လူတိုင်း မြင်ဖူးပြီးသားဖြစ်တဲ့ သမီးကြီး မြမိုးဂင်္ဂါရဲ့ မျက်နှာကို အခုချိန်ကျမှ မဖော်ပြဘဲ ဖုံးကွယ်ထားရတဲ့ အကြောင်းအရင်းကို ဖြေရှင်း ပြောပြလာတဲ့ ချမ်းချမ်း

(Zawgyiျဖင့္ ဖတ္ရန္)

သူမရိွရာ အီတလီႏိုင္ငံကို ေရာက္ရိွေနၿပီျဖစ္တဲ့ သမီးႀကီးျမမိုးဂဂၤါရဲ့ပံုေတြကို လ်ိႈ႔ဝွက္ထားရတဲ့အေၾကာင္းအရင္ကို ​ရွင္းျပလာတဲ့ ေမေမခ်မ္းခ်မ္း

မဂၤလာပါ ပရိသတ္ႀကီးေရ အဆိုေတာ္ ခ်မ္းခ်မ္းကေတာ့ တခ်ိန္က နာမည္ႀကီးအဆိုၿပိဳင္ပြဲႀကီး ျဖစ္တဲ့ Melody World သီခ်င္းဆို ၿပိဳင္ပြဲကေနတဆင့္ ေအာင္ျမင္လာၿပီး

ခ်ိဳသာၿပီး ေအးျမၾကည္လင္ေသာ အသံနဲ႔ ပရိသတ္ေတြကို ဖမ္းစားႏိုင္ခဲ့ကာ ႏိုင္ငံေက်ာ္ အမ်ိဳးသမီး အဆိုေတာ္ တစ္ၪီး ျဖစ္လာခဲ့သူပါေနာ္ ။ ခ်မ္းခ်မ္းဟာ

အခုကာလမွာေတာ့ သူမရဲ့ ဒုတိယေျမာက္သမီးေလး နဲ႔အတူ ခင္ပြန္းျဖစ္သူရဲ့ေမြးရပ္ေျမ အီတလီႏိုင္ငံမွာ အေျခခ် ေနထိုင္ေန တာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ က်န္ရိွေနခဲ့တဲ့

သူမရဲ့သမီးႀကီး ျမမိုးဂဂၤါကိုလည္း အီတလီႏိုင္ငံသို႔ အခက္အခဲ မ်ားစြာ ေက်ာ္ျဖတ္ကာ ေခၚထားႏိုင္ၿပီျဖစ္ၿပီး မိသားစုေလး စည္းစည္းလံုးလံုးနဲ႔ ေနထိုင္ေနတာ လည္းပဲျဖစ္ပါတယ္။

ခ်မ္းခ်မ္းကေတာ့ သမီးႀကီးဂဂၤါ သူမရိွရာ အီတလီႏိုင္ငံသို႔ေရာက္ရိွ ေနၿပီ ျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကားထား ေသာ္လည္း ျမမိုးဂဂၤါေလးရဲ့ ပံုရိပ္ေတြကိုေတာ့

အတိအလင္း မေဖာ္ျပေသးဘဲ အရိပ္အႁမြက္မ်ွသာ ျပကာ လ်ိႈ႔ဝွက္ထားတဲ့ အတြက္ သူမရဲ့ပို႔စ္ေအာက္မွာ ပရိသတ္ တစ္ေယာက္က “နားမလည္လို႔ပါ၊

ကေလးက ႏိုင္ငံေရးပတ္သက္သူလည္း မဟုတ္၊ ျပည္ပလည္း ေရာက္ေနၿပီ အဲ့တာကိုလည္း မိဘက အတူရိွေနၿပီလို႔ ေျပာၿပီးၿပီ။ အရင္ကလည္း ကေလးပံုကို လူတိုင္းျမင္ဖူးတယ္

ကေလးကို ကယ္လာတာ မွန္တယ္ထား အခုလြတ္လာၿပီ။ တရားဥပေဒကာကြယ္ေပးတဲ့ ႏိုင္ငံေရာက္တာေတာင္ ဘာလို႔မျပလဲ စဥ္းစားလို႔ မရ ဝါးထားလည္း ရတယ္ေလ။

