မဆီမဆိုင် ဂယက်ထကာ ရန်တိုက်ခံနေရတဲ့ သူမရဲ့အဖြစ်ကို အံ့သြစွာ ရင်ဖွင့်ပြောပြလာတဲ့ မြတ်သူသူ

(Zawgyiျဖင့္ ဖတ္ရန္)

မဂၤလာပါ ပရိသတ္ႀကီးေရ ပရိသတ္ေတြအားလံုးခ်စ္ရတဲ့ သရုပ္ေဆာင္ မင္းသမီးေခ်ာေလး ျမတ္သူသူ ကေတာ့ ဗီဒီယိုဇာတ္ကားေတြ ရိုက္ကူးခဲ့ဖူးသလို

ယခုအခါမွာလည္း ဇာတ္လမ္းတြဲေတြမွာ ပါဝင္ရိုက္ကူးၿပီး ေအာင္ျမင္မႈ ရရိွေနတဲ့ သရုပ္ေဆာင္ပီျပင္ ေကာင္းမြန္ေသာ မင္းသမီးေလး တစ္လက္ ျဖစ္ပါတယ္ေနာ္။

ျမတ္သူသူဟာ ဆိုရင္ ဒီႏွစ္ပိုင္းထဲမွာ ဝိတ္တတ္လာသျဖင့္ သူမကိုယ္တိုင္ ဝိတ္ခ်ႏိုင္ခဲ့ေသာ နည္းလမ္းေလးေတြကိုလည္း ပရိသတ္ႀကီးတို႔အား မ်ွေဝေပးေနသူလည္း ျဖစ္ပါတယ္။

မၾကာမွီရက္ပိုင္းတြင္းက သူမ ေရးသားခဲ့ေသာ ပို႔စ္တစ္ခုႏွင့္ ပတ္သက္ၿပီး မဆိုင္ေသာသူတစ္ေယာက္ရဲ့ ပံုေတြႏွင့္တြဲကာ အတင္ခံရသည္ႏွင့္ ပတ္သက္ၿပီး

ျမတ္သူသူက မဆီမဆိုင္ဘဲ ရန္တိုက္ခံေနရေၾကာင္းကို ယခုမွာ ေျပာလာခဲ့ပါတယ္။ ျမတ္သူသူ တင္ခဲ့ေသာ ပို႔စ္မွာ “ခုတေလာ ဘယ္သူ႔အတြက္မွ အက်ိဳးမရိွ မလိုအပ္တဲ့

အတင္းအဖ်င္းသာသာ ေခါင္းစဉ္ေတြနဲ႔ ကိုယ့္ Newfeed မွာ ေပၚလာသမ်ွ Pageေတြ လူေတြ အကုန္ Block/ Hide All လုပ္ပစ္ပါတယ္။ အေရးမပါတာေတြ အရာေပးရင္း

လူေတြရဲ့စိတ္ဝင္စားမႈခံရတာမွာ သာယာမိၿပီး အမွားအမွန္ မခြဲျခား လုပ္သင့္ မလုပ္သင့္ မခြဲျခားေတာ့ပဲ နာမည္သိ လူသိရင္ၿပီးေရာ လုပ္လာတဲ့လုပ္ရပ္ေတြကို

အားေပးမိေနမွန္းမသိပဲ အားေပးသလိုျဖစ္ေနတာမ်ိဳး မလုပ္ႏိုင္လို႔ပါ လူသိလာရင္ ဒီေလာကထဲပဲ ဝင္လာၾကဦးမယ္။ ၿပီးရင္ ဒီေလာကက လူေတြက ဘယ္လိုဆိုၿပီး

ဝါးလံုးရွည္နဲ႔ သိမ္းရိုက္ ခံၾကရပါဦးမယ္၊ ခုကာလကေရာ တကယ္စိတ္ခ်မ္းသာစရာ ေကာင္းေနလို႔လား။ အားလံုးစိတ္ပင္ပန္းမႈေတြကို

ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ႀကိဳးစားအားတင္း ထားၾကတဲ့သူေတြ အားလံုးလိုလိုပါပဲ။ မနာလိုလည္း ျဖစ္စရာ မရိွပါဘူး။ ကိုယ္လည္း အခ်ိန္အတိုင္းအတာ တခုထိ

