အိမ်အပြန်လမ်းမှာ ကားနဲ့ တမင် တိုက်ခံရ၍ ခါးရိုး ထိသွားတဲ့ ဂျူနီယာ ချစ်ကောင်း

(Zawgyiျဖင့္ ဖတ္ရန္)

မဂၤလာပါ ပရိသတ္ႀကီးေရ အဆိုေတာ္ႀကီး ခ်စ္ေကာင္း ဟာဆိုရင္ ပရိသတ္ေတြ မသိသူ မရိွေအာင္ပင္ ေက်ာ္ၾကားခဲ့ေသာ အဆိုေတာ္ႀကီးတစ္ၪီး ျဖစ္ပါတယ္ေနာ္။

ၪီးခ်စ္ေကာင္းဟာ စီဒီေခြေခတ္ မေရာက္ခင္ တိတ္ေခြ ကတ္ဆက္ေခတ္ထဲက ပရိသတ္ေတြရဲ့အားေပးမႈကို ရရိွပိုင္ဆိုင္ထားတဲ့ သူတစ္ၪီးျဖစ္ၿပီး

ၪီးခ်စ္ေကာင္းရဲ့ သီခ်င္းေကာင္း မ်ားစြာဟာလည္း ယခုခ်ိန္ထိတိုင္ေအာင္ မရိုးႏိုင္ေအာင္ ေခတ္မွီဆဲ ေက်ာ္ၾကားဆဲ ျဖစ္ပါ တယ္ေနာ္။

ႏိုင္ငံေက်ာ္အဆိုေတာ္ႀကီး ၪီးခ်စ္ေကာင္းရဲ့သမီးျဖစ္သူ အဆိုေတာ္အိမ့္ခ်စ္ ကေတာ့ ဆယ္ေက်ာ္သက္အရြယ္ထဲက ပရိသတ္ေတြ သိရိွခဲ့ၿပီး

ေနာက္ပိုင္းမွာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ အမ်ိဳးသမီးအဆိုေတာ္မေလး တစ္ၪီးအေနနဲ႔ ပရိသတ္ေတြအားေပး ဝန္းရံမႈကို ခံယူ သိမ္းပိုက္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။

ၪီးခ်စ္ေကာင္းရဲ့သားေလး ဂ်ူနီယာ ခ်စ္ေကာင္းဟာလည္း ယခု ေနာက္ပိုင္းႏွစ္ေတြ မွာမွ ဂီတေလာကထဲကို ဝင္ေရာက္လာခဲ့သည္ ဆိုေသာ္လည္း

ဖခင္ႀကီးၪီးခ်စ္ေကာင္းရဲ့ ေျခရာကို နင္းႏိုင္တဲ့သူ တစ္ေယာက္ျဖစ္ၿပီး ဂီတနယ္ပယ္မွာ ေအာင္ျမင္မႈေတြ စတင္လို႔ ရရိွလို႔ လာေနၿပီလည္း ျဖစ္ပါ တယ္။

ယခုရက္ပိုင္းမွာေတာ့ ဂ်ူနီယာခ်စ္ေကာင္းတစ္ေယာက္ ကားနဲ႔ အတိုက္ ခံရလို႔ ခါးဒဏ္ရာ ရခဲ့ေၾကာင္း ေျပာျပလာတာ ျဖစ္ပါတယ္။ဂ်ူနီယာ ခ်စ္ေကာင္းက

“ပြဲ တစ္ခုၿပီးလို႔ ညဘက္ အိမ္ျပန္လာခ်ိန္မွာ ကားခ်င္း ၿငိမလို ျဖစ္လို႔ လွမ္းဆင္းၿပီး ေမးလိုက္တာကို ကားနဲ႔ဝင္တိုက္ ခံရတယ္။

ကားနဲ႔ တံခါးၾကားမွာ ညပ္သြားၿပီး ၿမီးေညာင္းရိုးနဲ႔ ခါးထိ သြားတယ္။ အရိုးနည္းနည္း အက္သြားတာေၾကာင့္ ဆရာဝန္က တစ္လေလာက္ အနားယူ ခိုင္းထားတယ္”လို႔ ေျပာလာခဲ့ပါတယ္။

ဒါ့အျပင္ ဂ်ူနီယာ ခ်စ္ေကာင္းက လူငယ္ခ်င္း ျပႆနာတက္လို႔ သူတစ္ျပန္ ကိုယ္တစ္ျပန္ ျဖစ္ၾကတယ္ဆိုရင္ေတာ့ တမ်ိဳးေပါ့။ ခုဟာက တမင္ဝင္တိုက္တာကေတာ့ အဆင္မေျပဘူးေပါ့ဟု ဆိုလာခဲ့သလို

ထိုသို႔ဝင္တိုက္ခံရၿပီး ဘာမျွပန္မလုပ္ႏိုင္ေတာ့တဲ့ အခ်ိန္မွာ ထိုးႀကိ တ္တာခံခဲ့ရေၾကာင္း၊ အနီးအနားမွာ ရိွေသာ ကားသမားမ်ားႏွင့္ ဆိုကၠားဆရာႀကီးမ်ားမွ ဝင္ေရာက္ ေျပာဆိုတားျမစ္မွ

