အရင်လို ပုံမှန်အသံတွေ မရှိတော့ကြောင်း ပရိသတ်အား ရင်ဖွင့်ပြောပြလာရင်း သူမ လိုအပ်နေသော ဆေးပင်လေးအား ညွှန်ပြပေးဖို့ အကူအညီ တောင်းလာခဲ့တဲ့ ကော်နီ

(Zawgyiျဖင့္ ဖတ္ရန္)

မဂၤလာပါ ပရိသတ္ႀကီးေရ အသံပါဝါအားေကာင္းေကာင္းနဲ႔ သီခ်င္းေကာင္းေတြကို သီဆိုေဖ်ာ္ေျဖေလ့ရိွေသာ စတူဒီယိုေတးသံရွင္ တစ္ေယာက္ျဖစ္တဲ့

ႏိုင္ငံေက်ာ္ အမ်ိဳးသမီးအဆိုေတာ ေကာ္နီကေတာ့ ဂီတသက္တမ္း ႏွစ္(၃၀) ေက်ာ္တိုင္လာသည္ ထိေအာင္ သူမရဲ့ ဂီတေလာကအေပၚ လႊမ္းမိုးႏိုင္မႈနဲ႔

ေအာင္ျမင္မႈ အရိွန္အဟုန္ေတြဟာ လံုးဝ က်ဆင္းသြားျခင္း မရိွတဲ့ အဆိုပညာရွင္ေကာင္း တစ္ေယာက္ပဲ ျဖစ္ပါတယ္ေနာ္။ အသက္ (၅၅) ႏွစ္အရြယ္နီးပါး ရိွေနၿပီျဖစ္တဲ့ ေကာ္နီဟာ

ကိုဗစ္ေၾကာင့္ေရာ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ေရာ သူမရဲ့ အႏုပညာအလုပ္ေတြကို ရပ္နားထားခဲ့တာဟာ ၂ႏွစ္ေက်ာ္ ၾကာလာခဲ့ၿပီပဲ ျဖစ္ပါတယ္။

ဒီကေန့ မွာေတာ့ အဆိုေတာ္ေကာ္နီက သူမရဲ့အသံနဲ႔ ပတ္သက္ၿပီး အရင္လိုအေျခအေန မဟုတ္ေတာ့တဲ့အေၾကာင္းကို အခုလိုပဲ ဖြင့္ဟကာ ေျပာလာ ခဲ့ပါတယ္။

ပရိသတ္အခ်စ္ေတာ္ ေကာ္နီက “ကိုဗစ္ႀကီး စျဖစ္ပါၿပီ ဆိုကတည္းက သီခ်င္းမဆိုျဖစ္ခဲ့တာ အခုေတာ့ ၂ႏွစ္ ေက်ာ္ ရိွေနခဲ့ၿပီေပါ့။ မဆိုဘူးဆိုတာထက္

ညည္းေတာင္ မညည္းမိေတာ့ တာမ်ိဳးပါ။ ငါသီခ်င္းဆိုလို႔မွ ရေသးရဲ့လားဆိုၿပီး သီခ်င္းေလး ဖြင့္ၿပီး လိုက္ေအာ္ ၾကၫ့္ေတာ့ အသံက ယိုင္ထိုးၿပီး လိုရာမေရာက္ပါဘူး။

အခုေတာ့ နည္းနည္း ျပန္ေလ့က်င့္ရေတာ့မယ့္ သေဘာရိွေနပါၿပီ 😰” ဆိုၿပီး ႏိုင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္ ျဖစ္ေပမယ့္ ခုလိုအေျခအေနကာလမွာ

သီဆိုေဖ်ာ္ေျဖမႈ လံုးဝ မျပဳဘဲ ရပ္နားထားတဲ့အျပင္ အိမ္မွာေနရင္းေတာင္ သီခ်င္းညည္းတာမ်ိဳးေတာင္ မရိွတဲ့အတြက္ အသံေတြဟာ ယိုင္ထိုးကာ အဆင္မေျပျဖစ္ေနေၾကာင္း ေျပာျပလာခဲ့ တာပါ။

ဒါ့အျပင္ ေကာ္နီ က “ေျပာခ်င္တာကေလ၊ အေမခ်ိဳ ၫႊန္တဲ့ ေဆးအိုးပုတ္အပင္ကို ပဉၥငါးပါးပါရေလေအာင္ အရြက္အရိုးအျမစ္ပါ ပါေအာင္ လိုခ်င္ပါတယ္။