အႏုပညာ လုပ္ခဲ့ၿပီးပါၿပီ၊ တကယ္ေနရာ ရသင့္တဲ့သူေတြ ဆိုရင္ေတာ့ တမ်ိဳးေပါ့ေလ။ တကယ္သိကၡာထိန္းၿပီး ႀကိဳးစားခဲ့ရတဲ့ဘဝတူေတြကေတာ့ ေနရာေတြ ခုထိေပ်ာက္ေနဆဲပဲ 😣” ဆိုၿပီး

ေရးသားခဲ့တဲ့ ပို႔စ္ကို ေပ့ခ်္တခ်ိဳ႕မွ ျပန္တင္ၾကရာမွာေတာ့ ယခုလတ္တေလာ အိမ္တြင္းေရး အရႈပ္အရွင္း၊ အခ်စ္ေရး အရႈပ္အေထြးေတြနဲ႔ အြန္လိုင္းထက္မွာ

ဂယက္ထကာ လူစိတ္ဝင္စားမႈ မ်ားေနေသာ ေအသင္ကို ဆိုေသာ အမ်ိဳးသမီးတစ္ၪီးရဲ့ ပံုေတြနဲ႔ တြဲတင္ကာ ထိုအမ်ိဳးသမီးအား ျမတ္သူသူမွ ေျပာဆိုေနဟန္ ေဖာ္ျပေနၾကတာနဲ႔ ပတ္သက္ၿပီး

သရုပ္ေဆာင္ျမတ္သူသူက ၄င္းေပ့ခ်္အား သြားေရာက္ကာ “Adminေရ ကြၽန္မ ျမတ္သူသူပါရွင္၊ မေအသင္ကိုနဲ႔ ျမတ္သူပံုနဲ႔ တြဲတင္ထားတဲ့ ပို႔စ္ေလးက

ျမတ္သူတခါမွ မသိလိုက္တာမို႔ ျပန္ရွင္းျပေပးလို႔ ရမလားရွင္။ ျမတ္သူ ေရးထားတဲ့စာထဲမွာ မေအသင္ နာမည္ပါသြားလား?

ေရးထားတဲ့ထဲမွာ သူ႔အိမ္တြင္းေရး အေၾကာင္း ပါလို႔လားရွင္၊ စဥ္းစားမရလို႔ပါ” ဆိုၿပီး မက္ေဆ့ေဘာက္စ္မွ သြားေျပာခဲ့ရာတြင္ ျပန္လည္ အေၾကာင္း မျပန္သျဖင့္

“ရန္တိုက္ေပး ျပန္ၿပီေတာ္ ဘယ့္ႏွယ္ မဆီမဆိုင္ သူမ်ားပံုေတြနဲ႔ပါ ယူၿပီးတင္ခ်ရတာတုန္း 😖 ကြၽန္မကို လူေတြသိကုန္ၿပီ 😂” ဆိုၿပီး

​ေရးထားေသာ စာႏွင့္ မသက္ဆိုင္ေသာ သူမ်ား၏ ပံုမ်ားႏွင့္ မဆီမဆိုင္တြဲတင္ကာ ခံထားရေၾကာင္း ေျပာၾကား လာခဲ့တာပဲ ျဖစ္ပါ တယ္ေနာ္။

ပရိသတ္ႀကီးေရ ပရိသတ္အခ်စ္ေတာ္ မင္းသမီးေလး ျမတ္သူသူကေတာ့ သူမ ေရးသားေသာ ပို႔စ္ရဲ့ဆိုလိုရင္းကို နားမလည္ဘဲ

အိမ္တြင္းေရး အရႈပ္အေထြးသမား တစ္ေယာက္ရဲ့ ပံုတြဲနဲ႔ တြဲတင္ခံရေသာေၾကာင့္ ရန္တိုက္ေပးခံရသလို ျဖစ္ေနေၾကာင္း ရင္ဖြင့္ ေျပာလာတာပဲျဖစ္ ပါတယ္ေနာ္။