တစ္ဖက္လူက ရပ္သြားေၾကာင္း၊ ထိုသူႏွင့္အတူ ပါလာေသာ အမ်ိဳးသမီးမ်ားမွလည္း ဝင္ဆြဲခဲ့ေသာေၾကာင့္ ထိုအေျခအေန ၿပီးသြားခဲ့​ရၿပီး၊ ေနာက္ရက္တြင္ အိမ္သို႔လာကာ ေျဖရွင္းတာမ်ိဳး

ျပဳလုပ္လာေစရန္အတြက္ အခ်ိန္ေပးကာ ေစာင့္ခဲ့ေပမယ့္ ေပၚမလာခဲ့သျဖင့္ ေနာက္ရက္တြင္ စခန္းကို တိုင္လိုက္မွ ထိုသူမွအိမ္သို႔ ေရာက္ရိွလာကာ ေတာင္းပန္ခဲ့​တယ္လို႔ ဆိုပါတယ္။

ဂ်ူနီယာခ်စ္ေကာင္းတို႔ မိသားစုအေနနဲ႔ကေတာ့ ဂ်ူနီယာရဲ့ ၿမီးေၫွာင့္ရိုးနဲ႔ ခါး ထိခိုက္မိသြား ေပမယ့္ ေဆးရံုမွာ ေနေနရတဲ့အထိ ဆိုးရြားစြာ မျဖစ္ခဲ့တဲ့အတြက္

သြားရလာရ ထိုင္ရထရ အဆင္မေျပေပမယ့္ နားလည္မႈနဲ႔ပဲ ေက်ေအးခြင့္လႊတ္ ေပးခဲ့လိုက္ေၾကာင္း သိရပါတယ္။ ဂ်ူနီယာခ်စ္ေကာင္းမွလည္း သူ႔ရဲ့ျဖစ္စဥ္ကို သင္ခန္းစာ ယူၾကၿပီး

ယခုလိုအေျခအေန ကာလမွာ အခ်ိန္မေရြး တစ္စံုတစ္ခု ျဖစ္ႏိုင္တာမ်ိဳး ႀကံဳႏိုင္သျဖင့္ ညပိုင္းေတြမွာ အျပင္မထြက္ၾကဖို႔ ေစတနာျဖင့္ သတိထားႏိုင္ေအာင္ တိုက္တြန္း ေျပာၾကားလာခဲ့ပါတယ္ေနာ္။

ပရိသတ္ႀကီးတို႔အေနနဲ႔လည္း ေခတ္ကာလအေနအထား အရ အသြားအလာမ်ား ဂရုစိုက္ၾကပါလို႔ တိုက္တြန္းရင္း ေဘးဘယာ ေဝးကြာၾကေစဖို႔ ဆုေတာင္းေပးအပ္ပါသည္ေနာ္။

ပရိသတ္ႀကီးတို႔ကလည္း ဂ်ူနီယာခ်စ္ေကာင္း တစ္ေယာက္ အျမန္ဆံုး ျပန္လည္က်န္းမာကာ ခံစားေနရတာေတြ သက္သာပါေစေၾကာင္း ဆုေတာင္းေပးခဲ့ ၾကပါအံုးေနာ္။

(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီးရေ အဆိုတော်ကြီး ချစ်ကောင်း ဟာဆိုရင် ပရိသတ်တွေ မသိသူ မရှိအောင်ပင် ကျော်ကြားခဲ့သော အဆိုတော်ကြီးတစ်ဦး ဖြစ်ပါတယ်နော်။

ဦးချစ်ကောင်းဟာ စီဒီခွေခေတ် မရောက်ခင် တိတ်ခွေ ကတ်ဆက်ခေတ်ထဲက ပရိသတ်တွေရဲ့အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ဦးဖြစ်ပြီး

ဦးချစ်ကောင်းရဲ့ သီချင်းကောင်း များစွာဟာလည်း ယခုချိန်ထိတိုင်အောင် မရိုးနိုင်အောင် ခေတ်မှီဆဲ ကျော်ကြားဆဲ ဖြစ်ပါ တယ်နော်။

နိုင်ငံကျော်အဆိုတော်ကြီး ဦးချစ်ကောင်းရဲ့သမီးဖြစ်သူ အဆိုတော်အိမ့်ချစ် ကတော့ ဆယ်ကျော်သက်အရွယ်ထဲက ပရိသတ်တွေ သိရှိခဲ့ပြီး

နောက်ပိုင်းမှာ အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးအဆိုတော်မလေး တစ်ဦးအနေနဲ့ ပရိသတ်တွေအားပေး ဝန်းရံမှုကို ခံယူ သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဦးချစ်ကောင်းရဲ့သားလေး ဂျူနီယာ ချစ်ကောင်းဟာလည်း ယခု နောက်ပိုင်းနှစ်တွေ မှာမှ ဂီတလောကထဲကို ဝင်ရောက်လာခဲ့သည် ဆိုသော်လည်း