အေနာက္ပံု ဘာညာ ကေလးရုပ္ကအထူးအဆန္း မဟုတ္၊ လူတိုင္းျမင္ဖူးၿပီးသားရုပ္ကို” ဆိုၿပီး ေဝဖန္ ေမးျမန္း ေျပာဆိုလာခဲ့ရာမွာ ခ်မ္းခ်မ္း က“ေအာ္ ေမာင္ေလးေရ ေတာ္ေတာ္ ေျပာရခက္ပါလားေနာ္

က်န္ခဲ့သူေတြ ကူညီသူေတြကို မသနားဘူးလား။ ကေလးဘယ္လိုေရာက္ေအာင္ လာရလဲဆိုတာ ဘယ္လို လုပ္ခဲ့ရလဲဆိုတာ အကို သိလား?

မသိဘဲ အတင္း လံုၿခံဳတဲ့ ႏိုင္ငံေရာက္ေနတာကို ဆိုၿပီး မျပလို႔ေျပာေနတာ။ ေအာ္ ဒီလို အေျခအေနအထိ ကေလးကို ဖံုးထားရတာ သူတို႔မွာ အေျခေနတခု ရိွမွာပဲေလ ဆိုတာ

ေတြးၾကည့္ ေပးပါလားေနာ္။ မလိုသူေတြ သတင္းသိထားလို႔ မဖြခင္ ဒုကၡမေပးခင္ ကိုယ့္ဘက္က အရင္ျပင္ဆင္ၿပီး အခုလို တင္ထားတာပါ။” ဆိုၿပီး ျပန္လည္ေျဖရွင္း ေျပာၾကားလာတာပဲ ျဖစ္ပါတယ္။

သမီးႀကီးပံုေလး မေတြ့ဘူးေနာ္ သမီးႀကီးကို ေတြ့ခ်င္တယ္ဆိုၿပီး ေျပာေနၾကသူမ်ားအားလည္း ပရိသတ္တခ်ိဳ႕က အခုလို တုန္႔ျပန္ ထားတာကိုလည္း ေတြ့ရပါတယ္။

သမီးႀကီးအား ေတြ့ခ်င္လို႔ေမးေနသူမ်ားအား ပရိသတ္မ်ားမွ “အားေနခ်မ္းခ်မ္းသမီးႀကီးပံုပဲ ျမင္ခ်င္ေနၾကတာ ဆိုေတာ့ေလ။ မသိရင္ ခ်မ္းခ်မ္းသမီးႀကီးကို

တစ္ခါမွ မေတြ့ဖူး မျမင္ဖူးၾကသလိုလိုနဲ႔။ သူမ်ား personalကို သူဘာသာသူ ထုတ္ျပလာတဲ့အခါ ၾကည့္လိုက္ၾကေပါ့။ နားကိုမလည္ႏိုင္တာ

ဘာလို႔အဲေလာက္ေတာင္ ေတြ့ခ်င္ျမင္ခ်င္ေနၾကမွန္း။ စပ္စုတာ ေတာ္ရံုပဲ ေကာင္းတယ္။” လို႔ဆိုလာသသလို “သမီးႀကီးသမီးႀကီး သမီးႀကီးနဲ႔ အဲ့ေလာက္ထိ ျမင္ခ်င္ရင္

ပံုေဟာင္းေတြကို သြားၾကည့္ၾကပါ့လို႔။ သမီးႀကီးကိုေခၚလာေပးတဲ့ လူေတြရဲ့လံုၿခံဳေရးအတြက္ အခ်ိန္တခုထိျပလို႔ မရေသးဘူးလို႔ မခ်မ္းေျပာထား တယ္ေလ။”ဆိုၿပီး ဝင္ေရာက္ေျဖရွင္းေပးထားတာကို ေတြ့ရပါတယ္။

ပရိသတ္ႀကီးေရ ခ်မ္းခ်မ္းက သမီးေလးျမမိုးဂဂၤါကို အီတလီႏိုင္ငံထိေရာက္ေအာင္ ေခၚေဆာင္ ပိုေပးလာခဲ့တဲ့ ကူညီေပးခဲ့သူေတြ အတြက္ ငဲ့ၫွာေသာအားျဖင့္

သမီးႀကီးရဲ့ပံုကို မေဖာ္ျပရတာ ျဖစ္ေၾကာင္း နားလည္ေပးဖို႔ သင့္ေၾကာင္း ရွင္းလင္း ေျပာျပလာတာပဲျဖစ္ ပါတယ္။ တခ်ိဳ႕ေသာအရာေတြက

