ဆယ်ကျော်သက်အရွယ်လေးနဲ့ တနိုင်ငံလုံး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ တချိန်က ပရိသတ်အသည်းကျော် အဆိုတော်မလေးရဲ့ လက်ရှိပုံရိပ်များ

(Zawgyiဖြင့် ဖတ်ရန်)











(Unicodeဖြင့် ဖတ်ရန်)

ခင်ပွန်းဖြစ်သူနဲ့အတူ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတဲ့ တချိန်က “မှိုလိုပေါက်”တေးစီးရီးနဲ့ နိုင်ငံကျော်ခဲ့တဲ့ အဆိုတော် ရှင်းရှင်း

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ အဆိုတော် ရှင်းရှင်းကတော့ အမိုက်စား အကလှတွေနဲ့အတူ ချစ်စရာအသံလေးနဲ့ တေးသီချင်းကောင်းလေးတွေကို သီဆိုထားပြီး

တချိန်က ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ အဆိုတော်ကောင်း တစ်ယောက်ပဲ ဖြစ်ပါ တယ်နော်။

ရှင်းရှင်းဟာ ”မှိုလိုပေါက်” တေးသီချင်း အယ်ဘမ်လ်နဲ့ တစ်နိုင်ငံလုံးက အားပေးခဲ့ရတဲ့ အဆိုတော်မလေး တစ်ယောက် ဖြစ်ပါတယ်နော်။

ရှင်းရှင်း ဟာ ဆယ်ကျော်သက် အရွယ်လေးမှာပဲ အောင်မြင်ကျော်ကြား ခဲ့သူဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ဂီတလောက ကနေ ပျောက်ကွယ်သွားခဲ့တဲ့ အတွက်

ပရိသတ်တွေဟာ နှမြောစိတ်တွေနဲ့ တချိန်မှာ ရှင်းရှင်းတစ်ယောက် သီချင်းကောင်းများကို ထပ်မံပြန်လည် သီဆိုလေမလားရယ်လို့ စောင့်မျှော်နေခဲ့ ကြရတာလည်းဖြစ်ပါတယ်။

ကိုရီးယားမင်းသား ဂူဂျွန်ဖြိုးကိုတောင် လက်ထပ်ခွင့်တောင်း ခဲ့တယ်ဆိုပြီး နာမည်ကြီးခဲ့တဲ့ ရှင်းရှင်းကတော့ ယခုအခါမှာ

ချစ်ရသော ခင်ပွန်းဖြစ်သူနဲ့ သာယာတဲ့ မိသားစုဘဝကိုလေး ပိုင်ဆိုင်ထားပြီး ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်း နေတာကို တွေ့မြင်ရပါတယ်နော်။

ပရိသတ်ကြီးတို့အတွက် ငယ်ဘဝအလွမ်းပြေ သီချင်းလေးတွေကို အမှတ်တရ ဖြစ်စေဖို့ ရှင်းရှင်းရဲ့ လက်ရှိပုံရိပ်တွေကို ဖော်ပြပေးလိုက် ပါတယ်နော်။

ရှင်းရှင်းရဲ့သီချင်းတွေနဲ့ ပတ်သက်ပြီး ငယ်ဘဝ အမှတ်တရလေးတွေ ရှိကြမယ်ဆိုရင် မန့်မှာ မှတ်ချက်လေးတွေ ရေးသားပြီး ဖော်ပြပေးခဲ့ ကြပါအုံးနော်။