သူ့​ကြောင့် ပရိသတ်တွေ ပူလောင်ခံစားနေရတာ မကြည့်ရက်လို့ အနုပညာလောကကို ကျောခိုင်းကာ အေးချမ်းတဲ့ မိသားစုဘဝလေးနဲ့ ခြံစိုက်စားနေတဲ့ ဗီလိန်မင်းသား မင်းရဲဆက်
(Zawgyiဖြင့် ဖတ်ရန်)
သစ်ပင်လေးတွေ စိုက်ပျိုးတတ်အောင်နဲ့ တိရိစ္ဆာန်လေးတွေကို ချစ်တတ်အောင် ငယ်စဉ်ထဲက သင်ကြား ပျိုးထောင်ပေး ထားတာကို ကြည့်ပြီး
(Unicodeဖြင့် ဖတ်ရန်)
တစ်ချိန်ကဗီဒီယို ရုပ်ရှင်ဇာတ်ကားတွေမှာ ဗီလိန်ခန်းတွေ၊ လူဆိုးလူမိုက်ခန်းတွေမှာ လူမုန်းများခံရတဲ့ အထိ သရုပ်ဆောင် ပီပြင်လွန်းခဲ့တဲ့
ဗီလိန်သရုပ်ဆောင် မင်းရဲဆက်ကို ပရိသတ်တွေ မှတ်မိကြအုန်းမယ် ထင်ပါတယ် နော်။ မင်းရဲဆက်ကတော့ အနုပညာလောက ကနေ အနားယူသွားခဲ့တာ
ယခုဆိုရင် ၁၂နှစ်နီးပါး ရှိပြီဖြစ်ပြီး အနုပညာလောကမှ အနားယူပြီးနောက်တော့ ပြင်ဦးလွင်ဘက်မှာ စိုက်ပျိုးရေး လုပ်ငန်းလေးတွေလုပ်ကိုင်ရင်း
ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ လူပျိုကြီးဘဝကနေ အသက်(၄၀)ကျော်မှ ကျွတ်ခဲ့ရတဲ့ မင်းရဲဆက်ဟာ စိုက်ပျိုးရေးလုပ်ငန်းလေး လုပ်ရင်း
ချစ်ရတဲ့ဇနီးနဲ့ ချစ်ရသောသမီးလေးနဲ့ မိသားစုဘဝလေးကို အချိန်ပေးကာ အကောင်းဆုံး ဖြစ်အောင် တည်ဆောက်ထားနိုင်သူလည်း ဖြစ်ပါတယ်နော်။
မင်းရဲဆက်က ဗီဒီယို ရုပ်ရှင်ပိတ်ကားတွေ ထက်မှာသာ ပရိသတ်တွေလူမုန်းများရတဲ့ ဇာတ်ရုပ်မျိုးတွေနဲ့ ကြမ်းပြရမ်းပြ သရုပ်ဆောင်ခဲ့ရပေမယ့်
အပြင်မှာတော့ ချိုသာတဲ့အပြုံးနဲ့ လူမှု့ဆက်ဆံရေး ကောင်းသူဖြစ်သလို တကယ့်ကို စိတ်နှလုံးကောင်းမွန်တဲ့ သူလည်းပဲ ဖြစ်ပါတယ်။ သမီးလေးကိုလည်း
သစ်ပင်လေးတွေ စိုက်ပျိုးတတ်အောင်နဲ့ တိရိစ္ဆာန်လေးတွေကို ချစ်တတ်အောင် ငယ်စဥ်ထဲက သင်ကြား ပျိုးထောင်ပေး ထားတာာကို ကြည့်ပြီး
မင်းရဲဆက်ရဲ့စိတ်သဘောထား နူးညံ့မှုကို မြင်သာနိုင်စေပါတယ်နော်။ အနုပညာအလုပ်တွေ နားခဲ့ဖြစ်တဲ့ အဓိက အကြောင်းအရင်းကို ပြောပြရာမှာလည်း
အနုပညာနဲ့ ပတ်သက်ပြီးတော့ အကို နားလိုက်ပြီပေါ့နော်။ အကို နားလိုက်တော့ ပရိသတ်တွေ ဘာပဲဖြစ်ဖြစ် အကုသိုလ် လျော့သွားတာပေါ့။
အကိုရှိနေလို့ ရှိရင် အကို့ကို ကြည့်ပြီး အကုသိုလ်တွေ များနေမှာ စိုးလို့ ကုသိုလ်တွေ ဖြစ်အောင်လို့ နားလိုက်တာပါ ဆိုပြီး သူ့ရဲ့ သရုပ်ဆောင်မှုတွေကြောင့်
ပရိသတ်တွေ ဒေါသစိတ်နဲ့ ပူလောင် ခံစားရတာမျိုး ဖြစ်မှာကို စိုးရိမ်းတွေးတော ပေးတတ်တဲ့ အထိ စိတ်သဘောထားဟာ ပြည့်ဝလှသူလည်းဖြစ် ပါတယ်။
အနုပညာလုပ်ငန်းတွေ လုံးဝ မလုပ်တော့ဘဲ သာမာန်ဘဝနဲ့ ရိုးရှင်းတဲ့ သမာအာဇီဝကျကျ စိုက်ပျိုးရေး လုပ်ငန်းလေးကို လုပ်ကိုင်ကာ မိသားစုနဲ့အတူ
နေ့ရက်တွေကို ဖြတ်သန်းနေတဲ့ မင်းရဲဆက်တို့ မိသားစု ဘဝလေးကတော့ တကယ့်ကို ကြည်နူးစရာ ကောင်းလှတာမို့ အားကျလောက်စရာ ပါပဲနော်။
တချိန်တခါက ပရိသတ်တွေ မုန်းတာ ခံခဲ့ရတဲ့ စိတ်ထားနူးညံ့လှတဲ့ ဗီလိန်မင်းသားကြီး မင်းရဲထက်ရဲ့ ချစ်စရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက် ပါတယ်နော်။