အေျခအေန အခ်ိန္အခါအရ လုပ္သင့္ လုပ္ထိုက္လို႔ လုပ္ရတာ ရိွသလို၊ ဖံုးသင့္လို႔ ဖံုးထားရတာမ်ိဳးေတြလည္း ရိွတတ္တဲ့အတြက္ ခ်မ္းခ်မ္းအေနနဲ႔လည္း လိုအပ္လို႔

သမီးႀကီးရဲ့ လက္ရိွပံုရိပ္ေတြ ပ်ံ့မသြားေအာင္ လ်ိႈ႔ဝွက္ထားရတာကို ပရိသတ္ႀကီးတို႔ အေနနဲ႔လည္း နားလည္ စာနာေပးႏိုင္ၾကမယ္ ထင္ပါတယ္ေနာ္။

(Unicodeဖြင့် ဖတ်ရန်)

သူမရှိရာ အီတလီနိုင်ငံကို ရောက်ရှိနေပြီဖြစ်တဲ့ သမီးကြီးမြမိုးဂင်္ဂါရဲ့ပုံတွေကို လျှို့ဝှက်ထားရတဲ့အကြောင်းအရင်ကို ​ရှင်းပြလာတဲ့ မေမေချမ်းချမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်းကတော့ တချိန်က နာမည်ကြီးအဆိုပြိုင်ပွဲကြီး ဖြစ်တဲ့ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် အောင်မြင်လာပြီး

ချိုသာပြီး အေးမြကြည်လင်သော အသံနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ကာ နိုင်ငံကျော် အမျိုးသမီး အဆိုတော် တစ်ဦး ဖြစ်လာခဲ့သူပါနော် ။ ချမ်းချမ်းဟာ

အခုကာလမှာတော့ သူမရဲ့ ဒုတိယမြောက်သမီးလေး နဲ့အတူ ခင်ပွန်းဖြစ်သူရဲ့မွေးရပ်မြေ အီတလီနိုင်ငံမှာ အခြေချ နေထိုင်နေ တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ကျန်ရှိနေခဲ့တဲ့

သူမရဲ့သမီးကြီး မြမိုးဂင်္ဂါကိုလည်း အီတလီနိုင်ငံသို့ အခက်အခဲ များစွာ ကျော်ဖြတ်ကာ ခေါ်ထားနိုင်ပြီဖြစ်ပြီး မိသားစုလေး စည်းစည်းလုံးလုံးနဲ့ နေထိုင်နေတာ လည်းပဲဖြစ်ပါတယ်။

ချမ်းချမ်းကတော့ သမီးကြီးဂင်္ဂါ သူမရှိရာ အီတလီနိုင်ငံသို့ရောက်ရှိ နေပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားထား သော်လည်း မြမိုးဂင်္ဂါလေးရဲ့ ပုံရိပ်တွေကိုတော့

အတိအလင်း မဖော်ပြသေးဘဲ အရိပ်အမြွက်မျှသာ ပြကာ လျှို့ဝှက်ထားတဲ့ အတွက် သူမရဲ့ပို့စ်အောက်မှာ ပရိသတ် တစ်ယောက်က “နားမလည်လို့ပါ၊

ကလေးက နိုင်ငံရေးပတ်သက်သူလည်း မဟုတ်၊ ပြည်ပလည်း ရောက်နေပြီ အဲ့တာကိုလည်း မိဘက အတူရှိနေပြီလို့ ပြောပြီးပြီ။ အရင်ကလည်း ကလေးပုံကို လူတိုင်းမြင်ဖူးတယ်

ကလေးကို ကယ်လာတာ မှန်တယ်ထား အခုလွတ်လာပြီ။ တရားဥပဒေကာကွယ်ပေးတဲ့ နိုင်ငံရောက်တာတောင် ဘာလို့မပြလဲ စဥ်းစားလို့ မရ ဝါးထားလည်း ရတယ်လေ။

အနောက်ပုံ ဘာညာ ကလေးရုပ်ကအထူးအဆန်း မဟုတ်၊ လူတိုင်းမြင်ဖူးပြီးသားရုပ်ကို” ဆိုပြီး ဝေဖန် မေးမြန်း ပြောဆိုလာခဲ့ရာမှာ ချမ်းချမ်း က“အော် မောင်လေးရေ တော်တော် ပြောရခက်ပါလားနော်

ကျန်ခဲ့သူတွေ ကူညီသူတွေကို မသနားဘူးလား။ ကလေးဘယ်လိုရောက်အောင် လာရလဲဆိုတာ ဘယ်လို လုပ်ခဲ့ရလဲဆိုတာ အကို သိလား?