ရခ်င္ပါတယ္ရွင္ ဘယ္မွာ မ်ားရႏိုင္ပါမလဲ၊ ကူညီၿပီး ၫႊန္ေပးၾကပါအုန္းေနာ္ ခ်စ္ခင္ရသူအေပါင္းတို႔ရွင္🙏🏻” ဆိုၿပီး ေဆးနည္းေလးအတိုင္း လုပ္ေဆာင္ႏိုင္ရန္

ေဆးအိုးပုတ္ပင္ေလးကိုလည္း ပဥၥငါးပါး စံုေအာင္ အျမစ္အပါ အပင္လိုက္ လိုခ်င္တဲ့အတြက္ ရႏိုင္မယ့္ေနရာေလးကို လမ္းၫႊန္ေပးဖို႔ ေတာင္းဆိုလာခဲ့ပါတယ္။

ပရိသတ္ႀကီးေရ ေကာ္နီကေတာ့ ေဖ်ာ္ေျဖသီဆိုမႈေတြ ရပ္နားထားရံု သာမက သီခ်င္းေတြကို အပ်င္းေျပေတာင္ ညည္းခ်င္စိတ္ မရိွခဲ့တာ ၂ႏွစ္ေက်ာ္ခဲ့ၿပီမို႔

အသံအားေတြ ေလ်ာ့ကာ အရင္ကလို အသံပါဝါေကာင္းေကာင္းနဲ႔ ေအာ္ကာ သီဆိုႏိုင္မႈေတြ မရိွေတာ့တာမို႔ ျပန္လည္ေလ့က်င့္မႈေလး ေတျြပဳလုပ္ကာ

အရင္ပံုစံ အသံမ်ိဳး ျပန္လည္ရရိွဖို႔ ႀကိဳးစားရေတာ့မယ့္ သေဘာျဖစ္ေနေၾကာင္း ခ်စ္ေသာပရိသတ္ႀကီးအား ဖြင့္ဟလို႔ ေျပာျပလာခဲ့ရင္း

သူမအတြက္ လိုအပ္ေနေသာ ေအးအိုးပုတ္ပင္ေလးအား ရရိွႏိုင္မယ့္ေနရာေလးကို ၫႊန္ျပေပးၾကဖို႔ ေတာင္းဆိုပန္ၾကား လာခဲ့တာပဲ ျဖစ့္ါတယ္။

ဖတ္ရႈ႔အားေပးေနၾကေသာ ပရိသတ္ႀကီးတို႔ထဲမွာ ေဆးအိုးပုတ္ပင္အား ရႏိုင္ေသာေနရာကို ၫႊန္ျပေပးႏိုင္သူမ်ား ပါရိွခဲ့မည္ဆိုလ်ွင္ အဆိုေတာ္ေကာ္နီ အတြက္ ေဖာ္ျပေပးခဲ့ ၾကပါအံုးေနာ္။

(Unicodeဖြင့် ဖတ်ရန်)

မင်္ဂလာပါ ပရိသတ်ကြီးရေ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းကောင်းတွေကို သီဆိုဖျော်ဖြေလေ့ရှိသော စတူဒီယိုတေးသံရှင် တစ်ယောက်ဖြစ်တဲ့

နိုင်ငံကျော် အမျိုးသမီးအဆိုတော ကော်နီကတော့ ဂီတသက်တမ်း နှစ်(၃၀) ကျော်တိုင်လာသည် ထိအောင် သူမရဲ့ ဂီတလောကအပေါ် လွှမ်းမိုးနိုင်မှုနဲ့

အောင်မြင်မှု အရှိန်အဟုန်တွေဟာ လုံးဝ ကျဆင်းသွားခြင်း မရှိတဲ့ အဆိုပညာရှင်ကောင်း တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ အသက် (၅၅) နှစ်အရွယ်နီးပါး ရှိနေပြီဖြစ်တဲ့ ကော်နီဟာ

ကိုဗစ်ကြောင့်ရော နိုင်ငံရေးအခြေအနေတွေကြောင့်ရော သူမရဲ့ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာဟာ ၂နှစ်ကျော် ကြာလာခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ အဆိုတော်ကော်နီက သူမရဲ့အသံနဲ့ ပတ်သက်ပြီး အရင်လိုအခြေအနေ မဟုတ်တော့တဲ့အကြောင်းကို အခုလိုပဲ ဖွင့်ဟကာ ပြောလာ ခဲ့ပါတယ်။

