ချစ်ခင်အားပေး ခဲ့ကြသူတွေ ရှိကြသေးရဲ့လား မေ့နေပြီလား ပြောပေး ခဲ့ကြပါအုံးနော်။