နှစ်ကိုယ်တူ ဘဝမှာ သားရတနာလေး ရလာလို့ ပျော်ပေမယ့် မျက်ရည်ကျ ငိုကြွေးနေရရှာတဲ့ ဗီဗာဟိန်းရဲ့ အဖြစ်ကို ရင်ဖွင့်ပြောပြလာတဲ့ ဗီဗာဟိန်းရဲ့ခင်ပွန်း ကိုအာကာ

(Zaqgyiဖြင့် ဖတ်ရန်)














(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ချစ်လှစွာသော ပရိသတ်ကြီးရေ ဗီဗာဟိန်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ နိုင်ငံကျော် အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။

ဗီဗာဟိန်းရဲ့ သီချင်းတွေကတော့ တစ်ခေတ်တစ်ခါက အလှူပွဲတွေနဲ့ နေရာတိုင်းမှာ ကြားရတဲ့ အထိကိုအောင်မြင်ခဲ့တဲ့ သီချင်းတွေ ဖြစ်ခဲ့ပြီး

အခုချိန်ထိလည်း အောင်မြင်မှုတွေရရှိနေဆဲ ဖြစ်ပါတယ်နော်။ ဗီဗာဟိန်း ကတော့ လက်ရှိမှာ အိမ်ထောင်သည်ဘဝကို ရောက်ရှိနေပြီး ပထမဆုံး ကိုယ်ဝန်လေးကိုလည်း လွယ်ထားခဲ့ရကာ

မကြာခင် ကာလကမှ သားဦး ရတနာလေးကို ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ကိုယ်တူ ဘဝမှာ သားရတနာလေး ရပေမယ့် သူမရဲ့ရောဂါကြောင့် သားလေး နို့မဝမှာ စိုးကာ

ငိုကြွေးနေရှာတဲ့ ဗီဗာဟိန်းရဲ့ အကြောင်းကို သူမရဲ့ ချစ်ခင်ပွန်းမှ ယခုလို ပြောပြ လာခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဗီဗာဟိန်းရဲ့ခင်ပွန်း ကိုအာကာက

ကိုယ်တိုင်ကနေ ထိုင်မကောင်းဖြစ်နေပေမယ့် သားလေးကို နို့ဝအောင် မတိုက်ရလို့ မျက်ရည်ကျနေရှာတဲ့ ဗီဗာဟိန်းအကြောင်းကို ပြောပြလာခဲ့ပါတယ်။

ကိုအာကာက“ သားလေးကို ငုံ့ကြည့်ပြီး နို့ထိုင်တိုက်ရတော့ ကျီးပေါင်းကပိုဆိုးလာတယ် ဆေးထိုးဆေးသောက်လည်းလုပ်တယ် မသက်သာဘူး။

ကလေးကို နို့အဝမတိုက်နိုင်ဘဲ နို့ဘူးကူရတော့ စိတ်မကောင်းဖြစ်ပြီးဘုရားရှိခိုးရင်း ငိုနေတယ်😢 သားလေးက သူ့အမေနို့ မဟုတ်တော့ ငိုပြီး သိပ်မသောက်ချင်ဘူး😖

သွေးနုသားနု မငိုရဘူး နို့မထွက်တော့ဘဲ နေမယ် ချော့မှဘဲ အငိုတိတ်တော့တယ် 😤 ခုတော့ အိမ်မှာဆိုတော့ လှဲတိုက်ခိုင်းထားတယ်။

နောက်အပြင်တွေ သွားရင်တော့မလွယ်ဘူး။ ဘယ်လိုလုပ် ရပါ့မလဲ? ” ဟုဆိုပြီး ဇနီးဖြစ်သူ ဗီဗာဟိန်းနဲ့ သားလေးကို ကြည့်ကာ ကြင်နာ စာနာ ခံစားရသမျှကို

ရင်ဖွင့်လို့ ပြောလာတာပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးတို့ရေ အားပေးချစ်ခင်ရတဲ့ ဗီဗာဟိန်းတစ်ယောက် ခံစားနေရတဲ့ ကျီးပေါင်းရောဂါ အမြန် သက်သာပြီး

သားလေးကို မိခင်နို့ချို ကိုယ်တိုင်ဝလင်စွာ တိုက်ကျွေးနိုင်ပြီး စိတ်ချမ်းသာစွာ ရှိပါစေကြောင်း ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြပြီး

မိခင်များမှလည်း မိမိရဲ့အတွေ့အကြုံများကို ဗီဗာဟိန်းအတွက် အကြံပြုချက်များ ရေးသားပေးခဲ့ ကြပါအုံးနော်။