ခက်ခဲပြည်သူတွေအတွက် တက်နိုင်သမျှ မျှဝေလှူဒါန်းပေးခဲ့တဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်းရဲ့ သမီးလေး ဇင်စန္ဒာထွန်း

(Zawgyiဖြင့် ဖတ်ရန်)

စားဝတ်နေရေး ကျပ်တည်းနေတဲ့ ပြည်သူ အိမ်ခြေ (၅၀)စာ အတွက် အလှူရှင်တစ်ဉီးနှင့် ပူးပေါင်းကာ စားသောက်ကုန်တွေ လှူဒါန်းပေးခဲ့တဲ့ လူကြမ်းမင်းမင်းတို့ သားအဖ

မင်္ဂလာပါ ပရိသတ်ကြီးရေ လူကြမ်းသရုပ်ဆောင်တစ်ဉီး ဖြစ်တဲ့ သရုပ်ဆောင်မင်းမင်းကတော့ အနုပညာ ဝါသနာပါလွန်းလို့ အနုပညာလောကကို ခြေချခဲ့ကာ






ပြီးခဲ့တဲ့ရက်လေး မှာတော့ လူကြမ်းသရုပ်ဆောင်မင်းမင်းရဲ့ သမီးချောလေး ဇင်စန္ဒာထွန်းက မန္တလေးမှ အလှူရှင်တစ်ဉီးရဲ့ လှူဒါန်းငွေနှင့် ပူးပေါင်းကာ







(Unicodeဖြင့် ဖတ်ရန်)

စားဝတ်နေရေး ကျပ်တည်းနေတဲ့ ပြည်သူ အိမ်ခြေ (၅၀)စာ အတွက် အလှူရှင်တစ်ဦးနှင့် ပူးပေါင်းကာ စားသောက်ကုန်တွေ လှူဒါန်းပေးခဲ့တဲ့ လူကြမ်းမင်းမင်းတို့ သားအဖ

မင်္ဂလာပါ ပရိသတ်ကြီးရေ လူကြမ်းသရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ သရုပ်ဆောင်မင်းမင်းကတော့ အနုပညာ ဝါသနာပါလွန်းလို့ အနုပညာလောကကို ခြေချခဲ့ကာ

လူကြမ်းသရုပ်ဆောင် တစ်ယောက်အနေနဲ့ ရရာအခန်းကနေ ပီပြင်စွာ သရုပ်ဆောင်ပြ နိုင်ခဲ့တာကြောင့် ပရိသတ်ပြည်သူများ သတိပြုမိခဲ့ကြသော

ဝါရင့်လူကြမ်း သရုပ်ဆောင် တစ်ယောက် ဖြစ်ပါတယ်နော်။ ကိုမင်းမင်းဟာ ဆိုရင် အနုပညာနယ်ပယ်မှာ လုပ်ကွက်ပိုင်ပိုင်နဲ့ နေရာများစွာ မရခဲ့ပေမယ့်

အနုပညာဝါသနာပါလွန်းတဲ့ သူ ချစ်ရသော သမီးလေးကိုတော့ သူ့ထက်သာ စေချင်သော ဖအေတစ်ယောက် မေတ္တာစိတ် အပြည့်နဲ့ ဘေးနားကနေ အတတ်နိုင်ဆုံး

အစွမ်းကုန် ပံ့ပိုးနေပြီး အောင်မြင်တဲ့သူဖြစ်စေချင်ကြောင်း ပြောပြထားတာဖြစ် ပါတယ်။ လက်ရှိမှာတော့ လူကြမ်းမင်းမင်းရဲ့ သမီးလေး ဇင်စန္ဒာထွန်းကတော့

အဝတ်အထည်တွေကို live လွှင့်ရောင်းချနေပြီး သူမကို ချစ်ခင်အားပေး ကြသော ပရိသတ်ပြည်သူများရဲ့ ဝန်းရံပေးမှုကြောင့် လူသိများကာ အောင်မြင်မှုလမ်းစလေးပေါ် ရောက်နေပြီ လည်းဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ရက်လေး မှာတော့ လူကြမ်းသရုပ်ဆောင်မင်းမင်းရဲ့ သမီးချောလေး ဇင်စန္ဒာထွန်းက မန္တလေးမှ အလှူရှင်တစ်ဦးရဲ့ လှူဒါန်းငွေနှင့် ပူးပေါင်းကာ

သူမ တက်နိုင်သမျှကို အင်းစိန်ကမ်းနားလမ်း မုဒိတာနောက်ကျောရှိ ရပ်ကွက်လေးမှ လိုအပ်နေသော အိမ်ခြေ (၅၀)အတွက် ဆန်, ကြက်သွန် နှင့် အဝတ်အထည်များ သွားရောက် လှုဒါန်းပေးခဲ့ တာလည်းဖြစ်ပါတယ်။

ဇင်စန္ဒာထွန်းက သူမအနေနဲ့ ကိုယ့်ထက်ပိုပြီး စားဝတ် နေရေး ခက်ခဲအဆင်မပြေ ဖြစ်နေသူများကို နောက်ထပ်လည်း ယခုထက်မက လှူဒါန်းချင်သေးတယ် ဆိုပြီး ပြောလာခဲ့ ပါသေးတယ်နော်။

ပရိသတ်ကြီးရေ ဇင်စန္ဒာထွန်းရဲ့ မွန်မြတ်လှတဲ့ စိတ်ထားလေးကို ဂုဏ်ပြုသောအားဖြင့် အလုပ်အကိုင်များ အဆင်ပြေပြီး သူမ ဆန္ဒရှိသည့်အတိုင်း

ယခုထက်ပိုသော အလှူကြီးများ ကူညီမှုမျ ပြုနိုင် ပေးနိုင်ပါစေကြောင်း ဆုတောင်း မေတ္တာစကားလေးတွေ ကိုယ်စီကိုယ်ငှ ပြောကြားပေး ခဲ့ကြ ပါအုံးနော်။

ဖတ်ရှု့အားပေးနေ​ကြသော ပရိသတ်ပြည်သူများ အားလုံးလည်း ဘေးဘယာ ဝေးကွာပြီး စားဝတ်နေရေးများ အဆင်ပြေကြပါစေ။ လိုလားတောင့်တမှုများ

အမြန် ပြည့်ဝပြီး လွတ်လပ်ပျော်ရွှင်သော နေ့ရက်များ အမြန်ဆုံး ရရှိပိုင်ဆိုင် နိုင်ကြပါစေကြောင်း မေတ္တာလောင်း၍ ဆုမွန်ကောင်းများ တောင်းပေးအပ်ပါသည်နော်။