(၃၁)နှစ်ပြည့် မွေးနေ့ကုသိုလ်အဖြစ် သီလရှင်ဝတ်ကာ သာသနာ့ဘောင်သို့ ဝင်ရောက်သွားခဲ့တဲ့ နီနီခင်ဇော်

(Zawgyiဖြင့် ဖတ်ရန်)










(Unicodeဖြင့် ဖတ်ရန်)

အသက်(၃၁) နှစ်ပြည့်မွေးနေ့ အမှတ်တရကုသိုလ် အဖြစ် ဆရာလေး ထေရနန္ဒီ ဘွဲ့အမည်နဲ့ သီလရှင်ဝတ် ကုသိုလ်ယူခဲ့တဲ့ အဆိုတော် နီနီခင်ဇော်

မင်္ဂလာပါ ပရိသတ်ကြီး အဆိုတော် နီနီခင်ဇော်ကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေ တဆင့် လူသိများလာသူဖြစ်ပြီး သူမရဲ့အသံပါဝါ ကောင်းမွန်မှုနှင့်

အဆိုပိုင်းဆိုင်ရာ ကျွမ်းကျင်စွာဖြင့် အသံနှင့် လိုက်ဖက်သော သီချင်းကောင်းများစွာကို သီဆိုနိုင်ခဲ့မှု တို့ကြောင့် နိုင်ငံကျော် အမျိုးသမီးအဆိုတော် ဖြစ်လာတာ ပဲဖြစ်ပါတယ်နော်။

အဆိုတော် တစ်ယောက်လည်း ဖြစ်သလို ဆရာဝန်မလေး တစ်ယောက်လည်းဖြစ်တဲ့ ပရိသတ်အချစ်တော် အဆိုတော် နီနီခင်ဇော်က အလှူအတန်း ရက်ရောသူလေးတစ်ယောက်လည်းဖြစ်ပြီး

လိုအပ်နေသူများ အတွက်ကိုလည်း အမြဲစဉ်းစား ကူညီဖေးမ ပေးတတ်သူတစ်ယောက်လည်းပဲ ဖြစ်ပါတယ်။ ဘာသာရေးနဲ့ ကုသိုလ်ရေးကို အမြဲမပြတ်လုပ်ကိုင်လျက်ရှိတဲ့ နီနီဟာ

ဒီကနေ့ သူမရဲ့မွေးနေ့ရက်မြတ်လေး မှာလည်း မြင်သူတိုင်း ဝမ်းသာကြည်နူးရတဲ့ ကုသိုလ်ထူး တစ်ခုကို ပြုလုပ်ခဲ့တာ တွေ့ရပါတယ်နော်။ ယနေ့ သြဂုတ်လ ၃၁ရက်နေ့ကတော့

အဆိုတော်နီနီခင်ဇော်ရဲ့ မွေးနေ့လေးပဲဖြစ် ပါတယ်။ နီနီခင်ဇော်က သူမရဲ့မွေးနေ့မှာ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီး တစ်ယောက်အနေနဲ့ သာသနာ့ဘောင်သို့ ဝင်ရောက်ကာ သီလရှင်ဝတ် ကုသိုလ်ယူ ခဲ့တာပဲဖြစ်ပါတယ်။

နီနီခင်ဇော်ရဲ့သီလရှင် ဘွဲ့အမည်ကတော့ ဆရာလေး ထေရနန္ဒီ ဖြစ်တယ်လို့ သိရပါတယ်နော်။ ပရိသတ်ကြီးရေ ပရိသတ် အချစ်တော် အဆိုတော်မလေး နီနီခင်ဇော်ကတော့

မွေးနေ့မှာ သီလရှင်ဝတ်ကာ ကုသိုလ်ထူး ကုသိုလ်မြတ်တွေ ပြုလုပ်ရင်း အကျိုးရှိရှိ ဖြတ်သန်းနေခဲ့တာမို့ ဝမ်းမြောက်ကြည်နူးစွာဖြင့် သာဓုခေါ်ဆို ခဲ့ကြပါအုံးနော်။