ပရိသတ်အချစ်တော် ကော်နီက “ကိုဗစ်ကြီး စဖြစ်ပါပြီ ဆိုကတည်းက သီချင်းမဆိုဖြစ်ခဲ့တာ အခုတော့ ၂နှစ် ကျော် ရှိနေခဲ့ပြီပေါ့။ မဆိုဘူးဆိုတာထက်

ညည်းတောင် မညည်းမိတော့ တာမျိုးပါ။ ငါသီချင်းဆိုလို့မှ ရသေးရဲ့လားဆိုပြီး သီချင်းလေး ဖွင့်ပြီး လိုက်အော် ကြည့်တော့ အသံက ယိုင်ထိုးပြီး လိုရာမရောက်ပါဘူး။

အခုတော့ နည်းနည်း ပြန်လေ့ကျင့်ရတော့မယ့် သဘောရှိနေပါပြီ 😰” ဆိုပြီး နိုင်ငံကျော် အဆိုတော်တစ်ယောက် ဖြစ်ပေမယ့် ခုလိုအခြေအနေကာလမှာ

သီဆိုဖျော်ဖြေမှု လုံးဝ မပြုဘဲ ရပ်နားထားတဲ့အပြင် အိမ်မှာနေရင်းတောင် သီချင်းညည်းတာမျိုးတောင် မရှိတဲ့အတွက် အသံတွေဟာ ယိုင်ထိုးကာ အဆင်မပြေဖြစ်နေကြောင်း ပြောပြလာခဲ့ တာပါ။

ဒါ့အပြင် ကော်နီ က “ပြောချင်တာကလေ၊ အမေချို ညွှန်တဲ့ ဆေးအိုးပုတ်အပင်ကို ပဉ္စငါးပါးပါရလေအောင် အရွက်အရိုးအမြစ်ပါ ပါအောင်
လိုချင်ပါတယ်။

ရချင်ပါတယ်ရှင် ဘယ်မှာ များရနိုင်ပါမလဲ၊ ကူညီပြီး ညွှန်ပေးကြပါအုန်းနော် ချစ်ခင်ရသူအပေါင်းတို့ရှင်🙏🏻” ဆိုပြီး ဆေးနည်းလေးအတိုင်း လုပ်ဆောင်နိုင်ရန်

ဆေးအိုးပုတ်ပင်လေးကိုလည်း ပဥ္စငါးပါး စုံအောင် အမြစ်အပါ အပင်လိုက် လိုချင်တဲ့အတွက် ရနိုင်မယ့်နေရာလေးကို လမ်းညွှန်ပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။

ပရိသတ်ကြီးရေ ကော်နီကတော့ ဖျော်ဖြေသီဆိုမှုတွေ ရပ်နားထားရုံ သာမက သီချင်းတွေကို အပျင်းပြေတောင် ညည်းချင်စိတ် မရှိခဲ့တာ ၂နှစ်ကျော်ခဲ့ပြီမို့

အသံအားတွေ လျော့ကာ အရင်ကလို အသံပါဝါကောင်းကောင်းနဲ့ အော်ကာ သီဆိုနိုင်မှုတွေ မရှိတော့တာမို့ ပြန်လည်လေ့ကျင့်မှုလေး တွေပြုလုပ်ကာ

အရင်ပုံစံ အသံမျိုး ပြန်လည်ရရှိဖို့ ကြိုးစားရတော့မယ့် သဘောဖြစ်နေကြောင်း ချစ်သောပရိသတ်ကြီးအား ဖွင့်ဟလို့ ပြောပြလာခဲ့ရင်း

သူမအတွက် လိုအပ်နေသော အေးအိုးပုတ်ပင်လေးအား ရရှိနိုင်မယ့်နေရာလေးကို ညွှန်ပြပေးကြဖို့ တောင်းဆိုပန်ကြား လာခဲ့တာပဲ ဖြစ့်ါတယ်။

ဖတ်ရှု့အားပေးနေကြသော ပရိသတ်ကြီးတို့ထဲမှာ ဆေးအိုးပုတ်ပင်အား ရနိုင်သောနေရာကို ညွှန်ပြပေးနိုင်သူများ ပါရှိခဲ့မည်ဆိုလျှင် အဆိုတော်ကော်နီ အတွက် ဖော်ပြပေးခဲ့ ကြပါအုံးနော်။