ဆိုလိုရင္း အဓိပၸါယ္ကို ဖြင့္ဆိုတာ မွားသြားခဲ့လ်ွင္ မလိုလားအပ္ေသာ အေျခအေနမ်ားႏွင့္ ႀကံဳရႏိုင္ေသာေၾကာင့္ ေရးသားေျဖရွင္းလာ ခဲ့ရတဲ့

ျမတ္သူသူရဲ့ သေဘာထားကို အားလံုး နားလည္ေပးႏိုင္ ၾကမယ္ ထင္ပါတယ္ေနာ္။ အားလံုး အထင္မွားျခင္း အျမင္မွားျခင္းမ်ား ကင္းေဝးႏိုင္ၾကပါေစေသာဝ္။

(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီးရေ ပရိသတ်တွေအားလုံးချစ်ရတဲ့ သရုပ်ဆောင် မင်းသမီးချောလေး မြတ်သူသူ ကတော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခဲ့ဖူးသလို

ယခုအခါမှာလည်း ဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူးပြီး အောင်မြင်မှု ရရှိနေတဲ့ သရုပ်ဆောင်ပီပြင် ကောင်းမွန်သော မင်းသမီးလေး တစ်လက် ဖြစ်ပါတယ်နော်။

မြတ်သူသူဟာ ဆိုရင် ဒီနှစ်ပိုင်းထဲမှာ ဝိတ်တတ်လာသဖြင့် သူမကိုယ်တိုင် ဝိတ်ချနိုင်ခဲ့သော နည်းလမ်းလေးတွေကိုလည်း ပရိသတ်ကြီးတို့အား မျှဝေပေးနေသူလည်း ဖြစ်ပါတယ်။

မကြာမှီရက်ပိုင်းတွင်းက သူမ ရေးသားခဲ့သော ပို့စ်တစ်ခုနှင့် ပတ်သက်ပြီး မဆိုင်သောသူတစ်ယောက်ရဲ့ ပုံတွေနှင့်တွဲကာ အတင်ခံရသည်နှင့် ပတ်သက်ပြီး

မြတ်သူသူက မဆီမဆိုင်ဘဲ ရန်တိုက်ခံနေရကြောင်းကို ယခုမှာ ပြောလာခဲ့ပါတယ်။ မြတ်သူသူ တင်ခဲ့သော ပို့စ်မှာ “ခုတလော ဘယ်သူ့အတွက်မှ အကျိုးမရှိ မလိုအပ်တဲ့

အတင်းအဖျင်းသာသာ ခေါင်းစဉ်တွေနဲ့ ကိုယ့် Newfeed မှာ ပေါ်လာသမျှ Pageတွေ လူတွေ အကုန် Block/ Hide All လုပ်ပစ်ပါတယ်။ အရေးမပါတာတွေ အရာပေးရင်း

လူတွေရဲ့စိတ်ဝင်စားမှုခံရတာမှာ သာယာမိပြီး အမှားအမှန် မခွဲခြား လုပ်သင့် မလုပ်သင့် မခွဲခြားတော့ပဲ နာမည်သိ လူသိရင်ပြီးရော လုပ်လာတဲ့လုပ်ရပ်တွေကို

အားပေးမိနေမှန်းမသိပဲ အားပေးသလိုဖြစ်နေတာမျိုး မလုပ်နိုင်လို့ပါ လူသိလာရင် ဒီလောကထဲပဲ ဝင်လာကြဦးမယ်။ ပြီးရင် ဒီလောကက လူတွေက ဘယ်လိုဆိုပြီး

ဝါးလုံးရှည်နဲ့ သိမ်းရိုက် ခံကြရပါဦးမယ်၊ ခုကာလကရော တကယ်စိတ်ချမ်းသာစရာ ကောင်းနေလို့လား။ အားလုံးစိတ်ပင်ပန်းမှုတွေကို

ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားအားတင်း ထားကြတဲ့သူတွေ အားလုံးလိုလိုပါပဲ။ မနာလိုလည်း ဖြစ်စရာ မရှိပါဘူး။ ကိုယ်လည်း အချိန်အတိုင်းအတာ တခုထိ