မသိဘဲ အတင်း လုံခြုံတဲ့ နိုင်ငံရောက်နေတာကို ဆိုပြီး မပြလို့ပြောနေတာ။ အော် ဒီလို အခြေအနေအထိ ကလေးကို ဖုံးထားရတာ သူတို့မှာ အခြေနေတခု ရှိမှာပဲလေ ဆိုတာ

တွေးကြည့် ပေးပါလားနော်။ မလိုသူတွေ သတင်းသိထားလို့ မဖွခင် ဒုက္ခမပေးခင် ကိုယ့်ဘက်က အရင်ပြင်ဆင်ပြီး အခုလို တင်ထားတာပါ။” ဆိုပြီး ပြန်လည်ဖြေရှင်း ပြောကြားလာတာပဲ ဖြစ်ပါတယ်။

သမီးကြီးပုံလေး မတွေ့ဘူးနော် သမီးကြီးကို တွေ့ချင်တယ်ဆိုပြီး ပြောနေကြသူများအားလည်း ပရိသတ်တချို့က အခုလို တုန့်ပြန် ထားတာကိုလည်း တွေ့ရပါတယ်။

သမီးကြီးအား တွေ့ချင်လို့မေးနေသူများအား ပရိသတ်များမှ “အားနေချမ်းချမ်းသမီးကြီးပုံပဲ မြင်ချင်နေကြတာ ဆိုတော့လေ။ မသိရင် ချမ်းချမ်းသမီးကြီးကို

တစ်ခါမှ မတွေ့ဖူး မမြင်ဖူးကြသလိုလိုနဲ့။ သူများ personalကို သူဘာသာသူ ထုတ်ပြလာတဲ့အခါ ကြည့်လိုက်ကြပေါ့။ နားကိုမလည်နိုင်တာ

ဘာလို့အဲလောက်တောင် တွေ့ချင်မြင်ချင်နေကြမှန်း။ စပ်စုတာ တော်ရုံပဲ ကောင်းတယ်။” လို့ဆိုလာသသလို “သမီးကြီးသမီးကြီး သမီးကြီးနဲ့ အဲ့လောက်ထိ မြင်ချင်ရင်

ပုံဟောင်းတွေကို သွားကြည့်ကြပါ့လို့။ သမီးကြီးကိုခေါ်လာပေးတဲ့ လူတွေရဲ့လုံခြုံရေးအတွက် အချိန်တခုထိပြလို့ မရသေးဘူးလို့ မချမ်းပြောထား တယ်လေ။”ဆိုပြီး ဝင်ရောက်ဖြေရှင်းပေးထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ချမ်းချမ်းက သမီးလေးမြမိုးဂင်္ဂါကို အီတလီနိုင်ငံထိရောက်အောင် ခေါ်ဆောင် ပိုပေးလာခဲ့တဲ့ ကူညီပေးခဲ့သူတွေ အတွက် ငဲ့ညှာသောအားဖြင့်

သမီးကြီးရဲ့ပုံကို မဖော်ပြရတာ ဖြစ်ကြောင်း နားလည်ပေးဖို့ သင့်ကြောင်း ရှင်းလင်း ပြောပြလာတာပဲဖြစ် ပါတယ်။ တချို့သောအရာတွေက

အခြေအနေ အချိန်အခါအရ လုပ်သင့် လုပ်ထိုက်လို့ လုပ်ရတာ ရှိသလို၊ ဖုံးသင့်လို့ ဖုံးထားရတာမျိုးတွေလည်း ရှိတတ်တဲ့အတွက် ချမ်းချမ်းအနေနဲ့လည်း လိုအပ်လို့

သမီးကြီးရဲ့ လက်ရှိပုံရိပ်တွေ ပျံ့မသွားအောင် လျှို့ဝှက်ထားရတာကို ပရိသတ်ကြီးတို့ အနေနဲ့လည်း နားလည် စာနာပေးနိုင်ကြမယ် ထင်ပါတယ်နော်။