ဖခင်ကြီးဦးချစ်ကောင်းရဲ့ ခြေရာကို နင်းနိုင်တဲ့သူ တစ်ယောက်ဖြစ်ပြီး ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေ စတင်လို့ ရရှိလို့ လာနေပြီလည်း ဖြစ်ပါ တယ်။

ယခုရက်ပိုင်းမှာတော့ ဂျူနီယာချစ်ကောင်းတစ်ယောက် ကားနဲ့ အတိုက် ခံရလို့ ခါးဒဏ်ရာ ရခဲ့ကြောင်း ပြောပြလာတာ ဖြစ်ပါတယ်။ဂျူနီယာ ချစ်ကောင်းက

“ပွဲ တစ်ခုပြီးလို့ ညဘက် အိမ်ပြန်လာချိန်မှာ ကားချင်း ငြိမလို ဖြစ်လို့ လှမ်းဆင်းပြီး မေးလိုက်တာကို ကားနဲ့ဝင်တိုက် ခံရတယ်။

ကားနဲ့ တံခါးကြားမှာ ညပ်သွားပြီး မြီးညောင်းရိုးနဲ့ ခါးထိ သွားတယ်။ အရိုးနည်းနည်း အက်သွားတာကြောင့် ဆရာဝန်က တစ်လလောက် အနားယူ ခိုင်းထားတယ်”လို့ ပြောလာခဲ့ပါတယ်။

ဒါ့အပြင် ဂျူနီယာ ချစ်ကောင်းက လူငယ်ချင်း ပြဿနာတက်လို့ သူတစ်ပြန် ကိုယ်တစ်ပြန် ဖြစ်ကြတယ်ဆိုရင်တော့ တမျိုးပေါ့။ ခုဟာက တမင်ဝင်တိုက်တာကတော့ အဆင်မပြေဘူးပေါ့ဟု ဆိုလာခဲ့သလို

ထိုသို့ဝင်တိုက်ခံရပြီး ဘာမှပြန်မလုပ်နိုင်တော့တဲ့ အချိန်မှာ ထိုးကြိ တ်တာခံခဲ့ရကြောင်း၊ အနီးအနားမှာ ရှိသော ကားသမားများနှင့် ဆိုက္ကားဆရာကြီးများမှ ဝင်ရောက် ပြောဆိုတားမြစ်မှ

တစ်ဖက်လူက ရပ်သွားကြောင်း၊ ထိုသူနှင့်အတူ ပါလာသော အမျိုးသမီးများမှလည်း ဝင်ဆွဲခဲ့သောကြောင့် ထိုအခြေအနေ ပြီးသွားခဲ့​ရပြီး၊ နောက်ရက်တွင် အိမ်သို့လာကာ ဖြေရှင်းတာမျိုး

ပြုလုပ်လာစေရန်အတွက် အချိန်ပေးကာ စောင့်ခဲ့ပေမယ့် ပေါ်မလာခဲ့သဖြင့် နောက်ရက်တွင် စခန်းကို တိုင်လိုက်မှ ထိုသူမှအိမ်သို့ ရောက်ရှိလာကာ တောင်းပန်ခဲ့​တယ်လို့ ဆိုပါတယ်။

ဂျူနီယာချစ်ကောင်းတို့ မိသားစုအနေနဲ့ကတော့ ဂျူနီယာရဲ့ မြီးညှောင့်ရိုးနဲ့ ခါး ထိခိုက်မိသွား ပေမယ့် ဆေးရုံမှာ နေနေရတဲ့အထိ ဆိုးရွားစွာ မဖြစ်ခဲ့တဲ့အတွက်

သွားရလာရ ထိုင်ရထရ အဆင်မပြေပေမယ့် နားလည်မှုနဲ့ပဲ ကျေအေးခွင့်လွှတ် ပေးခဲ့လိုက်ကြောင်း သိရပါတယ်။ ဂျူနီယာချစ်ကောင်းမှလည်း သူ့ရဲ့ဖြစ်စဥ်ကို သင်ခန်းစာ ယူကြပြီး

ယခုလိုအခြေအနေ ကာလမှာ အချိန်မရွေး တစ်စုံတစ်ခု ဖြစ်နိုင်တာမျိုး ကြုံနိုင်သဖြင့် ညပိုင်းတွေမှာ အပြင်မထွက်ကြဖို့ စေတနာဖြင့် သတိထားနိုင်အောင် တိုက်တွန်း ပြောကြားလာခဲ့ပါတယ်နော်။

ပရိသတ်ကြီးတို့အနေနဲ့လည်း ခေတ်ကာလအနေအထား အရ အသွားအလာများ ဂရုစိုက်ကြပါလို့ တိုက်တွန်းရင်း ဘေးဘယာ ဝေးကွာကြစေဖို့ ဆုတောင်းပေးအပ်ပါသည်နော်။

ပရိသတ်ကြီးတို့ကလည်း ဂျူနီယာချစ်ကောင်း တစ်ယောက် အမြန်ဆုံး ပြန်လည်ကျန်းမာကာ ခံစားနေရတာတွေ သက်သာပါစေကြောင်း ဆုတောင်းပေးခဲ့ ကြပါအုံးနော်။