အနုပညာ လုပ်ခဲ့ပြီးပါပြီ၊ တကယ်နေရာ ရသင့်တဲ့သူတွေ ဆိုရင်တော့ တမျိုးပေါ့လေ။ တကယ်သိက္ခာထိန်းပြီး ကြိုးစားခဲ့ရတဲ့ဘဝတူတွေကတော့ နေရာတွေ ခုထိပျောက်နေဆဲပဲ 😣” ဆိုပြီး

ရေးသားခဲ့တဲ့ ပို့စ်ကို ပေ့ချ်တချို့မှ ပြန်တင်ကြရာမှာတော့ ယခုလတ်တလော အိမ်တွင်းရေး အရှုပ်အရှင်း၊ အချစ်ရေး အရှုပ်အထွေးတွေနဲ့ အွန်လိုင်းထက်မှာ

ဂယက်ထကာ လူစိတ်ဝင်စားမှု များနေသော အေသင်ကို ဆိုသော အမျိုးသမီးတစ်ဦးရဲ့ ပုံတွေနဲ့ တွဲတင်ကာ ထိုအမျိုးသမီးအား မြတ်သူသူမှ ပြောဆိုနေဟန် ဖော်ပြနေကြတာနဲ့ ပတ်သက်ပြီး

သရုပ်ဆောင်မြတ်သူသူက ၄င်းပေ့ချ်အား သွားရောက်ကာ “Adminရေ ကျွန်မ မြတ်သူသူပါရှင်၊ မအေသင်ကိုနဲ့ မြတ်သူပုံနဲ့ တွဲတင်ထားတဲ့ ပို့စ်လေးက

မြတ်သူတခါမှ မသိလိုက်တာမို့ ပြန်ရှင်းပြပေးလို့ ရမလားရှင်။ မြတ်သူ ရေးထားတဲ့စာထဲမှာ မအေသင် နာမည်ပါသွားလား?

ရေးထားတဲ့ထဲမှာ သူ့အိမ်တွင်းရေး အကြောင်း ပါလို့လားရှင်၊ စဥ်းစားမရလို့ပါ” ဆိုပြီး မက်ဆေ့ဘောက်စ်မှ သွားပြောခဲ့ရာတွင် ပြန်လည် အကြောင်း မပြန်သဖြင့်

“ရန်တိုက်ပေး ပြန်ပြီတော် ဘယ့်နှယ် မဆီမဆိုင် သူများပုံတွေနဲ့ပါ ယူပြီးတင်ချရတာတုန်း 😖 ကျွန်မကို လူတွေသိကုန်ပြီ 😂” ဆိုပြီး

​ရေးထားသော စာနှင့် မသက်ဆိုင်သော သူများ၏ ပုံများနှင့် မဆီမဆိုင်တွဲတင်ကာ ခံထားရကြောင်း ပြောကြား လာခဲ့တာပဲ ဖြစ်ပါ တယ်နော်။

ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် မင်းသမီးလေး မြတ်သူသူကတော့ သူမ ရေးသားသော ပို့စ်ရဲ့ဆိုလိုရင်းကို နားမလည်ဘဲ

အိမ်တွင်းရေး အရှုပ်အထွေးသမား တစ်ယောက်ရဲ့ ပုံတွဲနဲ့ တွဲတင်ခံရသောကြောင့် ရန်တိုက်ပေးခံရသလို ဖြစ်နေကြောင်း ရင်ဖွင့် ပြောလာတာပဲဖြစ် ပါတယ်နော်။

ဆိုလိုရင်း အဓိပ္ပါယ်ကို ဖွင့်ဆိုတာ မှားသွားခဲ့လျှင် မလိုလားအပ်သော အခြေအနေများနှင့် ကြုံရနိုင်သောကြောင့် ရေးသားဖြေရှင်းလာ ခဲ့ရတဲ့

မြတ်သူသူရဲ့ သဘောထားကို အားလုံး နားလည်ပေးနိုင် ကြမယ် ထင်ပါတယ်နော်။ အားလုံး အထင်မှားခြင်း အမြင်မှားခြင်းများ ကင်းဝေးနိုင်ကြပါစေသောဝ်။